ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

 

နေပြည်တော်   ဇန်နဝါရီ  ၄
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင်  ကမ္ဘာ့နိုင်ငံအသီးသီးမှ  နိုင်ငံအကြီးအကဲများက  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ 
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ 
ဘယ်လာရုစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် 
မစ္စတာ ရိုမန်ဂိုလော့ဗ်ချန်ကို ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏   လွတ်လပ်ရေးနေ့ အခါသမယတွင်    ဘယ်လာရုစ်    သမ္မတနိုင်ငံအစိုးရကိုယ်စား မိမိအနေဖြင့်   အဆွေတော်ထံသို့   ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။
မြန်မာ-ဘယ်လာရုစ်   နှစ်နိုင်ငံပြည်သူများအကြား   ထိတွေ့ ဆက်ဆံမှုများ    ပိုမိုထွန်းကားလာစေရန်နှင့်   နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍတွင် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ   ပိုမိုနက်ရှိုင်းလာစေရန်   မိမိအနေဖြင့် ဆန္ဒရှိပါကြောင်း       အခွင့်အခါကြုံခိုက်    အတည်ပြုပြောကြား လိုပါသည်။ 
မြန်မာနှင့် ဘယ်လာရုစ်နိုင်ငံအကြား အပြုသဘောဆောင်သော ဆက်ဆံရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အလားအလာ ကောင်းများရှိနေရာ     မိမိအနေဖြင့်    အဆိုပါလုပ်ငန်းစဉ်အတွက် လိုအပ်သည့်    အားပေးပံ့ပိုးမှုများကို    ပေးအပ်သွားရန်   အသင့်ရှိ ပါသည်။ 
အဆွေတော် ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများရရှိပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းနှင့်  အဆွေတော်အား အစဉ် ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။