ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ICRC မှ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် အာရှ - ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

 

နေပြည်တော်   မတ်   ၉


ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး       ဒေါက်တာ သက်ခိုင်ဝင်းသည်  ယနေ့နံနက်ပိုင်းတွင်   The  International Committee of the Red Cross (ICRC)  မှ   လုပ်ငန်းလည်ပတ်မှုဆိုင်ရာ  ညွှန်ကြား ရေးမှူး  (Director of Operations)  Mr. Martin Schuepp ၊  အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး Ms. Christine Cipolla ၊ ICRC Resident    Representative  ,   Ms. Elean  Ajmone  Sessera ကိုယ်စားလှယ်အဖွဲ့ကို     ယနေ့    နံနက်ပိုင်းတွင်      ကျန်းမာရေးဝန်ကြီးဌာန၏   ဧည့်ခန်းမ၌  လက်ခံ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ICRC မှ လက်ရှိ  ပူးပေါင်းဆောင် ရွက်မှု  အခြေအနေများနှင့် ရှေ့ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့်    ကိစ္စရပ်များ၊    မြန်မာနိုင်ငံ အတွင်း   ဆောင်ရွက်နေသည့်   လူသားချင်းစာနာ ထောက်ထားမှု   အကူအညီများအား  အမှန်တကယ်  အကူအညီ လိုအပ်သည့်သူများထံသို့ ရောက်ရှိစေ ရေး  ကိစ္စရပ်များ၊  ICRC  ၏  ဝန်ထမ်းရေးရာနှင့်      ဘဏ္ဍာငွေ    ထုတ်ယူသုံးစွဲမှုကို    ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။ 

 


တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊  ညွှန်ကြားရေးမှူးချုပ်    (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ်  (ပြည်သူ့ကျန်းမာရေးဦးစီး ဌာန)၊  ညွှန်ကြားရေးမှူးချုပ်  (ကုသရေးဦးစီးဌာန)  နှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်