
နေပြည်တော် ဇွန် ၂၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယမန်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်း မြို့ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းနေရာ၊ ဗိုလ်မြတ် ထွန်းတံတားရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာ၊ ဟင်္သာတမြို့နယ် ဖောင်ဆိပ်ရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာနှင့် ဟင်္သာတဘူတာတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ညောင် တုန်းမြို့ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းနေရာသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ်က နှစ်အလိုက် ဘဏ္ဍာငွေရရှိမှု အပေါ်မူတည်၍ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များ မှာကြားကာ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် နံနက် ၈ နာရီတွင် ဗိုလ်မြတ်ထွန်းတံတား ရေလမ်းကောင်းမွန်ရေး လုပ်ငန်းနေရာသို့ ရောက်ရှိ ရာ တာဝန်ရှိသူများက ၂၀၀၂ ခုနှစ်မှ စတင်၍ ဗိုလ်မြတ်ထွန်းတံတား ရေလမ်းကြောင်းကောင်းမွန် ရေးနှင့် တံတားကမ်းထိန်းလုပ်ငန်းများဆောင်ရွက် ခဲ့ရမှုများနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း ညောင်တုန်းတံတားအောက် ရေလမ်း ကောင်းမွန်ရေး လုပ်ငန်းဆောင်ရွက်ထားမှု အခြေ အနေကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာ ဧရာဝတီမြစ် ကမ်းထိန်းလုပ်ငန်းနေရာသို့ရောက်ရှိပြီး ရှင်းလင်း ဆောင်၌ တာဝန်ရှိသူက မြစ်အတွင်း သောင်တူးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရေလမ်းကြောင်း ကောင်းမွန်ရေး ဖြတ်မြောင်းတူးဖော်မည့် အစီအမံ များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတဘူတာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းရေ ကြောင်း ပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်း ပို့ဆောင်ရေး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်း များနှင့် တွေ့ဆုံသည်။
မှာကြား
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီး ဌာနသည် ပြည်သူများ၏ သွားလာမှုအဆင်ပြေ စေရေးနှင့် နိုင်ငံအခွန်ဘဏ္ဍာရရှိရေးတို့ကို ဆောင်ရွက်ပေးနေရသည့် အဖွဲ့အစည်းများဖြစ်၍ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစွာဖြင့် မိမိလုပ်ငန်းတာဝန်များ အောင်မြင်အောင် အကောင် အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ဌာနအကြီးအကဲ များအနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ်ချက် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ပြီး ဌာနများမှ အရာထမ်း၊ အမှုထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဟင်္သာတဘူတာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်