ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း အား UNICEF မှ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Alessandra Dentice၊ ဒေသဆိုင်ရာကျန်းမာရေးနှင့်အာဟာရကျွမ်းကျင်ပညာရှင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

 

နေပြည်တော်   မေ   ၂၅
ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး     ဒေါက်တာသက်ခိုင်ဝင်းသည်   United Nations Children Fund (UNICEF)မှ  မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေ  ကိုယ်စားလှယ်   Ms. Alessandra Dentice ၊  ဒေသဆိုင်ရာကျန်းမာရေးနှင့်အာဟာရ ကျွမ်းကျင်ပညာရှင်များ     ပါဝင်သော    ကိုယ်စားလှယ် အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင်  ကျန်းမာရေးဝန်ကြီး ဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်     မိုခါမုန်တိုင်းသင့်ဒေသများတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများအား UNICEF အဖွဲ့ မှ  ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊  နိုင်ငံတစ်ဝန်း   ကာကွယ်ဆေး   လွှမ်းခြုံမှုတိုးမြှင့်နိုင်ရေး အမီလိုက်   ကာကွယ်ဆေးထိုးလုပ်ငန်းများ   အပါအဝင်    ပုံမှန် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန် မြှင့်   ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊   ကလေးငယ် များ    အာဟာရဖွံ့ဖြိုးရေးအတွက်  ကျောင်းတွင်း အာဟာရကျွေးမွေးရေးအစီအစဉ်များ     အပါအဝင် အာဟာရဖွံ့ဖြိုးမှု    မြှင့်တင်ရေးလုပ်ငန်းများဆောင် ရွက်နိုင်ရေးကိစ္စရပ်များ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် UNICEF  တို့အကြား   ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ     ပိုမို အားကောင်းစေရေးကိစ္စရပ်များ ဆွေးနွေးကြသည်။ 
တွေ့ဆုံပွဲသို့   ကျန်းမာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်  (ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
သတင်းစဉ်