
ရွေးကောက်ပွဲနယ်မြေများကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ပြီး မဲဆန္ဒရှင်များ၏ဆန္ဒနှင့်အညီ အချိုးကျလွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ပေးခြင်းဖြင့်
အရည်အချင်းရှိသည့်လွှတ်တော်ကိုယ်စားလှယ်များရရှိကာ ပေါင်းစပ်ညှိနှိုင်းမှုပိုမိုအားကောင်းပြီး နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုရှိသည့် ပါတီစုံဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမှာဖြစ်
နေပြည်တော် ဒီဇင်ဘာ ၂၆
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆိုင်ရာ ဆွေးနွေးပွဲ တတိယနေ့ အစီအစဉ် ကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မင်္ဂလာခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူ များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။
ဖတ်ကြားတင်ပြ
အခမ်းအနားတွင် နိုင်ငံရေးပါတီ အစု အဖွဲ့ (၆)ဖွဲ့၏ ဒီဇင်ဘာ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နှစ်ရက်တာဆွေးနွေးချက် များအရ ရွေးကောက်ပွဲစနစ် ပြောင်းလဲ ကျင့်သုံးရေးအတွက် အချိုးကျကိုယ်စားပြု စနစ် (PR) နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့် သည့် ရွေးကောက်ပွဲ ဒီဇိုင်းစာတမ်းများကို အစုအဖွဲ့ (၆)ဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးစီ က ဖတ်ကြားတင်ပြသည်။
ပြည်သူ့လွှတ်တော်အတွက် အဖွဲ့(၁)မှ ပြုစုထားသောစာတမ်းကို တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးထွန်းရီက ကိုယ်စားပြုဆွေးနွေးဖတ်ကြားတင်ပြရာတွင် မဲဆန္ဒရှင်များအတွက်နှင့် မဲရေတွက် သူများအတွက်ပါ အခက်အခဲအနည်းဆုံး ဖြစ်မည့် “စာရင်းပိတ်စနစ် (Closed List PR)” ကို ကျင့်သုံးသင့်ကြောင်း၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်မြေများ သတ်မှတ် ရာတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင် သည့် လူဦးရေအပေါ်အခြေမခံဘဲ မြို့နယ် ကို အခြေခံတွက်ချက်ခြင်းဖြင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် ယခင်ကရရှိခဲ့ သည့် ကိုယ်စားလှယ်ဦးရေများအတိုင်း ခွဲဝေသတ်မှတ်သင့်ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက်ရရှိသည့် ကိုယ်စားလှယ်ဦးရေအပေါ် မူတည်၍ မဲဆန္ဒနယ်မြေများ သတ်မှတ်ရာ၌မူ တတ်နိုင်သမျှ လူဦးရေအချိုးအစား ညီမျှ ရေးကို ထည့်သွင်းစဉ်စားဆောင်ရွက်သင့် ပါကြောင်း။
ပါတီများအတွက် အနိမ့်ဆုံးဝင်ပေါက် အချိုးစံ (Threshold) သတ်မှတ်ရာတွင် မြင့်လွန်းခြင်းနှင့် နိမ့်လွန်းခြင်း အစွန်း တရားများကိုရှောင်ရှားပြီး ထောက်ခံမဲ အပေါ်မူတည်၍ ကိုယ်စားလှယ်သတ်မှတ် ရာတွင် တစ်နိုင်ငံလုံးအပေါ် လွှမ်းခြုံ တွက်ချက်ခြင်းမဟုတ်ဘဲ မဲဆန္ဒနယ် တစ်ခုချင်းအလိုက် ဆောင်ရွက်သင့်ပါ ကြောင်း၊ မဲရေတွက်ပုံနည်းလမ်းအဖြစ် (Closed List PR) တွက်ချက်မှုစနစ်ဖြစ် သည့် အများဆုံးအကြွင်းကိန်းနည်း ကို လက်ခံကျင့်သုံးသင့်ပါကြောင်း၊ ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံရေးပါတီ များအနေဖြင့် ယခုထက်ပို၍ ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး အတွက် နည်းလမ်းများရှာကြံ ဆောင်ရွက် သင့်ပါကြောင်း ဆွေးနွေးတင်ပြသည်။
