
နေပြည်တော် သြဂုတ် ၂၁
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုဦးစီး ဌာန၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ၂၀၂၄−၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းရင်းသား ကျေးရွာ အဆင့်မြှင့်တင်ရေး လုပ်ငန်းများတွင် တင်ဒါအောင်မြင် ခဲ့သည့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ ဝန်ထမ်းများနှင့် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တင်ဒါအောင်မြင်သည့် ကုမ္ပဏီ များအနေဖြင့် လုပ်ငန်းများကို စေတနာထား၍ ဆောင်ရွက်ကြရန်၊ နိုင်ငံတော်ဘဏ္ဍာဖြင့် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်နေစဉ်တွင် လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများပင် ဖြစ်၍ လုပ်ငန်းများအောင်မြင် စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝန်ထမ်း များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များလိုက်နာကြရန်၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများ သည် ဝန်ထမ်းရေးရာကိစ္စရပ် များကို အစဉ်တစိုက်လေ့လာသွား ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း ဆောင်ရွက်လျက်ရှိသည့် ကပွဲခန်းမအထွေထွေပြုပြင်ခြင်း၊ အုပ်ချုပ်မှုရုံးအဆောက်အအုံဆေးသုတ်ခြင်း၊ ပြည်ထောင်စုခန်းမ အထွေထွေပြုပြင်ခြင်း၊ ဆိပ်ခံဗော တံတားအဝင်လမ်း ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းများနှင့် ဝန်ထမ်း သက်သာ ချောင်ချိရေးအတွက် သီးပင်စားပင်များ စိုက်ပျိုးထားရှိ သည့် စိုက်ခင်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက (၁/၂၀၂၄) Keyboard အခြေခံ အတီးသင်တန်းဆင်းပွဲ အခမ်း အနားသို့ တက်ရောက်၍ အဖွင့် အမှာစကားပြောကြားပြီး သင်တန်း သား သင်တန်းသူ ၁၄ ဦးကို သင်တန်းဆင်း လက်မှတ်ပေးအပ် ကာ သင်တန်းသား သင်တန်းသူ များက သင်တန်းတွင် သင်ကြားခဲ့ သည့် တေးသီချင်းများဖြင့် တီးခတ် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် အမျိုးသား အားကစားပွဲတော်တွင် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဘောလုံးအသင်း လေ့ ကျင့်နေမှုကို သွားရောက်ကြည့်ရှု ၍ အားပေးစကားပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်