ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

 

နေပြည်တော်   ဇန်နဝါရီ  ၁၀     
၂၀၂၂ ခုနှစ်   ဇန်နဝါရီလ ၄ ရက်နေ့၌   ကျရောက်သည့်    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက်  လွတ်လပ်ရေးနေ့  အခါသမယတွင်  ကမ္ဘာ့နိုင်ငံအသီးသီးမှ  နိုင်ငံအကြီးအကဲများက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့     ကာတာနိုင်ငံ၊ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး
 ရှိတ် ခါလက် ဘင် ခါလီဖာ ဘင် အက်ဘ်ဒူလာဇီ အယ်လ်-တာနီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် ကာတာနိုင်ငံအစိုးရနှင့် မိမိအနေဖြင့် အဆွေတော်ထံသို့ စစ်မှန်သော နှုတ်ခွန်းဆက်သမှုနှင့် ဂုဏ်ယူဝမ်းမြောက်မှုတို့ကို ဖော်ပြလျက် အဆွေတော် ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် မြန်မာ ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
    အဆွေတော်အား မိမိအနေဖြင့် အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါသည်။