ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေ၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်

 

နေပြည်တော်   မေ   ၁၉


ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ (၁၃) ကြိမ်မြောက် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက်  ဝန်ထမ်း သားသမီးများအား    ပညာသင် ထောက်ပံ့ငွေ၊   ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်း   အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီ တွင်  နေပြည်တော်ရှိ  အဆိုပါရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ခင် မျိုးမြင့်၊    ဦးရဲနိုင်၊  သူရဦးဘိုနီနှင့် ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန် ရှိသူများ၊ ကျောင်းသား ကျောင်းသူ များနှင့် မိဘများ တက်ရောက် ကြသည်။

 


အခမ်းအနားတွင်     ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပညာရေးကဏ္ဍ  အဆင့်နိမ့်ကျမှု မရှိစေရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း   သင်ယူနိုင်မှုအခွင့် အလမ်းများ ရရှိစေရေး နိုင်ငံတော် မှ KG+12  ပြောင်းလဲပြင်ဆင်ခဲ့ရာ မိမိတို့၏ကလေးများကို ပညာရေး ဆုံးခန်းတိုင်သည်အထိ သင်ယူနိုင် ရေး  အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊   ပညာရေးဝန်ကြီး ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့က ကျောင်းအပ်နှံရေးလှုံ့ဆော် ပေးလျက်ရှိရာ ဝန်ထမ်းများအနေ ဖြင့် မိမိတို့၏ သား သမီးများကို အချိန်မီကျောင်းအပ်နှံပြီး ပညာ ရေးဆုံးခန်းတိုင်အောင် သင်ကြား ပေးရန်  တာဝန်ရှိကြောင်း၊ အရည် အချင်းပြည့်ဝပြီး     အသိပညာ၊ အတတ်ပညာပြည့်စုံသည့် လူသား အရင်းအမြစ်များ  မွေးထုတ်ပေး နိုင်ရေး ပညာရေးကဏ္ဍထောက်ပံ့ မှုများကို အဖွဲ့အနေဖြင့် တတ်နိုင် သမျှ  ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားများ   ကိုယ်တိုင် လေ့လာ    သင်ယူလိုစိတ်ရှိရန် လိုအပ်သလို   မိဘများကလည်း ပူးပေါင်း  ဆောင်ရွက်ရမည်ဖြစ် ကြောင်း    မှာကြားကာ   ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အတွက် တက္ကသိုလ်အဆင့် တက်ရောက်မည့် ဝန်ထမ်းသား သမီး ကျောင်းသား  ကျောင်းသူ များကို ပညာသင်ထောက်ပံ့ကြေး များ၊      အခြေခံပညာအဆင့် တက်ရောက်မည့်  ဝန်ထမ်းသား သမီးများအား   ကျောင်းဝတ်စုံနှင့် ကျောင်းသုံး  စာရေးကိရိယာများ ကို  ထောက်ပံ့ပေးအပ်ပြီး အားပေး စကား ပြောကြားသည်။

 


၂၀၂၃-၂၀၂၄  ပညာသင်နှစ် အတွက်    တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူ ၂၃ ဦး အတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ် ၂၃ သိန်း၊ အခြေခံပညာ အဆင့် (အထက်တန်း၊ အလယ် တန်း၊ မူလတန်း)   ကျောင်းသား ကျောင်းသူ ၁၄၀ အတွက် ပညာ သင်ထောက်ပံ့ကြေးငွေကျပ်  ၄၂ သိန်း၊ ကျောင်းဝတ်စုံနှင့် ကျောင်း သုံး စာရေးကိရိယာများအတွက် ငွေကျပ် ၃၃ သိန်း စုစုပေါင်းငွေကျပ်   ၉၈   သိန်း    ထောက်ပံ့ပေးအပ် ကြောင်း သိရသည်။  

သတင်းစဉ်