
နေပြည်တော် ဇွန် ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည် နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သို့ ရောက်ရှိပြီး ဆီဆိုင်မြို့ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှု၊ ယာယီစျေးဖွင့်လှစ် ရောင်းချနေမှု၊ ဆီဆိုင်မြို့ အထက် တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင် စွာ ပညာသင်ကြားနေမှု၊ ဆီဆိုင် မြို့ ပြည်သူ့ဆေးရုံ ပြုပြင်ဆောင် ရွက်နေမှုများကို လိုက်လံကြည့်ရှု ပြီး ဆီဆိုင်မြို့ ဇဝနရာမ ကျောင်းတိုက်သို့ သွားရောက်ကာ ဆီဆိုင်မြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ပြန်လည်ရောက်ရှိ နေထိုင်လျက်ရှိ ကြသော ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့သော တစ်လစာဆန်ရိက္ခာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ထောက်ပံ့သော ကယ်ဆယ်ရေး ပစ္စည်းများ၊ ငါးသေတ္တာဘူးနှင့် ခေါက်ဆွဲခြောက်များ၊ သေဆုံးသူ နှင့် ဒဏ်ရာရသူများအတွက် ထောက်ပံ့ကြေးငွေများ၊ ကိုယ်ဝန် ဆောင်မိခင်နှင့် အသက် သုံးနှစ် အထိ ကလေးငယ်များ၊ အသက် ၇၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ မသန်စွမ်းသူများ စသည့်ထိခိုက် လွယ်အုပ်စုများအတွက် ထောက်ပံ့ ငွေ စုစုပေါင်းငွေကျပ် ၂၉၂၃ ဒသမ ၄ သိန်းတန်ဖိုးရှိ ငွေနှင့် ပစ္စည်း များကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဆီဆိုင်မြို့နယ် အတွင်း တာဝန်ထမ်းဆောင်နေ သော ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်၊ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား မိသားစုများ အတွက် ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ငါးသေတ္တာ အစရှိသည့် စားသောက်ကုန်များ၊ ထိခိုက် ပျက်စီးခဲ့သော မဲနယ်တောင်တန်း ဒေသကျေးရွာများ လျှပ်စစ်မီးရရှိ ရေး၊ ဆီဆိုင်မြို့ ရေပေးဝေရေး လုပ်ငန်းများ၊ ယာယီစျေးပြန်လည် တည်ဆောက်ရန်နှင့် ထိခိုက် ပျက်စီးခဲ့သော လူနေအိမ်များ ပြုပြင်ရန်အတွက် ပြည်နယ်အစိုးရ အဖွဲ့၏ ထောက်ပံ့ငွေကျပ် ၇၀၅၅ ဒသမ ၅၈ သိန်းတို့ကို တာဝန်ရှိသူ များနှင့် ဘေးသင့်ပြည်သူများသို့ ပေးအပ်ထောက်ပံ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး က ဆီဆိုင်မြို့ပေါ်ရပ်ကွက်များ နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ပျက်စီးသွားသော လူနေအိမ် ၆၃၇ လုံး ပြုပြင်ရန်အတွက် ပျက်စီးမှုအပေါ်မူတည်ကာ အုပ်စု ခွဲခြား၍ နယ်စပ်ရေးရာဝန်ကြီး ဌာနက ပထမအကြိမ် ကနဦး ထောက်ပံ့ငွေကျပ်သိန်း ၄၆၀၊ ဒုတိယအကြိမ် ထောက်ပံ့ငွေကျပ် ၃၉၆၁ သိန်း စုစုပေါင်းငွေကျပ် ၄၄၂၁ သိန်းကို ဒေသဦးစီးအဖွဲ့နှင့် တာဝန်ရှိသူများသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်သည်။
တွေ့ဆုံပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့ သည် ပြန်လည်ဝင်ရောက်နေထိုင် သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားကြပြီး လိုအပ်သည်များ မေးမြန်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်