ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်

 

နေပြည်တော်   မတ်   ၇


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့်      ဂီနီ ဘစ်ဆောသမ္မတနိုင်ငံတို့သည်   ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါမူကြီးများနှင့်    အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို အခြေခံပြီး   သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ   ဗီယင်နာကွန်ဗင်းရှင်း တို့နှင့်အညီ     နှစ်နိုင်ငံ   ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု       တိုးတက်ခိုင်မာစေရန်  ဆန္ဒရှိကြသည့်  အားလျော်စွာ  ၂၀၂၃ ခုနှစ်   မတ် ၆ ရက်မှစတင်၍  နှစ်နိုင်ငံအကြား သံအမတ်ကြီး အဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြ သည်။

 


ပြည်ထောင်စုသမ္မတ     မြန်မာနိုင်ငံတော်နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့အကြား     သံတမန် အဆက်အသွယ်    ထူထောင်ခြင်းဆိုင်ရာ    ပူးတွဲ ကြေညာချက်ကို     တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ  မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ          ဂီနီဘစ် ဆော သံအမတ်ကြီး   H.E. Mr. Antnio Serifo Embal  တို့က   ၂၀၂၃ ခုနှစ်   မတ် ၆ ရက်တွင် ပေကျင်းမြို့  မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြ သည်။

 


ဂီနီဘစ်ဆောသမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၆)  နိုင်ငံမြောက်    သံတမန်အဆက်အသွယ် ထူထောင်သည့် နိုင်ငံဖြစ်သည်။

သတင်းစဉ်