ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် အတာသင်္ကြန်ပွဲ ပျော်ရွှင်စွာဆင်နွှဲနေမှု တက်ရောက်အားပေး

 

နေပြည်တော်   ဧပြီ   ၁၅


ယနေ့   သင်္ကြန်အကြတ်နေ့တွင်    နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်းရှိ    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အတာသင်္ကြန်ရေကစားမဏ္ဍပ်သို့ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ လာရောက်၍ အေးချမ်းပျော်ရွှင်စွာဖြင့် ရေကစားလျက်ရှိသည်။

 


ထိုသို့ အတာသင်္ကြန်ပွဲ ပျော်ရွှင်စွာဆင်နွှဲနေမှုကို  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊    ဝန်ကြီးဌာနမှ အကြီးအကဲများ နှင့် ဇနီးများ၊ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်း တွင် လာရောက်အားပေး ပါဝင်ဆင်နွှဲကြသည်။

 


အဆိုပါမဏ္ဍပ်တွင်  ဝန်ကြီးဌာန ယိမ်းအဖွဲ့များ သည် သင်္ကြန်တေးသီချင်းများနှင့် ယိမ်းအကအလှ များဖြင့်   ပျော်ရွှင်စွာ   ဖျော်ဖြေတင်ဆက်ကြပြီး လာရောက်ကြသည့် ဧည့်ပရိသတ်များကို စတုဒိသာ မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်