ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းစ်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန ဂုဏ်ထူးဆောင်ပါမောက္ခ ကာဒီဂျက်ဆန်ကိုလက်ခံတွေ့ဆုံ

 

နေပြည်တော်  ဇွန်  ၁၀


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်      ဥက္ကဋ္ဌ  ဦးသိန်းစိုးသည် အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ ကင်းစ်တက္ကသိုလ်  အရှေ့တောင်အာရှလေ့လာရေး ဌာန   ဂုဏ်ထူးဆောင်ပါမောက္ခ   ကာဒီဂျက်ဆန် ကို    ယနေ့နံနက်  ၁၀  နာရီက    နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ်   ဂုဏ်ထူးဆောင်ပါမောက္ခ   ကာဒီ ဂျက်ဆန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်  (၅)  ရပ်နှင့်အညီ  ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အ‌ခြေအနေ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်   ဆောင်ရွက် နေမှုအခြေအနေများနှင့်           သိရှိလိုသည်များကို မေးမြန်းသည်။

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်     လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း ၍ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ  တွေ့ဆုံဆွေးနွေး ခဲ့ပြီး   မြန်မာနိုင်ငံနှင့်သင့်လျော်သည့်   အချိုးကျ ကိုယ်စားပြုစနစ် ပြောင်းလဲကျင့်သုံးနိုင်ရေး  သဘော တူညီခဲ့ပြီးဖြစ်ကြောင်း၊   သက်ဆိုင်ရာ    ဥပဒေ၊ နည်းဥပဒေများကိုလည်း      ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အလေးထားပြီး မြေပြင် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ စိစစ် ခြင်းနှင့် ပြုစုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော   ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရေး  ကော်မရှင်နှင့်  ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ရှိ ဝန်ထမ်းများကို လေ့ကျင့်သင်တန်းပေး ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ  ဆောင်ရွက်လျက်ရှိ ကြောင်း။

 


ရွေးကောက်ပွဲများ       ကျင်းပရာတွင်လည်း ပြည်တွင်း၊  ပြည်ပမှ  လေ့လာသူများကို ဖိတ်ခေါ် သွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့်  မိမိတို့ နိုင်ငံအတွင်းရှိ   နိုင်ငံရေးပါတီများ၊   ဝင်ရောက် ယှဉ်ပြိုင်ကြသူများ၊ မဲဆန္ဒရှင်ပြည်သူများကလက်ခံ သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင်    ဆောင်ရွက်ပေးမည်     ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်  အခြေအနေအရ  နိုင်ငံတော် အာဏာကိုထိန်းသိမ်းခဲ့ရသော်လည်း ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ဆောင်ရွက်နိုင်ရန် နိုင်ငံရေး ပါတီဝင် မဟုတ်သူများ၊ အတွေ့အကြုံရှိသူများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို  ဖွဲ့စည်းပေးခဲ့ကြောင်း၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ရေး ဦးတည် ဆောင်ရွက်ခဲ့ပြီး မိမိတို့ ကော်မရှင်၏အဓိကတာဝန်မှာ လည်း    ရွေးကောက်ပွဲကျင်းပပေးရန်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးအတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရန်   လိုအပ်ကြောင်း၊   မိမိတို့ ကော်မရှင်အနေဖြင့်  ဥပဒေနှင့်အညီ  လွတ်လပ်ပြီး တရားမျှတသည့်          ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဖြစ်ရန်  မှန်မှန်ကန်ကန်  ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 


ယင်းနောက်  ဂုဏ်ထူးဆောင်ပါမောက္ခ ကာဒီ ဂျက်ဆန်က     ကော်မရှင်၏   ပြင်ဆင်ဆောင်ရွက် နေမှု၊   လုပ်ဆောင်နေမှုများကို  သိရှိရသည့်အတွက် အထင်ကြီးလေးစားမိကြောင်း၊       မိမိအနေဖြင့် နိုင်ငံတကာက သိရှိအောင် ပြန်လည်သတင်းစကားပါးပေးမည်ဖြစ်ကြောင်း၊  လိုအပ်သော   အကူအညီ များရှိပါက  ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲသို့            ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့်  ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်