
နေပြည်တော် အောက်တိုဘာ ၁၃
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း ပြီး ရှင်းလင်းပြသခြင်းနှင့်လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မိုးစွေကျေးရွာအုပ်စု၊ ဘုရားတောင် ကျေးရွာအုပ်စု၊ တက်ရှိန်းကျေးရွာအုပ်စုနှင့် သရက် တောကျေးရွာအုပ်စုတို့မှ အုပ်ချုပ် ရေးမှူးများ၊ အတွင်းရေးမှူးများ နှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြန်မာအီလက် ထရောနစ်မဲပေးစက် အသုံးပြု၍ စမ်းသပ်မဲပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး မဲရုံအဖွဲ့ဝင် တာဝန်ယူကိုင်တွယ်ဆောင်ရွက်ရ သည့် ထိန်းချုပ်စက်ကို မဲဆန္ဒရှင် ပြည်သူများကိုယ်တိုင် ဆောင်ရွက် ခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း နှင့် မဲရလဒ်စာရင်းများဖော်ပြသည့် စက္ကူဖြတ်ပိုင်းနှင့် မဲပေးချက် ဖော်ပြသည့်စက်တွင် ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒမဲဖြတ်ပိုင်းများ အရေအတွက် တူညီမှုရှိကြောင်း နှင့် မှန်ကန်မှုရှိကြောင်း တိုက်ဆိုင် စစ်ဆေးခြင်း စသည့်လုပ်ငန်းစဉ် များကို ပါဝင်ဆောင်ရွက်ကြသည်။
ရှင်းလင်း ဆွေးနွေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းအစီအစဉ်များသို့ နံနက်ပိုင်းတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင် ပြည်သူ ၂၀၀ ၊ မွန်းလွဲပိုင်းတွင် လည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးများ၊ အတွင်းရေးမှူးများ နှင့် မဲဆန္ဒရှင်ပြည်သူ ၂၄၀ တက်ရောက်ခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အောက်တိုဘာ ၁၁ ရက်မှ ၁၃ ရက်အထိ ဥတ္တရသီရိ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀ ခုမှ မဲဆန္ဒရှင် ပြည်သူ ၁၃၆၀ ကို အီလက်ထရော နစ်မဲပေးစက်အသုံးပြု၍လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်