
နေပြည်တော် မေ ၃၀
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင် သောအဖွဲ့ကို ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် တို့အကြား ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင် ရွက်နေမှု၊ လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်နေမှု၊ ကျင်းပမည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံး ဆောင်ရွက်မည့် အခြေအနေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် နှင့် မှတ်ပုံတင်ခွင့်များ စိစစ် ဆောင်ရွက်နေမှုတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool က ဒူးမားလွှတ်တော် ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြား ပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် အစဉ်အလာ ကောင်းများရှိခဲ့ပြီး ၇၅ နှစ်တိုင် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ရှေးယခင် ကတည်းက နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ရှေ့ဆက်ပြီး လည်း ပူးပေါင်းဆောင်ရွက်မှုများ ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာကို လေးစားပြီး အမြဲထောက်ခံအားပေးလျက်ရှိပါ ကြောင်းပြောကြားကာ သိလို သည်များကို မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံအလိုက် ပြဋ္ဌာန်း ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများသည် တူညီမှုမရှိဘဲ မိမိနိုင်ငံ၊ မိမိအခြေ အနေနှင့် ကိုက်ညီစေရန် ရေးဆွဲ ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် မဲဆန္ဒရှင် ပြည်သူများက ယုံကြည်လက်ခံ သည့် လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲများဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲများ၏ အားနည်းချက်များကို လေ့လာ သုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲ များတွင် မဲမသမာမှုများ မဖြစ် အောင် ဥပဒေများကို ဆောင်ရွက် ထားပါကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့်လည်း မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်များကို လေ့လာ စောင့်ကြည့်ခွင့်နှင့် ပူးပေါင်း ဆောင်ရွက်ခွင့် ရှိမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီ အားလုံးအား ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ ရေးပါတီများအား တည်ထောင်ခွင့် နှင့် မှတ်ပုံတင်ခွင့်များ ပြုရာတွင် လည်း ပြဋ္ဌာန်းထားသော ဥပဒေ နှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ မည်သည့် နိုင်ငံရေးပါတီမဆို ဥပဒေများကို ချိုးဖောက်ပါက အရေးယူခံရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် ပြည်ပဩဇာခံများ မဖြစ်စေရေး အရေးကြီးပါကြောင်း၊ နိုင်ငံရေး ပါတီများသည် ဥပဒေပြုရေး နှင့် အုပ်ချုပ်ရေးကဏ္ဍများ တွင် တာဝန်ယူရမည့်သူများဖြစ်၍ ဒီမိုကရေစီသက်တမ်းနုနယ်သည့် မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံရေး ပါတီကောင်းများ၊ လူတော် လူကောင်းများ ဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရုရှားနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်နှင့်ညှိနှိုင်း၍ ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ အား ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်