
နေပြည်တော် ဩဂုတ် ၁၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နယ်မြေ အတွင်းရှိ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်)၊ နေပြည် တော်ဗဟိုစာတိုက်ကြီး၊ သတင်းအချက်အလက် နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းဒေတာစင်တာနှင့် မိုဘိုင်း ဆက်သွယ်ရေးအိတ်ချိန်း၊ မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးနှင့် စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ(နေပြည်တော်)တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ဗဟိုစာတိုက်ကြီးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
ယင်းနောက် မြန်မာ့စာတိုက်လုပ်ငန်းပြခန်း၊ နေပြည်တော်ဗဟိုစာတိုက်ကြီး ကောင်တာ၊ စာ/ပါဆယ်များ လုံခြုံရေးစစ်ဆေးနေသော X-Ray စက်ခန်းနှင့် စာတိုက်သေတ္တာထားရှိသည့်နေရာများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် သတင်းအချက်အလက် နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ ရောက်ရှိရာ ရုံးချုပ်အစည်းအဝေးခန်းမ၌ e-Government ဌာန ညွှန်ကြားရေးမှူးက e-Government Data Center လုပ်ငန်းများဆောင်ရွက်မှု၊ ဝန်ဆောင်မှုပေးနေသည့် အခြေအနေနှင့် ဆောင်ရွက်ဆဲစီမံကိန်းများဖြစ်သော e-Government integrated Data Center တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများ တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဖြည့်စွက်မှာကြား
ဆက်လက်၍ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာန ညွှန်ကြားရေးမှူးက အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၏ လုပ်ငန်းများကို သုံးသပ် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတင်း အချက်အလက် နည်းပညာခေတ်တွင် ဆိုက်ဘာလုံခြုံ ရေးသည် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် အထူးဂရုစိုက်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျပြုစု ပျိုးထောင်ရန်နှင့် နိုင်ငံတကာစံနှုန်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်တို့နှင့် ကိုက်ညီမည့် ဥပဒေ၊ စည်းမျဉ်းများ၊ မူဝါဒများ စနစ်တကျ ချမှတ်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ထို့နောက် သတင်းအချက်အလက် နည်းပညာ နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အဆောက်အအုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ ဒေတာစင်တာနှင့် မိုဘိုင်း ဆက်သွယ်ရေးအိတ်ချိန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဒေသအလိုက် Mobile Team များ ဖွဲ့စည်း၍ အချိန်နှင့်တစ်ပြေးညီ ပြုပြင်နိုင်ရေး စီမံ ဆောင်ရွက်ထားရှိရန်နှင့် လုံခြုံရေးကိစ္စကို အထူး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် နေပြည်တော်ဘူတာကြီးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ အထွေထွေ မန်နေဂျာ(မြို့ပြ)က နေပြည်တော်ဘူတာတွင် သရုပ်ပြစက်ခေါင်းများထားရှိမည့် အဆိုပြုပုံစံများ၊ မီးရထားပြတိုက် တည်ဆောက်မည့် အဆိုပြုနေရာ များ၊ နေပြည်တော်ဘူတာနှင့် မလွှကုန်းဘူတာတို့တွင် မီးရထားပြတိုက် တည်ဆောက်ရန် ဒီဇိုင်းရေးဆွဲ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထားပြတိုက် တည်ဆောက်မည့် အဆိုပြု မြေနေရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်