
မော်လမြိုင် ဩဂုတ် ၃၀
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ဩဂုတ် ၁၉ ရက်မှ ၂ဝ ရက်အထိကျင်းပ ခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်း ဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူး များ၏ (၂၇) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ မှာကြားချက် များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီက မွန်ပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Video Confer-encing စနစ်ဖြင့် ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးက (၂၇) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာ မှာကြားချက် များကို ထပ်ဆင့်ရှင်းလင်းပြောကြား ပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခိုင်ခိုင်မျိုးက ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ မှာကြားချက်များ၊ ရုံးလုပ်ငန်းဆိုင်ရာများကို ထပ်ဆင့် ရှင်းလင်းမှာကြားသည်။
ရှင်းလင်းပွဲသို့ ပြည်နယ်တရား လွှတ်တော်တရားသူကြီးများ၊ ပြည်နယ် တရားရေးဦးစီးမှူးနှင့် ပြည်နယ်တရား လွှတ်တော်၊ ခရိုင်နှင့်မြို့နယ်တရားရုံးများ မှ တရားသူကြီးများ၊ တရားရေးအရာရှိ များ စုစုပေါင်း ၅၁ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။ စည်သူ(ပြန်/ဆက်)