ပြည်သူ့လွှတ်တော်အတွက် အဖွဲ့(၂)မှ ပြုစုထားသောစာတမ်းကို ဒီမိုကရက် တစ်ပါတီ (မြန်မာ)မှ ဦးတင်ဆွေက ကိုယ်စားပြုဆွေးနွေးဖတ်ကြားတင်ပြရာတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR System) ဖြင့် ကျင်းပခြင်းကို တက်ရောက်လာ သော ပါတီများအားလုံးက သဘောတူပါ ကြောင်း၊ Closed List ဖြင့် ကျင်းပမည်ကို သဘောတူပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၅၁(ဃ)တွင် “မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်” ဟု ပြဋ္ဌာန်းချက် အတိုင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ သတ်မှတ်ရာတွင် မြို့နယ်များကို ခရိုင် အဖြစ် စုစည်း၍ မဲဆန္ဒနယ်သတ်မှတ်ခြင်း ကို သဘောတူကြကြောင်း။
ဆွေးနွေးတင်ပြ
မဲရုံတိုင်းတွင် မဲဆန္ဒရှင်ပြည်သူများမှ ၎င်းတို့ကြိုက်နှစ်သက်သည့် ကိုယ်စား လှယ်၏ပါတီကို မဲပေးနိုင်ရန်အလို့ငှာ၊ မဲရုံအဝတွင် ဗီနိုင်း၊ ပိုစတာများဖြင့် ပါတီ ၏အမည်အောက်တွင် ဝင်ရောက် ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများ၏ ဓာတ်ပုံနှင့်အမည်ကို ဖော်ပြပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့မှသာ မဲဆန္ဒရှင်သည် ၎င်းကြိုက်နှစ်သက် သည့် ကိုယ်စားလှယ်လောင်းကို မျက်မြင် ကြည့်ရှု၍ လွယ်ကူစွာဖြင့် ၎င်းကိုယ်စား လှယ်လောင်း၏ပါတီအား မဲပေးနိုင်မည် ဖြစ်ပြီး မဲဆန္ဒရှင်များ၏ ကြိုက်နှစ်သက် သည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ် နိုင်ရန်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြ သည်။
အမျိုးသားလွှတ်တော်အတွက် အဖွဲ့ ( ၃ ) မှ ပြုစုထားသောစာတမ်းကို လူထု ပါတီမှ ဦးပါစီပြည်ဟိန်းက ကိုယ်စားပြု ဆွေးနွေး ဖတ်ကြားတင်ပြရာတွင် မြန်မာ နိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ကျင်းပရမည့် လွှတ်တော် သုံးရပ် ရွေးကောက်ပွဲများတွင် “စာရင်း ပိတ် အချိုးကျကိုယ်စားပြုစနစ်” (Closed List – PR) ကို ကျင့်သုံးရန် အသင့်မြတ်ဆုံး ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင်လည်း အချိုးကျကိုယ်စားပြု စနစ်ကို တွင်ကျယ်စွာ ကျင့်သုံးနေပြီ ဖြစ်ပါကြောင်း၊ မဲဆန္ဒနယ်များသတ်မှတ် ရာ၌ ခရိုင်များကို အခြေပြုသတ်မှတ်ခြင်း သည် အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်အတွက် သင့်တင့်လျောက်ပတ် သော အရွယ်အစား (Suitable Size) ဖြစ် သည်ဟု အခိုင်အမာ ယူဆပါသဖြင့် ထိုသို့ သတ်မှတ်ပေးရန် ဖြစ်ပါကြောင်း။
ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရရှိရမည့် ခိုင်လုံမဲအရေအတွက် ပမာဏကို ကြိုတင်သတ်မှတ်ထားပြီး ထိုသတ်မှတ်ချက်အရ ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အရေအတွက် ပြည့်မီခြင်းမရှိသေးပါက လိုအပ်နေသေးသည့် ကိုယ်စားလှယ်အရေ အတွက် ပေါ်ပေါက်နေလျှင် ထိုပေါ်ပေါက် ချက်အား ပိုလျှံမဲ (သို့မဟုတ်) အကြွင်း ကျန်မဲ အများဆုံးရရှိသည့်ပါတီ (တစ်သီး ပုဂ္ဂလအပါအဝင်) ကို အများဆုံးကြွင်းကျန် မဲ တွက်ချက်မှု ဖော်မြူလာဖြင့် တွက်ချက် ရရှိသည့် ကိုယ်စားလှယ်ကို ထပ်တိုး ကိုယ်စားလှယ်အဖြစ် ပေါင်းစပ်ထည့်သွင်း ပေးခြင်း နည်းစနစ် ကျင့်သုံးရန်ဖြစ်ပါ ကြောင်း ဆွေးနွေးတင်ပြသည်။
