
နေပြည်တော် ဩဂုတ် ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၌ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ယမန်နေ့ ညနေပိုင်းက သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် မန်ဂျန်ရှားပင် ၃၀၀ ကို စုပေါင်းစိုက်ပျိုးရာ ယခုနှစ် မိုးရာသီကာလအတွင်း ရတနာတန်းဝင် ကျွန်းပင် ၁၃၀၀ နှင့် မန်ဂျန်ရှားပင် ၃၀၀ စုစုပေါင်း အပင် ၁၉၀၀ ကို စိုက်ပျိုးခဲ့ပြီး ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ စုစု ပေါင်း ၃၀၀ တက်ရောက်စိုက်ပျိုး ကြောင်း သိရသည်။
သတင်းစဉ်