ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော် ဇွန် ၂၄ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၂ ရက်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံက ဦးစီးကျင်းပသည့် (၁၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်း အဝေး (16th ADMM) သို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများ၊ ကာကွယ်ရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်တို့နှင့်အတူ တက်ရောက်ကြသည်။ စတင်ဖွင့်လှစ် အစည်းအဝေး မစတင်မီ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများနှင့် အာဆီယံ ဒုတိယအတွင်းရေးမှူး ချုပ်တို့သည် အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘော ဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တီးဘန်း (General Tea Banh) က အဖွင့်အမှာစကား ပြောကြား၍ အစည်းအဝေးကို စတင်ဖွင့်လှစ်သည်။ ထို့နောက် အစည်းအဝေး အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုတင်သွင်းသည့် သဘော ထားအမြင်စာတမ်းများ ဖြစ်သည့် နယ်စပ်ဖြတ်ကျော် ကမ္ဘာ့ ကပ် ရောဂါထိန်းချုပ်ရေးတွင် အာဆီယံ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်မှုဆိုင်ရာ သဘောထားအမြင် စာတမ်း၊ အာဆီယံငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ အမျိုးသမီးတပ်ဖွဲ့ဝင် များအတွက် ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ် မြှင့်တင်ခြင်းဆိုင်ရာ သဘောထားအမြင် စာတမ်းနှင့် အာဆီယံ ကာကွယ်ရေးဆိုင်ရာ ပညာရေးကျောင်းများ၏ ပူးပေါင်း ဆောင်ရွက်မှု ထူထောင်ခြင်းဆိုင်ရာ သဘောထားအမြင် စာတမ်းနှင့် စင်ကာပူနိုင်ငံမှ အဆိုပြုတင်သွင်း သည့် အာဆီယံကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး အောက်ရှိ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် ဗဟိုဌာန ဆိုင်ရာ ရည်ညွှန်းကိုးကားစာစောင် များကို သဘောတူအတည်ပြုကြ သည်။ ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ မှ အဆိုပြုတင်သွင်းသည့် အရှေ့ တောင် အာရှပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုရေးနှင့် အာဆီယံ အပေါင်း ကာကွယ်ရေးဝန်ကြီးများ ၏ ပင်လယ်ရေကြောင်း လုံခြုံရေး နယ်ပယ်တို့အကြား သတင်း အချက်အလက်မျှဝေမှု မြှင့်တင် ရေးဆိုင်ရာ ဆွေးနွေးမှုစာတမ်းနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်း ရေးကို တိုးမြှင့်ရန် စစ်သမိုင်းကို ပုံဖော်ဆောင်ရွက်မှုပြုခြင်း ဆွေးနွေးမှု စာတမ်းတို့ကိုလည်း အသိအမှတ်ပြုကြသည်။ ထို့နောက် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီး များက ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုတင်သွင်းသည့် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်ထူထောင် ရေးကို အထောက်အကူပြုသည့် ကာကွယ်ရေးကဏ္ဍ၏ အခန်း ကဏ္ဍဆိုင်ရာ ဖနောင်ပင်အမြင် အား အတည်ပြုခြင်းနှင့် ဟန်ချက်ညီ လုံခြုံရေးအတွက် ပေါင်းစည်းညီညွတ်မှု ခိုင်မာစေ မည့် ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ၏ ပူးတွဲ ထုတ်ပြန်ကြေညာချက်ကို အတည် ပြုထုတ်ပြန်ခဲ့ကြပြီး အစည်း အဝေးကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့ကြသည်။ အစည်းအဝေး အပြီးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်အား ဖနောင်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် သွားရောက်တွေ့ဆုံ ဂါဝရပြုကြသည်။ ထို့နောက် ဆက်စပ်အစည်း အဝေးများအနေဖြင့် အာဆီယံ-ဂျပန် ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေး၊ အာဆီယံ-တရုတ် ကာကွယ်ရေး ဝန်ကြီးများ အလွတ်သဘော ရုပ်သံ အစည်းအဝေးများကို ဆက်လက်ကျင်းပပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖုန်းဟေ (We Fenghe)၊ ဂျပန်နိုင်ငံကာကွယ် ရေးဝန်ကြီး ကီရှိနိုဘူ (KISHI Nobuo)၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ ကာကွယ်ရေးဝန်ကြီးများ နှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့ တက်ရောက်ကြသည်။ အစည်းအဝေးများ တက် ရောက်ပြီးနောက် ပြည်ထောင်စု ဝန်ကြီးသည် ဇွန် ၂၃ ရက် နံနက် ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးသို့ သွားရောက် ၍ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ မိသားစုဝင်များ၊ ကမ္ဘောဒီးယား နိုင်ငံတွင် ခမာဘာသာစကား သင်တန်း တက်ရောက်နေသည့် မြန်မာ သင်တန်းသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။ ပြန်လည်ရောက်ရှိ ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယား နိုင်ငံ ဖနောင်ပင်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရာ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် သူရလှမင်းနှင့် ကမ္ဘောဒီးယား နိုင်ငံမှ တာဝန်ရှိသူများက လိုက်ပါ ပို့ဆောင် နှုတ်ဆက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ည ၈ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြသည်။ အဆိုပါ (၁၆) ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီး များ အစည်းအဝေးသို့ တက်ရောက် ၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပါဝင်ဆွေးနွေး ခဲ့ရာတွင် မြန်မာနိုင်ငံနှင့် တပ်မတော်၏ သဘောထားရပ် တည်မှုနှင့် အကောင်အထည်ဖော် နေမှုများ၊ အာဆီယံဒေသတွင်း ကာကွယ်ရေးဆိုင်ရာ လုပ်ငန်း ဖော်ဆောင်မှုကိစ္စရပ်များ၊ ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုနှင့် ရပ်တည်မှုကို ဖော်ပြ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အမြင်များကို ပူးပေါင်းဖလှယ်ခွင့်နှင့် ဆွေးနွေး ခွင့်များရရှိစေပြီး အခြားအာဆီယံ နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု များ တိုးမြှင့်ဖော်ဆောင်နိုင်ခြင်းတို့ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်