အချိုးကျကိုယ်စားပြုစနစ် သဘောတူ
အမျိုးသားလွှတ်တော်အတွက် အဖွဲ့ ( ၄ ) မှ ပြုစုထားသောစာတမ်းကို ပြည်သူ့ ရှေ့ဆောင်ပါတီမှ ဒေါက်တာမျိုးဆက် သွေးက ကိုယ်စားပြုဆွေးနွေး ဖတ်ကြား တင်ပြရာတွင် အချိုးကျကိုယ်စားပြုစနစ် (PR System) ကျင့်သုံးရေးအတွက် သဘောတူပါကြောင်း၊ Closed List – PR System ကို စတင်အသုံးပြုသင့်ပြီး မဲဆန္ဒ ရှင် ပြည်သူများ၏ ပညာတတ်မြောက်မှုနှင့် နိုင်ငံရေးရေချိန် မြင့်တက်လာမှု အခြေ အနေတစ်ရပ်သို့ ရောက်ရှိချိန်မှသာလျှင် Open List – PR System သို့မဟုတ် အခြား PR System Design များကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအတွက် လွှတ်တော် ကိုယ်စားလှယ်များကိုမူ မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (FPTP) ဖြင့်သာ ကျင့်သုံးသင့်ကြောင်း။
မဲဆန္ဒနယ် သတ်မှတ်ရာတွင် တိုင်းဒေသကြီး /ပြည်နယ်များ၏ ပထဝီ အနေအထား ကွာခြားမှုအရ တိုင်းဒေသ ကြီး/ပြည်နယ် တစ်ခုအတွက် အမျိုးသား လွှတ်တော်တွင် မဲဆန္ဒနယ်မြေ မည်မျှ ဖြစ်သင့်သည်ဟု တစ်ပြေးညီ သတ်မှတ် ခြင်းမပြုဘဲ ခရိုင်များကို အခြေခံ၍ မဲဆန္ဒနယ် စုစုပေါင်း (၃၆) နယ် သတ်မှတ် သင့်ပါကြောင်း၊ PR System အရ ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုး ဖြစ်သော ပါတီများဖောင်းပွလာနိုင်မှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ဥပဒေဖြင့် သော်လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းခြင်းအားဖြင့် သော် လည်းကောင်း ကန့်သတ်ရန် လိုအပ် ကြောင်း ဆွေးနွေးတင်ပြသည်။
ရွေးချယ်ကျင့်သုံးသင့်
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် အတွက် အဖွဲ့(၅)မှ ပြုစုထားသော စာတမ်းကို ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီမှ ဒေါ်နန်းသိုက်သိုက်ဝင်းကျော်က ကိုယ်စားပြု ဆွေးနွေးဖတ်ကြားတင်ပြရာ တွင် မဲဆန္ဒရှင်များ၊ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသား လူနည်းစုများ အားလုံးပါဝင်နိုင်ပြီး တစ်ပါတီကြီးစိုးမှုကိုပါ ကန့်သတ်နိုင် သော အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးသင့်ပါ ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် (PR System) ကို ပြောင်းလဲကျင့်သုံးရာတွင် Closed List PR စနစ်ကို ရွေးချယ်ကျင့်သုံး သင့်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် သတ်မှတ်ရာတွင် သာမန်အားဖြင့် ခရိုင် တစ်ခုလျှင် မဲဆန္ဒနယ် (၁) ခု သတ်မှတ် သင့်ပါကြောင်း၊ သို့ရာတွင် လူဦးရေ သိပ်သည်းဆများသည့်ခရိုင် (သို့မဟုတ်) မြို့နယ်အရေအတွက် များပြားသည့် ခရိုင်ဖြစ်ပါက မဲဆန္ဒနယ် (၁) နယ်ထက် ပို၍ သတ်မှတ်ရန် လိုအပ်ပါကြောင်း။
ပြောင်းလဲကျင့်သုံးသင့်
