ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး “(၁၂) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ်” သို့ အွန်လိုင်းဖြင့် တက်ရောက်

 

နေပြည်တော်   အောက်တိုဘာ    ၅


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  တရားလွှတ်တော်ချုပ်မှ  ကြီးမှူး၍ (၁၂) ကြိမ်မြောက် အာရှ - ပစိဖိတ်ဆိုင်ရာ နိုင်ငံတကာဥပဒေဖိုရမ်  (The  12th  International Legal Forum of the Asia-Pacific Region)ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး က နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော် ချုပ်မှ ပါဝင်တက်ရောက်သည်။


ဖိုရမ်တွင်   အိမ်ရှင်အဖြစ်  လက်ခံကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ     တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်        ဦးသာဌေးက တက်ရောက်လာကြသည့်  အာရှနှင့်  ပစိဖိတ်ဒေသ နိုင်ငံများမှ  တရားသူကြီးချုပ်များ၊  ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့်အတူ    အဖွင့်အမှာစကား ပြောကြားသည်။


နိုင်ငံတကာဥပဒေဖိုရမ်ကို     နိုင်ငံဖြတ်ကျော်  ဥပဒေရေးရာ ဆက်သွယ်မှုများနှင့် အမျိုးသား တရား  မျှတမှုနှင့်   လူမှုဘဝဖူလုံသည့်   နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများ အကာ အကွယ်ပေးခြင်းနှင့် တရားရေးလက်တွေ့ ကျင့်သုံးမှု တွင် အကျိုးစီးပွားများကို ချိန်ညှိခြင်း စသည့်  အပိုင်း နှစ်ပိုင်းဖြင့် ကျင်းပခြင်းဖြစ်သည်။


ဒုတိယပိုင်းအစီအစဉ်တွင်     “မြန်မာနိုင်ငံတွင်  စီးပွားရေးလုပ်ငန်းများ၏    အခွင့်အရေးကို     အကာ အကွယ်ပေးခြင်းနှင့် တရားစီရင်ရေး၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်  တရားသူကြီး  ဦးသောင်းနိုင်က  ပါဝင်ဆွေးနွေးရာ  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ၏ စီးပွားရေး လုပ်ငန်းများ၏    အခွင့်အရေးများ    တိုးတက်ဖွံ့ဖြိုး စေရန်  ဥပဒေမူဘောင်များ၌ အဓိကထားရှိသည့် တန်ဖိုးများရှိကြောင်း၊    မိမိတို့နိုင်ငံ၏    ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆ တွင် နိုင်ငံတော်သည် စီးပွား ရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို  ပျက်ပြားစေရန်     တစ်ဦးတစ်ယောက်ကဖြစ်စေ၊  အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်  ဆောင်ရွက်မှု  သို့မဟုတ် စျေးကစားမှု ပြုခြင်းဖြင့် အများပြည်သူ တို့၏    အကျိုးစီးပွားကို     ထိခိုက်နစ်နာစေခြင်းမှ  တားဆီးကာကွယ်ရမည်ဟူ၍ အာမခံချက်ပေးထား  ကြောင်း၊  စီးပွားရေးလုပ်ငန်းများ၏  အခွင့်အရေး များကို     အကာအကွယ်ပေးခြင်းနှင့်    စပ်လျဉ်း၍  မြန်မာကုမ္ပဏီဥပဒေ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ယှဉ်ပြိုင်မှုဥပဒေ၊     လူမွဲခံယူခြင်းဆိုင်ရာ     ဥပဒေ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ၊   ကုန်အမှတ် တံဆိပ်ဥပဒေ  စသည့်ဥပဒေများ အပါအဝင်အခြား ဆက်စပ်သော ဥပဒေများလည်း  ပြဋ္ဌာန်းထားကြောင်း၊ ထို့ပြင်   လူမှုဖူလုံရေးဥပဒေ၊  သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေကဲ့သို့ လူမှုဘဝဖူလုံရေးအတွက် ပြဋ္ဌာန်း ထားသည့် ဥပဒေများလည်းရှိကြောင်း၊ တရားစီရင် ရေးအနေဖြင့်     ပိုမိုကောင်းမွန်သည့်      စီးပွားရေး ဝန်းကျင် ဖန်တီးပေးရာတွင် အဓိကအခန်းမှ ပါဝင်နေ ကြောင်း၊   မြန်မာနိုင်ငံ၌   စီးပွားရေးလုပ်ငန်းများ၏   အခွင့်အရေးများကို      ကာကွယ်စောင့်ရှောက်ရန် ထိရောက်မှုရှိသည့်  တရားစီရင်ရေးစနစ်မှာ မဖြစ် မနေ     လိုအပ်ကြောင်း၊     တရားစီရင်ရေးပြုပြင် ပြောင်းလဲမှု  တစ်စိတ်တစ်ဒေသအနေဖြင့်  မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော  ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် လိုက်လျော ညီထွေရှိသော တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းကို ‘တရားမျှတမှုရရှိစေရေး အားလုံးပါဝင် ဆောင်ရွက်ပေး’ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ချမှတ် ထားရှိပြီး မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်များ အကောင် အထည်ဖော်ပြီး အမှုများမြန်ဆန် အောင်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်း များ ဥပဒေအရ  နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ  နှင့်အတူ လုပ်ကိုင်ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ တရားစွဲဆိုခွင့်၊ တရား စွဲဆိုခံပိုင်ခွင့်များတွင်    ထူးခြားသည့်ဥပဒေရေးရာ အခွင့်အရေးများ   ပေးထားကြောင်း၊   မူဝါဒချမှတ် သူများ၊   သက်ဆိုင်ရာ   အာဏာပိုင်များအနေဖြင့်  စီးပွားရေးလုပ်ငန်းများ၏ အခွင့်အရေးများကို အကာ အကွယ်ပေးရာတွင် တရားစီရင်ရေးကဏ္ဍနှင့်အတူ  လက်တွဲပြီး လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။


ယင်းဖိုရမ်သို့ ပြည်ထောင်စုတရားသူကြီးချုပ် နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီး    ဦးသောင်းနိုင်နှင့်    ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ    တာဝန်ရှိသူများ   တက်ရောက် ခဲ့ကြသည်။                     

 သတင်းစဉ်