ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဘရူနိုင်းဒါရူဆလမ်နိုင်ငံတွင် ကျင်းပသည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊    ကာကွယ်ရေးဝန်ကြီး ဌာန        ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင် ၍   နိုင်ငံတကာရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင် ဝင်းနှင့်   တာဝန်ရှိသူများသည်  ယနေ့နံနက်ပိုင်းတွင်   အာဆီယံ အလှည့်ကျဥက္ကဋ္ဌ   ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံက ဦးစီးကျင်းပသည့် အာဆီယံကာကွယ်ရေး   ဝန်ကြီး များ သီးသန့်အစည်းအဝေး (AD-MM Retreat) နှင့် ဆက်စပ်အစည်း အဝေးများဖြစ်သည့်  အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီး များ    အလွတ်သဘောအစည်း အဝေး၊ အာဆီယံ-ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးများ အလွတ် သဘော  အစည်းအဝေးများသို့ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရုံး အစည်းအဝေးခန်းမမှ  ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်             ပါဝင် တက်ရောက်ကြသည်။

 


ပါဝင်တက်ရောက်


အာဆီယံကာကွယ်ရေးဝန်ကြီး များ   သီးသန့်အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်    နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ ဒုတိယ ကာကွယ်ရေးဝန်ကြီးများ၊   ကာ ကွယ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများနှင့်   အာဆီယံအတွင်း ရေးမှူးချုပ်တို့ ပါဝင်တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံ နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီး များက “ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကာလအတွင်း ပေါ်ပေါက် လာနေသော ဒေသတွင်းလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများနှင့် ADMM ၏ အနာဂတ်ဦးစားပေး ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များ”  နှင့် စပ်လျဉ်း၍ နိုင်ငံအလိုက် အမြင် သဘောထားများအား    ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

 


နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်


ထို့အပြင် အာဆီယံ-ကိုရီးယား ကာကွယ်ရေးဝန်ကြီးများ အလွတ် သဘော       အစည်းအဝေးနှင့် အာဆီယံ-ဩစတြေးလျ ကာကွယ် ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးများ    တွင်လည်း အာဆီယံနိုင်ငံများနှင့်      ၎င်းနိုင်ငံ တို့အကြား ကာကွယ်ရေးနှင့်လုံခြုံ ရေးဆိုင်ရာ    နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍   ကာကွယ်ရေးဝန်ကြီး များအကြား   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 


လွှဲပြောင်းပေးအပ်


အစည်းအဝေးများအပြီးတွင် ၂၀၂၁   ခုနှစ်အတွက်   အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များတွင် အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့်    ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ     ကာကွယ်ရေး ဝန်ကြီး(၂)  The Honorable PE-HIN DATU LAILARAJA MAJOR GENERAL (RETIRED)   DATO PADUKA   SERI   HAJI  AWANG HALBI BIN HAJI MD YUSSOF က ၂၀၂၂ ခုနှစ်အတွက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များတွင် အလှည့်ကျဥက္ကဋ္ဌ တာဝန် ထမ်းဆောင်မည့်    ကမ္ဘောဒီးယား နိုင်ငံ ကာကွယ်ရေးဝန်ကြီး  GE-NERAL TEA BANH ထံသို့ ဥက္ကဋ္ဌ တာဝန်နှင့်      အထိမ်းအမှတ် ပစ္စည်းများ    လွှဲပြောင်းပေးအပ် ခဲ့သည်။  

         
သတင်းစဉ်