ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူးများအား ကြော်ငြာခေါ်ယူခြင်းအတွက် အသိပေးကြေညာချက်

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၀)တို့မှ လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် ရာထူးလစ်လပ် (၄၇၇) နေရာအတွက် ကြော်ငြာစာအမှတ်၊ (၃/၂၀၂၃) ဖြင့် ၂၆-၄-၂၀၂၃ နှင့်  ၂၇-၄-၂၀၂၃  ရက်နေ့တို့တွင်  မြန်မာ့အလင်း၊  ကြေးမုံနှင့်     မြဝတီသတင်းစာတို့၌    ကြော်ငြာခေါ်ယူထားရှိပြီး လျှောက်လွှာပိတ်ရက်ကို ၂၆-၅-၂၀၂၃ ရက်နေ့အဖြစ် သတ်မှတ်ထား ပါသည်။

 


ကြော်ငြာပါရာထူးအတွက် လျှောက်ထားရာတွင်  e-Recruitment and Selection System [ UCSB e-RSS Mobile Application နှင့် UCSB e-RSS Web Based ] တို့ကို   အသုံးပြု၍    Android   Devices,   I  phone  and   Web  Browser  မှတစ်ဆင့်   အချိန်မီဝင်ရောက် လျှောက်ထားရမည်ဖြစ်ပြီး   လျှောက်လွှာပိတ်ရက်    ၂၆-၅-၂၀၂၃ ရက်နေ့ထက် ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများကို System မှ အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်ပါသည်။

 


လျှောက်ထားသူများအနေဖြင့်  e-Recruitment  and  Selection System [UCSB e-RSS Mobile Application] ကို Google Play Store, Apple Store တို့မှတစ်ဆင့် Download ရယူ၍ အသုံးပြု ရမည်ဖြစ်ပြီး စနစ်အတွင်းသို့ ဝင်ရောက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဖြစ်သည့်  User Guide  နှင့်  အသုံးပြုခြင်းဆိုင်ရာအချက်အလက် တို့ကို  ပြည်ထောင်စုရာထူးဝန်အဖွဲ့၏  Website ဖြစ်သည့်  www.ucsb.gov.mm နှင့် Myanmar National Web Portal  ဖြစ်သော www. myanmar.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင် ပြီး   အခြားစုံစမ်းမေးမြန်းလိုချက်ရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊   နေပြည်တော်   (ဖုန်း၊ ၀၆၇-၃၄၀၉၀၅၂၊  ၀၆၇-၃၄၀၉၄၃၀၊ ၀၉-၄၂၄၄၀၈၉၅၄၊ ၀၉-၄၂၀၇၀၆၆၀၅၊ ၀၉-၄၂၀၇၀၆၆၀၆၊    ၀၉-၇၉၇၇၂၇၆၉၆၊    ၀၉-၄၄၁၉၃၇၃၄၃၊   ၀၉-၂၆၂၅၀၂၉၈၈) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့