ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)တို့အကြား သံတမန်အဆက်အသွယ် ထူထောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)တို့အကြား သံတမန်အဆက်အသွယ် ထူထောင်

 

================================================

နေပြည်တော် နိုဝင်ဘာ ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အာရပ်စော်ဘွား များပြည်ထောင်စု(ယူအေအီး)တို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို အခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်မှ စတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြသည်။

သဘောတူညီ

မြန်မာနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) တို့အကြား သံတမန်အဆက်အသွယ် ထူထောင်သည့် ပူးတွဲကြေညာချက်ကို ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ကုလသမဂ္ဂဆိုင်ရာ ယူအေအီး အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Lana Zaki Nusseibeh တို့သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၉ ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဆိုင်ရာ ယူအေအီး အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ လက်မှတ်ရေးထိုးခဲ့ ကြသည်။ မြန်မာနိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)တို့အကြား သံတမန်အဆက် အသွယ်ထူထောင်ရန်ကိစ္စကို ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၏ စတုတ္ထပုံမှန်အစည်းအဝေးမှ သဘောတူညီ ခဲ့ပြီးဖြစ်သည်။

 

၁၂၅ နိုင်ငံမြောက်

အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)သည် မြန်မာနိုင်ငံ၏ ၁၂၅ နိုင်ငံမြောက် သံတမန်အဆက် အသွယ် ထူထောင်သည့်နိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် သံတမန်အဆက်အသွယ်ထူထောင် ထားပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်