ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးခဲ့ရတဲ့ စစ်သည်တွေကို မေ့လို့မရဘူး၊ ကျွန်တော်တို့ အမြဲတမ်းဂုဏ်ပြုနေရမယ်

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးတို့အတွက်  တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့သည့်  ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြုဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားကို အဋ္ဌမအကြိမ်မြောက်အဖြစ် ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံ များကို ဖော်ပြလိုက်ရပါသည်-

 

ဦးမောင်မောင်အောင်
သူရဲကောင်းစစ်သည်ဗိမာန်မှာ ဂုဏ်ပြုပွဲကျင်းပ ခဲ့တာဆိုရင် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ပထမဆုံးအကြိမ် စတင်ပြီးတော့ သတ္တမအကြိမ် မြောက်အထိကို ရန်ကုန်မြို့မှာရှိတဲ့ သူရဲကောင်း စစ်သည်ဗိမာန်မှာ အောင်မြင်စွာကျင်းပခဲ့ပါတယ်။ နေပြည်တော်မှာရှိတဲ့  သူရဲကောင်းဗိမာန်ကြီးဖွင့်ပြီးတဲ့အချိန်ကတည်းကစပြီး  ဒီမှာကျင်းပဖို့  ဆန္ဒအလွန် ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့ အဋ္ဌမအကြိမ်မြောက် မှာတော့    ဒီသူရဲကောင်းဗိမာန်မှာ  ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ပြီ   ဖြစ်ပါတယ်။   ဒီပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ တပ်မတော်ဆိုတာ နိုင်ငံတော် ရဲ့   အချုပ်အခြာအာဏာကို    ကာကွယ်ဖို့အတွက် နိုင်ငံတိုင်းမှာရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့   တပ်မတော်က အခြား တပ်မတော်တွေနဲ့မတူ တစ်မူထူးခြားတာကတော့ ကျွန်တော်တို့ရဲ့တပ်မတော်က  လွတ်လပ်ရေးမရမီ အချိန်ကာလကစပြီး လွတ်လပ်ရေးရတဲ့အထိ တိုက်ပွဲ တွေဝင်ပြီးတော့ ခေတ်အဆက်ဆက်က စစ်သည်တွေ ကျဆုံးခဲ့ရတယ်။  အလားတူ လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာလည်း ပြည်တွင်းသောင်းကျန်းသူတွေကို နှိမ်နင်းရင်းနဲ့ ယခုမှာဆိုလည်း ပြည်တွင်းတည်ငြိမ်မှု ရရှိရေးကို ဆောင်ရွက်နေရင်းနဲ့ ခေတ်အဆက်ဆက် က အသက်စွန့်လွှတ်ခဲ့တဲ့ ရဲဘော်တွေ၊ စစ်သည်တွေ ရှိပါတယ်။ ဒါကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက် ပေးခဲ့ရတဲ့စစ်သည်တွေကို မေ့လို့မရဘူး၊ ကျွန်တော် တို့   အမြဲတမ်းဂုဏ်ပြုနေရမယ်။    ကျွန်တော်တို့     မရှိတော့ရင်လည်း    ကျွန်တော်တို့   နောင်လာ နောက်သားတွေ ခေတ်ဆက်ဆက်က အမွန်မြတ်ဆုံး သော စွန့်လွှတ်ခြင်းရဲ့ဂုဏ်ဒြပ်နဲ့ တိုင်းပြည်အတွက်  အသက်ပေးလှူသွားတဲ့   သူတွေကို ကျွန်တော်တို့ ဆက်လက်ဂုဏ်ပြုနေမှာပါ။ 


