ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဂုဏ်ပြုညစာစားပွဲကျင်းပရေး ဆပ်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

နေပြည်တော်   ဩဂုတ်   ၂၉
(၂၄) ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊    အရေး၊   အတီးပြိုင်ပွဲ   ကျင်းပရေးဦးစီး ကော်မတီအဖွဲ့ဝင်    ဟိုတယ်နှင့်     ခရီးသွားလာရေး ဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ သက်သက်ခိုင်သည် ယနေ့မွန်းလွဲပိုင်းတွင်  ဝန်ကြီး ဌာန  နီလာခန်းမ၌ ကျင်းပသော (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဧည့်ခံကျွေးမွေးရေး၊  ကြိုဆိုနေရာချထားရေး နှင့်    ဂုဏ်ပြုညစာစားပွဲကျင်းပရေး   ဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်း      ညှိနှိုင်းအစည်းအဝေးသို့  တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန          ဒုတိယဝန်ကြီး          ဦးဖြိုးဇော်စိုး၊ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင် များ တက်ရောက်ကြသည်။
ဦးစွာ   ပြည်ထောင်စုဝန်ကြီးက    မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှစတင်၍ ၂၀၁၆ ခုနှစ်အထိ ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ အကြောင်းအမျိုးမျိုး ကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၂ ခုနှစ်မှစတင်၍ စည်ကားသိုက်မြိုက်စွာ     ပြန်လည်ကျင်းပနိုင်ခဲ့ ကြောင်း၊   ယခုနှစ်   (၂၄)    ကြိမ်မြောက်တွင်    ပိုမို ကောင်းမွန်အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဧည့်ခံကျွေးမွေးရေးအနေဖြင့်  အစား အသောက်များ    လုံလောက်မှုရှိစေရေး၊    သန့်ရှင်း လတ်ဆတ်ပြီး ဘေးအန္တရာယ်ကင်းစွာ  ကျွေးမွေးနိုင် ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးများကိုပါ ထည့်သွင်း စဉ်းစားလုပ်ဆောင်ကြရမည်         ဖြစ်ကြောင်း၊ ဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်         ညှိနှိုင်းဆွေးနွေးပြီး လုပ်ငန်းကော်မတီနှင့် ဦးစီးကော်မတီတို့ထံ တင်ပြဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်   ဧည့်ခံကျွေးမွေးရေး၊   ကြိုဆိုနေရာ ချထားရေးနှင့်             ဂုဏ်ပြုညစာစားပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊  ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆပ်ကော်မတီ ၏    လုပ်ငန်းတာဝန်များ၊    အကောင်အထည်ဖော် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ဧည့်ခံကျွေးမွေးရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး၍ တက်ရောက်လာ သည့်  ဆပ်ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍ အလိုက်ဆွေးနွေးတင်ပြကြပြီး      ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။                                          သတင်းစဉ်