
နေပြည်တော် ဇွန် ၂၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဇွန် ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းနေရာ၊ ဗိုလ်မြတ်ထွန်းတံတား ရေလမ်းကောင်းမွန်ရေးလုပ်ငန်းနေရာ၊ ဟင်္သာတမြို့နယ် ဖောင်ဆိပ်ရေလမ်း ကောင်းမွန်ရေးလုပ်ငန်းနေရာနှင့် ဟင်္သာတဘူတာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း နေရာသို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်က နှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သိလိုသည်များကို မေးမြန်း၍ လိုအပ်သည် များ မှာကြားကာ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် နံနက် ၈ နာရီတွင် ဗိုလ်မြတ်ထွန်းတံတား ရေလမ်းကောင်းမွန်ရေးလုပ်ငန်းနေရာသို့ ရောက်ရှိ ရာ တာဝန်ရှိသူများက ၂၀၀၂ ခုနှစ်မှစတင်၍ ဗိုလ်မြတ်ထွန်းတံတားရေလမ်းကြောင်း ကောင်းမွန် ရေးနှင့် တံတားကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ရမှုများနှင့် ဆက်လက်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ မှာကြားကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ညောင်တုန်းတံတားအောက်ရေလမ်း ကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်ထားမှုအခြေ အနေကို ကြည့်ရှုစစ်ဆေးသည်။
လိုအပ်သည်များ မှာကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ် ဖောင်ဆိပ်ကျေးရွာ ဧရာဝတီမြစ် ကမ်းထိန်းလုပ်ငန်းနေရာသို့ ရောက်ရှိပြီး ရှင်းလင်း ဆောင်၌ တာဝန်ရှိသူက မြစ်အတွင်းသောင်တူးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ရေလမ်းကြောင်းကောင်းမွန် ရေး ဖြတ်မြောင်းတူးဖော်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သိလို သည်များကို မေးမြန်း၍ လိုအပ်သည်များ မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတဘူတာတွင် ဝန်ကြီးဌာနလက်အောက်ရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်း ပို့ဆောင်ရေး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စာတိုက်လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်း များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန သည် ပြည်သူများ၏ သွားလာမှုအဆင်ပြေစေရေး နှင့် နိုင်ငံအခွန်ဘဏ္ဍာရရှိရေးတို့ကို ဆောင်ရွက်ပေး နေရသည့် အဖွဲ့အစည်းများဖြစ်၍ လုပ်ငန်းစွမ်းဆောင် ရည်တိုးတက်မြင့်မားစွာဖြင့် မိမိလုပ်ငန်းတာဝန်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် ကြရန်နှင့် ဌာနအကြီးအကဲများအနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ်ချက်၊ အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ပြီး ဌာန များမှ အရာထမ်း၊ အမှုထမ်းများအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ဟင်္သာတဘူတာ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်