၁၀ မြို့နယ်နှင့် ယင်းအောက်ရှိသည့် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် မဲဆန္ဒနယ် (၁)နယ်သာ သတ်မှတ်သင့်ပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်ရာ ၌ FPTP စနစ်ကိုသာ အသုံးပြုရန် အကြံပြုလိုပါကြောင်း၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင် ထားသူကိုသာလျှင် ဆန္ဒမဲပေးခွင့်ပြုရန် ဖြစ်ပါကြောင်း၊ နိုင်ငံပြင်ပကြိုတင်မဲ၊ မြို့နယ်ပြင်ပကြိုတင်မဲနှင့် ရပ်/ကျေး ကြိုတင်မဲများကို ရွေးကောက်ပွဲကျင်းပ သည့်နေ့မတိုင်မီ သတ်မှတ်ထားသည့် နေ့ရက်များတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အသိသက်သေများ၏ ရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်ရေတွက် သည့်စနစ်ကို ပြောင်းလဲကျင့်သုံးသင့်ပါ ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် အချိုးကျ ကိုယ်စားပြုစနစ် (PR System) ဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်၊ တာဝန်ထမ်းဆောင် မည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲဆန္ဒရှင် လုပ်သားပြည်သူများ နားလည်သဘော ပေါက်ကြစေရန် အဆင့်ဆင့်သော သင်တန်းများ ဖွင့်လှစ်၍ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း များကို စီမံဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးတင်ပြသည်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် အတွက် အဖွဲ့(၆)မှ ပြုစုထားသော စာတမ်းကို ဒီမိုကရေစီပါတီသစ် (ကချင်) မှ ဦးခေါတိန့်က ကိုယ်စားပြုဆွေးနွေး ဖတ်ကြားတင်ပြရာတွင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲများ ကို Closed List – PR စနစ်ကို ကျင့်သုံးရန် မဲရလဒ်များတွက်ချက်ခြင်းကို ကြွင်းကျန် မဲအများဆုံးစနစ် (Largest Remainder Formula) ကို ကျင့်သုံးရန်၊ မဲဆန္ဒနယ် သတ်မှတ်ရာတွင် မြို့နယ်အလိုက်၊ ခရိုင် များအလိုက် သတ်မှတ်ခြင်းမပြုဘဲ မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ပြီး ကိုယ်စား လှယ် နှစ်ဦးစီကို PR စနစ်ဖြင့် ရွေးကောက် တင်မြှောက်ရန်၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များအတွက် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ဖြင့်သာ ရွေးကောက်တင်မြှောက်ရန် ဆွေးနွေး တင်ပြသည်။
နိဂုံးချုပ်အမှာစကား
အစီအစဉ်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး က နိဂုံးချုပ်အမှာစကား ပြောကြားရာ တွင် ယခုတစ်ကြိမ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရာမှာ ပါတီများအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် အသီးသီးအတွက် အစုအဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းပြီး ပြောင်းလဲလာသည့် ခေတ် ကာလအခြေအနေအရ လွှတ်တော်များ တွင် ကျင့်သုံးဆောင်ရွက်သင့်သည့် ရွေးကောက်ပွဲစနစ်များကို အချိန်ယူကာ အသေးစိတ်ညှိနှိုင်း တိုင်ပင်ဆွေးနွေးပေး ကြသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန်နှင့် ဥပဒေပြုနိုင်ရန်အတွက် ရွေးကောက်ပွဲ များ ကျင်းပဆောင်ရွက်ကြရာတွင် ရွေးကောက်ပွဲစနစ်နှင့် ဒီဇိုင်းက အရေး ကြီးပါကြောင်း၊ ရွေးကောက်ပွဲနယ်မြေ များ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ပြီး မဲဆန္ဒရှင်များ၏ ဆန္ဒနှင့်အညီ အချိုးကျ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ် ပေးခြင်းဖြင့် အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ ရရှိကာ ပေါင်းစပ်ညှိနှိုင်းမှု ပိုမိုအားကောင်းပြီး နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုရှိသည့် ပါတီစုံ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးလာမှာဖြစ်ပါ ကြောင်း။
ဆွေးနွေးပေးကြ
ပါတီများအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်း က လုပ်ဆောင်နိုင်သည်များကို PR စနစ် ဖြင့် ဆောင်ရွက်နိုင်ရန် အများအကျိုး ရေရှည်အကျိုးရှေးရှုပြီး ဆွေးနွေးပေးကြ ခြင်းဖြစ်သည့်အတွက် ဆောင်ရွက်ပေး နိုင်သည့်ကိစ္စများကို အကောင်းဆုံး ဆောင်ရွက်ကြခြင်းဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးချက်များကို လေ့လာကြည့်ရာ တွင် အများစုအနေဖြင့် လွှတ်တော်သုံးရပ် တွင် PR စနစ်ကို ကျင့်သုံးရာ၌ စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ် (Closed List- PR ) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ မဲဆန္ဒနယ်များ ခွဲဝေသတ်မှတ်ရာတွင် လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးရန် ပြဋ္ဌာန်း ထားပါကြောင်း၊ မဲပေးရာတွင် မဲရုံတိုင်း ၌ မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့ ကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်၏ ပါတီအား မဲပေးနိုင်ရန် မဲရုံအဝတွင် ဗီနိုင်း ပိုစတာများဖြင့် ပါတီ၏ အမည်အောက် တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံနှင့် အမည်ကို ဖော်ပြသင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ပြန်လည်ဆွေးနွေးတိုင်ပင်
လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံးရသူ အနိုင်ရသည့် (FPTP) စနစ်မှ အချိုးကျ ကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲဆောင်ရွက်နိုင်ရန် ယခု ဆွေးနွေးချက်များအပေါ် မူတည်၍ မိမိနိုင်ငံနှင့် သင့်လျော်ပြီး ဥပဒေနှင့်လည်း ညီညွတ်မှုရှိစေရန်အတွက် ပြန်လည် ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ရန် လိုအပ် သည့် ဥပဒေများကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပဆောင်ရွက် ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထု အားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေး ပါတီများနှင့် လက်တွဲပြီး လာမည့် ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးစု များ၊ နိုင်ငံရေးပါတီငယ်များ၊ ယင်းတို့ကို ထောက်ခံသည့် ဆန္ဒမဲများအရ ပါဝင်လာ နိုင်ပြီး မျှမျှတတ မှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံရေးပါတီ (၆၂) ပါတီမှ ကိုယ်စားလှယ် (၁၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်