
ပုသိမ် အောက်တိုဘာ ၂၇
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွန်း နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ နိုင်ငံ ရေးပါတီ ၇ ပါတီမှ တိုင်းဒေသကြီး အဆင့် ပါတီဥက္ကဋ္ဌများ၊ တာဝန်ခံ များနှင့် မြို့နယ်တာဝန်ခံများအား တွေ့ဆုံ၍ ပါတီဝင်အင်အားများ စုဆောင်းမှုမှအစ နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်း ဥပဒေများအပါအဝင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံ ရေးပါတီ ထူထောင်ဆောင်ရွက် ခြင်းဖြင့် မိမိဒေသအကျိုး၊ နိုင်ငံ တော်အကျိုး သယ်ပိုးနိုင်သည့် ခိုင်မာအားကောင်းသော နိုင်ငံရေး ပါတီများဖြစ်လာစေရေး ကြိုးပမ်း ဆောင်ရွက်ရန် မှာကြားသည်။
နည်းဥပဒေများ ပြဋ္ဌာန်း
ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ နည်းဥပဒေများ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၃ ခုနှစ် ဇန်န ဝါရီ ၃၁ ရက်တွင် လည်းကောင်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းစည်းရုံးမည့်ပါတီဖြစ်ပါ က ပါတီဝင်အင်အားအနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီး သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေ အရ အနည်းဆုံးသတ်မှတ်ထား သည့် ရုံးခန်းအရေအတွက်ကို ဖွင့်လှစ်ရမည် ဖြစ်ပါကြောင်း၊ သတ်မှတ်ကာလအတွင်း အနည်း ဆုံးစည်းရုံးရမည့် ပါတီဝင်ဦးရေ မပြည့်မီခြင်း၊ သတ်မှတ်ကာလ အတွင်း ရုံးခန်းဖွင့်လှစ်နိုင်ခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်ရှိမည် မဟုတ်ပါကြောင်း။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
ယခုကဲ့သို့ နိုင်ငံရေးပါတီများ ကို ကော်မရှင်မှ စိစစ်ရခြင်းမှာ နိုင်ငံရေးပါတီများသည် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏အုပ်ချုပ်ရေးနှင့် ဥပဒေပြု ရေးလုပ်ငန်းများတွင် ပါဝင် ထမ်းဆောင်မည့်သူများ ဖြစ်လာ မည်ဖြစ်၍ ဥပဒေနှင့်ညီညွတ်သည့် ခိုင်မာအားကောင်းသော ပါတီ ထူထောင်မှု ရရှိစေရန်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း၊ လာမည့်ရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန် ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှု များ မဖြစ်စေရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက် ရှိ ကွန်ပျူတာတက္ကသိုလ်များမှ ပညာရှင်များ၏ နည်းပညာနှင့် ကျွမ်းကျင်မှု အကူအညီရယူပြီး CVLMS (Central Voter List Management System) ဆော့ဝဲလ် အပါအဝင် အဆင့်မြင့်အိုင်တီ နည်းပညာများ အသုံးပြုဆောင် ရွက်လျက်ရှိကြောင်း၊ မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)ကို မြန်မာနိုင်ငံမှ ပညာရှင် များ၏အကူအညီဖြင့် တီထွင် ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာန များမှဝန်ထမ်းများ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် များမှ ပြည်သူများကို လက်တွေ့ စမ်းသပ်မဲပေးနိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြောကြား သည်။
ပြန်လည်ရှင်းလင်း
ဆွေးနွေး
ထို့နောက် တက်ရောက်လာ ကြသည့် နိုင်ငံရေးပါတီများမှ တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌများ၊ ခရိုင် စည်းရုံးရေးမှူးများက ပါတီဝင် အင်အားစာရင်းများ ဥပဒေနှင့်အညီ မှန်ကန်စေရေးအတွက် စစ်ဆေး ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများ နှင့် တွေ့ကြုံရသည့်အခက်အခဲ များကိုတင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် အသေး စိတ်ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြော ကြားသည်။
တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန် ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် အရာရှိများ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံ ရေးဒီမိုကရက်တစ် ပါတီ၊ မြန်မာ နိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(ကျားဖြူပါတီ)တို့မှ တိုင်းဒေသ ကြီး၊ ခရိုင်နှင့် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်