ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဧပြီ    ၂၆


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့်အဖွဲ့အား ယနေ့ နံနက်    ၁၀  နာရီက    နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌  လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ်     မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း များနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊ နိုင်ငံ ရေးပါတီများနှင့်စပ်လျဉ်း၍ ဆောင်ရွက် နေမှု၊ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကူညီ ဆောင်ရွက်ပေးနိုင်မည့်   အခြေအနေနှင့် သိရှိလိုသည်များကို    မေးမြန်းဆွေးနွေး သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက      ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့်  အခြေအနေ၊ ရွေးကောက်ပွဲ    ကျင်းပနိုင်ရေးအတွက် ဥပဒေ၊   နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှု၊  မဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြင်ဆင်ပြုစုခြင်းများ  ဆောင် ရွက်လျက်ရှိသည့်အခြေအနေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့်ပြုခြင်း ဆောင် ရွက်နေမှုအခြေအနေများ၊ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်း  ဆောင်ရွက်နိုင်မည့်     အခြေအနေနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး သည်။ 
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်  ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံး မှ   တာဝန်ရှိသူများ   တက်ရောက်ကြ ကြောင်း သိရသည်။                
သတင်းစဉ်