ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ITU Digital World 2021 သို့ ပါဝင်တက်ရောက် မြို့ပြသာမက ကျေးလက်ပါမကျန် အိုင်စီတီနည်းပညာများ ကျွမ်းကျင်သက်သာစွာ သုံးစွဲရရှိနိုင်ရေးဆွေးနွေး


 

နေပြည်တော်   အောက်တိုဘာ    ၁၂


အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ချုပ်  (ITU)  နှင့်   ဗီယက်နမ်နိုင်ငံ   ပြန်ကြားရေးနှင့်  ဆက်သွယ်ရေးဝန်ကြီးဌာနတို့က  ကြီးမှူး၍  စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သော “ITU Digital World 2021” အစီအစဉ်များအတွင်း ယနေ့တွင် ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့်  စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပါဝင်တက်ရောက် ဆွေးနွေးသည်။ (အပေါ်ပုံ)
စားပွဲဝိုင်းဆွေးနွေးပွဲ   အခမ်းအနားတွင်  ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာနဝန်ကြီးနှင့် အိုင်တီယူအထွေထွေ အတွင်းရေးမှူးချုပ်တို့က အဖွင့်အမှာစကား များ  ပြောကြားကြပြီး ဗီယက်နမ်နိုင်ငံ ဝန်ကြီး ချုပ်က မိန့်ခွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး   တင်အောင်စန်း  အပါအဝင်   ဦးဆောင် ဆွေးနွေးသူ (၁၁) ဦးက  “Cutting the cost: Can affordable access accelerate digital  transformation”   ခေါင်းစဉ်ဖြင့်    တီထွင် ဆန်းသစ်သည့် မူဝါဒများနှင့် စည်းမျဉ်းဥပဒေ ဆိုင်ရာ အစီအမံများ၊ လက်တွေ့ဆောင်ရွက် ရာတွင်  ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်သင့်သည့် နည်းလမ်းများကို  မျှဝေဆွေးနွေးကြသည်။ 
ပြည်ထောင်စုဝန်ကြီးက      ဆွေးနွေး ပြောကြားရာတွင် အားလုံးပါဝင်သော၊ ပြည်သူ ဗဟိုပြုသည့် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်း ရေး   အောင်မြင်စေရေးအတွက်    အခြေခံ အဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှု၊ အားလုံးပါဝင် နိုင်မှုနှင့်     တီထွင်ဆန်းသစ်မှုတို့    ရှိစေရန် သင့်တင့်မျှတသော ဈေးနှုန်းသည် အရေးကြီး ကြောင်း၊ အိုင်စီတီ အခြေခံအဆောက်အဦ များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံ များတွင်  လျော့ကျလာသည်ကို   တွေ့ရှိရပါ ကြောင်း၊   အခြားတစ်ဖက်တွင်လည်း   အထူး သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အွန်လိုင်းအသုံးပြုမှု များပြား လာသည့်အတွက် Bandwidth အသုံးပြုမှုနှင့် သုံးစွဲမှုလိုအပ်ချက်   ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ သုံးစွဲမှုလိုအပ်ချက် မြင့်မား လာမှုသည် အခြေခံဆက်သွယ်ရေး  လိုအပ် ချက်      ဖြည့်ဆည်းရေး   ဆောင်ရွက်ရာတွင် အခက်အခဲများ     ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားသည်။
ထို့ပြင် အိုင်စီတီ အခြေခံအဆောက်အဦ အတွက် တာဝန်ရှိသောဝန်ကြီးဌာနများ အနေ ဖြင့် ကုန်ကျစရိတ်လျှော့ချနိုင်ရေးနှင့် အခြေခံ အဆောက်အဦတွင်  စဉ်ဆက်မပြတ် ရင်းနှီး  မြှုပ်နှံမှုများ        ဆောင်ရွက်နိုင်ရေးအတွက် သင့်လျော်သောမူဝါဒများ   ချမှတ်နိုင်ရေးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ အိုင်စီတီ အခြေခံအဆောက်အဦများကို မျှဝေသုံးစွဲခြင်း၊ ထိရောက်သော လှိုင်းနှုန်းစဉ် အသုံးပြုမှုဖြစ်စေ ရေးနှင့်   မိမိတို့၏    အခြေခံဆက်သွယ်ရေး  လိုအပ်ချက်ဖြည့်ဆည်းရေး မဟာဗျူဟာများ ပြန်လည်ဆန်းစစ်နိုင်ရေးတို့အတွက် မူဝါဒများ ထားရှိဆောင်ရွက်ရန်       လိုအပ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် အခြေခံ အဆောက်အဦ မျှဝေ သုံးစွဲခြင်းအတွက် ဥပဒေပြဋ္ဌာန်းထားပြီး ဆက်သွယ်ရေး   အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းအတွက်      နေရာဒေသ အလိုက်     သင့်လျော်သော    ဈေးနှုန်းများ သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့ပြတွင် သာမက        ကျေးလက်ဒေသများပါမကျန် အိုင်စီတီ    နည်းပညာများကို    ကျွမ်းကျင် သက်သာစွာ သုံးစွဲရရှိနိုင်ရေး ဆောင်ရွက်ပေး နိုင်ရန်အတွက်     ဆက်သွယ်ရေး   အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာ ဗျူဟာကိုလည်း   ချမှတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ Social Media များကို ကျင့်ဝတ် သိက္ခာမရှိဘဲ အကျိုးမဲ့စွာ သုံးစွဲနေမှုများကြောင့်  ထိခိုက်မှုများကို   ကုစားနိုင်ရေး  နည်းလမ်း ရှာဖွေသွားရန်    လိုအပ်ကြောင်း     ဆွေးနွေး ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) အဖွဲ့ဝင် နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊  စည်းမျဉ်းဥပဒေဆိုင်ရာ   အာဏာပိုင်   အဖွဲ့ အစည်း အကြီးအကဲများ၊ မိတ်ဖက်အဖွဲ့အစည်း များမှ    ကိုယ်စားလှယ်များ၊    နိုင်ငံတကာ ဆက်သွယ်ရေး    ကုမ္ပဏီများမှ    အမှုဆောင် အရာရှိချုပ်များ တက်ရောက်ကြပြီး မြန်မာ နိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
ITU Digital World  သည် အပြည်ပြည် ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ချုပ်က ၁၉၇၁ ခုနှစ်  မှစ၍    နှစ်စဉ်ကျင်းပခဲ့သော   အခမ်းအနား တစ်ခုဖြစ်ပြီး ယခုကျင်းပသည့် အခမ်းအနား သည် နှစ် (၅၀) မြောက် ကျင်းပသော အခမ်း အနားဖြစ်ကြောင်း သိရသည်။      သတင်းစဉ်