ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၁၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်း    ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို   ယနေ့နံနက် ပိုင်းတွင်   နေပြည်တော်ရှိ  ဥပ္ပါတသန္တိစေတီတော်၊        သာသနာ့မဟာဗိမာန်တော်၌      ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ    ဆက်ကပ်လှူဒါန်း သည်။

 


အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပက အဖွဲ့ ဩဝါဒါစရိယ ဆရာတော်၊   နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက၊   အဘိဓဇ မဟာရဋ္ဌဂုရု   ဘဒ္ဒန္တဇနိန္ဒ  အမှူးပြုသည့် ဩဝါဒါစရိယ    ဆရာတော်ကြီး များအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၁၈ ပါး ကြွရောက်  ချီးမြှင့်တော်မူကြပြီး  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ နှင့်အတူ   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်း နွယ်၊     နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များနှင့်  ဇနီး များ၊    အတွင်းရေးမှူးနှင့် ဇနီး၊   တွဲဖက်အတွင်းရေးမှူးနှင့်     ဇနီး၊   ပြည်ထောင်စု   တရားသူကြီးချုပ်၊         နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု         ရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ၊    ပြည်ထောင်စု         ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ၊ နေပြည်တော်   တိုင်းစစ်ဌာနချုပ်  တိုင်းမှူးနှင့်    တာဝန်ရှိသူများ     တက်ရောက်ကြသည်။ 

 


လှည့်လည်ကြည့်ရှု


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်နှင့်     အခမ်းအနား တက်ရောက်လာသည့်      ဧည့် ပရိသတ်တို့သည်        ကထိန်ခံ အောင်စည်သာ ပရိယတ္တိစာသင် တိုက်သို့  လှူဒါန်းရန်  ခင်းကျင်း ပြင်ဆင်ထားသည့်  ကထိန်လျာ သင်္ကန်း၊    လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင်များအား  လှည့်လည် ကြည့်ရှုကြသည်။

 


ဖူးမြော်ကြည်ညို


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်      ဝန်ကြီးချုပ်သည် သာသနာ့မဟာ ဗိမာန်တော်အတွင်းရှိ   ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညို ၍    မြသပိတ် ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့်  သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက်   အခမ်းအနား အား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့       ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သည့်  ဧည့်ပရိသတ်အပေါင်းတို့ သည် ပေါက်မြိုင်ဆရာတော်ကြီး ထံမှ  ငါးပါးသီလခံယူ    ဆောက် တည်၍ သံဃာတော် အရှင်သူမြတ် များ   ရွတ်ပွားသရဇ္ဈာယ်တော်မူ သော   ‌မေတ္တသုတ်ပရိတ်တရား တော်များကို နာယူကြသည်။

 


ဆက်ကပ်လှူဒါန်း


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး တို့သည်   ပေါက်မြိုင်ဆရာတော် ကြီးထံ ကထိန်သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ၊ ဆွမ်းဘောဇဉ်များကို လည်းကောင်း၊    ကထိန်အလှူခံ ကျောင်း အောင်စည်သာ ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တ ဝိစက္ခဏ ထံ ကထိန်လျာသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့်    ဆွမ်းဘောဇဉ် များကိုလည်းကောင်း       ဆက်ကပ် လှူဒါန်းသည်။

 


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ        ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး တို့သည် တပ်ကုန်းမြို့ မဟာသီဟ နာဒ   ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏထံသို့    ကထိန် သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဘောဇဉ်များကို  ဆက်ကပ် လှူဒါန်းပြီး အခမ်းအနား  တက် ရောက်လာကြသည့် ကောင်စီဝင် များနှင့် အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ပြည်ထောင်စု တရားသူကြီးချုပ်တို့က   ဆရာ တော်၊ သံဃာတော်များထံ ကထိန် သင်္ကန်း၊  လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဘောဇဉ်များကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

 


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်   အပေါင်းတို့သည် ပေါက်မြိုင် ဆရာတော်ကြီးထံမှ အနုမောဒနာတရား   နာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်းအမျှပေးဝေကြသည်။

 


ယနေ့   ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ   ၂၀၂၁  ခုနှစ်   ကထိန် သင်္ကန်း     ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင်   ပဒေသာပင် ၄၂ ခုနှင့် လှူဒါန်းငွေများ စုစုပေါင်း တန်ဖိုးငွေကျပ် ၉၇၆၄၃၇၅၀ ဖြစ် ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်