ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ အမျိုးသားတရားစီရင်ရေးအကယ်ဒမီတို့အကြား ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ “တရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအစီအစဉ်”သို့ တတိယအကြိမ်အဖြစ် သင်တန်းသား ၄၀ စေလွှတ်

 

နေပြည်တော်   ဧပြီ   ၁၅


အိန္ဒိယနိုင်ငံ   မတ်ဒရာပရာဒက်ရှ် ပြည်နယ် ဘိုပါးမြို့ရှိ အမျိုးသား တရားစီရင်ရေးအကယ်ဒမီ (Na-tional Judicial Academy-NJA) တွင် ဧပြီ  ၁၇ ရက် မှ ၂၀ ရက် အထိ    တတိယအကြိမ်မြောက် အဖြစ် ဖွင့်လှစ်မည့် “တရားသူကြီး များနှင့်    တရားရေးအရာရှိများ အတွက် စွမ်းဆောင်ရည်မြှင့်တင် မှုသင်တန်းအစီအစဉ်” သို့   တက် ရောက်ရန်   ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ   လက်ထောက် အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ   ညွှန်ကြားရေးမှူးများ၊ လက်ထောက်  ညွှန်ကြားရေးမှူး များ၊ ဦးစီးအရာရှိများနှင့် တရားရုံး အဆင့်ဆင့်ရှိ      ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် တရားသူကြီးများ၊ တရားရေးအရာရှိများ ပါဝင်သည့် သင်တန်းသား ၄၀ သည်  ယနေ့ နံနက် ၁၁ နာရီ  မိနစ်  ၂၀  တွင် ရန်ကုန်      အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာ သွားသည်။

 


သင်တန်းသားများသည် အဆို ပါ သင်တန်း၌ အိန္ဒိယနိုင်ငံ ဖွဲ့စည်း ပုံအခြေခံဥပဒေ၊    အိန္ဒိယနိုင်ငံ တရားစီရင်ရေးစနစ်၊     တရား သူကြီးကျင့်ဝတ်၊     စီရင်ချက် ရေးသားခြင်း၊ တရားရုံးစီမံခန့်ခွဲ မှု၊  သက်သေခံဥပဒေ၊  တရားရုံး နည်းပညာ၊ တရားမနှင့် ရာဇဝတ် ဥပဒေများ၊  ဥပဒေရေးရာ   ဆေး ပညာ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမမှုစစ်ဆေးခြင်း၊   အခြား နည်းလမ်းဖြင့်     အငြင်းပွားမှု ဖြေရှင်းခြင်းတို့ကို လေ့လာသင်ယူ ခွင့်ရရှိကြမည့်အပြင် လေ့လာရေး ခရီးအဖြစ် အိန္ဒိယနိုင်ငံ ဘိုပါးမြို့ရှိ ယဉ်ကျေးမှုပြတိုက်၊  တိုင်းရင်းသား များပြတိုက်၊    လှေလှော်အသင်း နှင့် ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုထိုးတော် ကြီး  တည်ရှိရာနေရာ   ဘိုပါး၊ ဆန်းချီမြို့သို့     လည်းကောင်း သွားရောက် လေ့လာခွင့်ရရှိမည် ဖြစ်သည်။

 


အဆိုပါ သင်တန်းအစီအစဉ် သည် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးနှင့် အိန္ဒိယနိုင်ငံ အမျိုးသား တရားစီရင်ရေး   အကယ်ဒမီတို့ အကြား    ၂၀၁၈   ခုနှစ်တွင် လက်မှတ်     ရေးထိုးထားသည့် မြန်မာနိုင်ငံမှ   တရားသူကြီးများ နှင့်    တရားရေးအရာရှိများအား အိန္ဒိယနိုင်ငံသို့     စေလွှတ်၍ သင်တန်းပေးခြင်းနှင့် စွမ်းဆောင် ရည် မြှင့်တင်ခြင်းဆိုင်ရာနားလည် မှု    စာချွန်လွှာအရ   စေလွှတ်ခြင်း ဖြစ်ပြီး၊   ယခု   တတိယအကြိမ် မြောက်    သင်တန်း   အပါအဝင်  စုစုပေါင်း     သင်တန်းသား     ၁၂၀   စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း     သိရ သည်။


သတင်းစဉ်