ပြည်ထောင်စုတိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သင်တန်းဖွင့်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၄


နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန   ပြည်ထောင်စု    တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်   ပညာရေးဘွဲ့    ငါးနှစ် သင်တန်းများ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားနှင့်    ပညာရေးဘွဲ့ သင်တန်းအမှတ်စဉ်(၁၁) သို့ တက် ရောက်မည့်ကျောင်းသား ကျောင်းသူ များ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ပိုင်း၌     ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ     ပါမောက္ခချုပ်က သင်တန်းဖွင့်ပွဲ မိန့်ခွန်းမြွက်ကြား သည်။  

 
ယင်းနောက်   ကျောင်းသား ကျောင်းသူများက အဆိုအကများ ဖြင့်   ကပြဖျော်ဖြေ  တင်ဆက်ပြီး နွေးထွေးစွာကြိုဆိုကြသည်။  
အဆိုပါအခမ်းအနားသို့ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာန မှူးများ၊  ဌာနခွဲမှူးများ၊   ဆရာ ဆရာမများနှင့်     ကျောင်းသား ကျောင်းသူများ   စုစုပေါင်း ၁၃၆၁ တက်ရောက်ခဲ့ကြောင်း သိရသည်။    

                
သတင်းစဉ်