ဒေါ်မြမြဝင်း၊ ဗက-ထက်ညီဟိန်း(ကျဆုံး)
(သူရဲကောင်းမှတ်တမ်းဝင်)၏ မိခင်
၁၉၉၀ ပြည့်နှစ်မှာ သားလေးကို မွေးခဲ့တာပါ။ ခမရ(၄၁၅)မှာ ခြောက်နှစ် တာဝန်ထမ်းဆောင်ခဲ့ရ ပါတယ်။ ၂၀၁၂ ခုနှစ်က တိုင်းပြည်အတွက် သွား ခြောက်ချောင်းကို ပေးဆပ်ခဲ့ရပါတယ်။ အဲဒီနှစ်မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင် လက်မှတ်ကို   တစ်ကြိမ်ရရှိခဲ့ပါတယ်။  နောက်ပြီး ၂၀၁၅ ခုနှစ် လွတ်လပ်ရေးနေ့မှာလည်း သူရဲကောင်း မှတ်တမ်းဝင်ဘွဲ့တံဆိပ်ကို ထပ်မံရရှိခဲ့ပါတယ်။ ၂၄-၃-၂၀၁၅ ရက်နေ့မှာ တိုင်းပြည်တာဝန် ထမ်းဆောင် ရင်း ကချင်ပြည်နယ်က  ရှေ့တန်းစစ်မြေပြင် တစ်နေ ရာမှာ  သားလေးကျဆုံးသွားခဲ့ပါတယ်။  သားလေး အတွက် တကယ်ဂုဏ်ယူပါတယ်။ မိဘဖြစ်စေချင်တဲ့ လမ်းပေါ်မှာ သူလျှောက်ခဲ့တာပါ။ သူကိုယ်တိုင်က လည်း တိုင်းပြည်အတွက် စွမ်းစွမ်းတမံဆောင်ရွက် ချင်ခဲ့တဲ့သူပါ။ အဲဒီလို ဆောင်ရွက်နိုင်အောင်လည်း အန်တီက ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။  သားလေးနဲ့ အတူ အသက် ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေအားလုံး လည်း ကောင်းရာမွန်ရာကိုရောက်ပါစေလို့ အန်တီ ဆုတောင်းပေးပါတယ်။ ကျဆုံးသွားတဲ့ သူရဲကောင်း တွေရဲ့ မိခင်တွေကိုယ်စားပြောရမယ်ဆိုရင် အန်တီ တို့လို မိခင်တွေအတွက်ကတော့ ကိုယ့်ရဲ့နှလုံးသားကို ဖဲ့ပေးလိုက်ရသလိုပါပဲ။    ဒါပေမဲ့   အချိန်လေးနဲ့ ကုစားရင်း၊  အခုလို  ဂုဏ်ယူရင်းနဲ့ပဲ  အသက်ကို ဆက်လက်ရှင်သန်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ 


ဒေါ်ခင်ထိုက်စံ


အန်တီတို့က ဒီပွဲကို စပြီးလုပ်တဲ့အချိန်ကတည်း က ရန်ကုန်မှာကတည်းက  နှစ်စဉ်နှစ်တိုင်းတက်ခဲ့ တာပါ။ ဒီနှစ်က ရန်ကုန်မှာမလုပ်ဘူး နေပြည်တော်မှာ လုပ်မယ်ဆိုတော့ နေပြည်တော်ကို ရောက်အောင် သွားမယ်ဆိုပြီး အန်တီတို့တွေ လာခဲ့ကြတယ်။ အည တရ သူရဲကောင်းစစ်သည်တွေက ခေတ်ဆက်ဆက် က အမေ့ခံတွေပါ။  နိုင်ငံတော်အတွက်၊ တိုင်းပြည် အတွက် သူတို့ရဲ့အသက်ကို စတေးပြီး တိုက်ပွဲဝင် ကာကွယ်ခဲ့ကြတာ။ အညတရ သူရဲကောင်းစစ်သည် များအားလုံး   ကျဆုံးခဲ့တဲ့   စစ်သည်များအားလုံး အန်တီတို့ရင်ထဲကနေ   လှိုက်လှိုက်လဲလှဲလှဲ  ကိုယ့် မိသားစု၊ ကိုယ့်မောင်လေး၊ ကိုယ့်အစ်ကို၊ ကိုယ့်တူ သားလေးတွေကို ချစ်တဲ့အတိုင်း မေတ္တာရှိတဲ့အတိုင်း အန်တီတို့ရင်ထဲမှာ အမြဲတမ်းရှိပါတယ်။ ရင်ထဲမှာ အမြဲတမ်းလေးစားခဲ့တယ်။ သူတို့ရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေကိုလည်း  ဒီနေရာကနေ   အားပေးပါ တယ်။                                              

  သတင်းစဉ်