ပြည်ထောင်စုရာထူးဝန်အဖွဲ့ (၈၆) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

 

နေပြည်တော်    မတ်     ၃၁


ပြည်ထောင်စုရာထူးဝန်အဖွဲ့၏   (၈၆)   နှစ်မြောက် အဖွဲ့စတင်ဖွဲ့စည်း တည်ထောင်သောနေ့ (Founda-tion Day)    အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါအဖွဲ့ရုံးရှိ စုပေါင်းခန်းမ၌ ကျင်းပရာ    ပြည်ထောင်စုရာထူးဝန်အဖွဲ့    ဥက္ကဋ္ဌ ဦးစစ်အေး    တက်ရောက်အမှာစကားပြောကြား သည်။

 


အခမ်းအနားသို့   ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသော  ဦးဆန်းမြင့်၊  ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်းနှင့် ၎င်းတို့ ၏ ဇနီးများ၊   တာဝန်ရှိသူများ၊   ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်   အရာထမ်း၊    အမှုထမ်းများ တက်ရောက်ကြသည်။    

 


အခမ်းအနားတွင်    ဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များက ဝန်ထမ်းလုပ်သက် နှစ် ၃၀ ပြည့်သူများ၊  အဖွဲ့အဆင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊  နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နှင့် ရုံးလုပ်ငန်းလက်စွဲ ရေးဖြေစာမေးပွဲတွင်  ဆုရရှိ ကြသည့် အရာထမ်း၊ အမှုထမ်းများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင်   ဖွင့်လှစ်သည့်  သင်တန်းများ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်း များ၊ အဖွဲ့အဆင့်   (၇၆)နှစ်မြောက်    ပြည်ထောင်စု နေ့အထိမ်းအမှတ် ဆောင်းပါး၊  ပန်းချီ၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသည့်  အရာထမ်း၊ အမှု ထမ်းများ၊    နေပြည်တော်   ဝန်ထမ်းအိမ်ရာများတွင်  အိမ်ခန်းအလိုက်  သန့်ရှင်းသပ်ရပ်မှု အကောင်းဆုံးဆု ရရှိသူများ၊  မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက် ကိုင်တွယ်အသုံးပြုခြင်း ကျွမ်းကျင်မှုစွမ်းရည်ပြိုင်ပွဲ တွင်   ဆုရရှိကြသည့်  ဝန်ထမ်းအဖွဲ့များကို   ဆုများ ချီးမြှင့်ပြီး   ၂၀၂၃ ခုနှစ်   (၇၅)နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနအဆင့် လွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် အဖွဲ့ကိုယ်စား  ပြု   လွန်ဆွဲ(အမျိုးသမီး)   အသင်းတို့ကို   ဂုဏ်ပြု မှတ်တမ်းလွှာ၊    ဂုဏ်ပြုဆုငွေနှင့်    ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်ကြသည်။

 


ထို့နောက်   ဗလာမပါ   ကံစမ်းမဲများဖောက်ပေး ခြင်း၊   အဆိုပြိုင်ပွဲများ၊  ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီး နှစ်ပတ်လည်နေ့အထိမ်းအမှတ်    အခမ်းအနားသို့  တက်ရောက်လာသူများအား   ညစာဖြင့်   တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။  

သတင်းစဉ်