ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲအား လေ့လာရန် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ

 

ရန်ကုန်  ဇူလိုင်  ၂၁


ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၏  ဖိတ်ကြားချက် အရ  ပြည်ထောင်စုရွေးကောက်ပွဲ     ကော်မရှင်ဥက္ကဋ္ဌ      ဦးသိန်းစိုး ဦးဆောင်သော   မြန်မာကိုယ်စား လှယ်အဖွဲ့သည်   ကမ္ဘောဒီးယား နိုင်ငံ၌   ကျင်းပမည့်   (၇)    ကြိမ် မြောက်      အမျိုးသားလွှတ်တော်      ရွေးကောက်ပွဲအား    လေ့လာရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မှ ကမ္ဘောဒီးယားနိုင်ငံသို့   ထွက်ခွာ သွားသည်။


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်    အဖွဲ့အား ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့်   ဦးသန်းထွန်း၊   ဦးအောင်စောဝင်း နှင့်     ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲမှ တာဝန်ရှိသူများက         ရန်ကုန် အပြည်ပြည်ဆိုင်ရာ     လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


ကမ္ဘောဒီးယားနိုင်ငံ၏        (၇)ကြိမ်မြောက်        အမျိုးသား လွှတ်တော်        ရွေးကောက်ပွဲကို ဇူလိုင် ၂၃ ရက်တွင်  ကျင်းပသွား မည်ဖြစ်ပြီး         ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်    ဥက္ကဋ္ဌ နှင့်အတူ           ကော်မရှင်အဖွဲ့ဝင် ဦးစိုးဦး လိုက်ပါသွားသည်။


အဆိုပါ        ရွေးကောက်ပွဲသို့ နိုင်ငံတကာ         ရွေးကောက်ပွဲ လေ့လာသူများအဖြစ် သွားရောက် လေ့လာခြင်းဖြင့်     ကမ္ဘောဒီးယား နိုင်ငံ၏    ရွေးကောက်ပွဲစနစ်များ၊ ရွေးကောက်ပွဲကျင်းပပုံ  လုပ်ငန်း စဉ်များ၊     မဲပေးခြင်းလုပ်ငန်းစဉ် များနှင့် မဲရေတွက်ခြင်း  လုပ်ငန်း စဉ်များကို လေ့လာသိရှိရမည်ဖြစ် ကြောင်း သတင်းရရှိသည်။


သတင်းစဉ်