ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး သာတူညီမျှဖွံ့ဖြိုးတိုးတက်ရေးအတွက် နေရောင်ခြည်အားစွမ်းအင်

Type
6

 

 အင်ဂျင်နီယာထွန်း(စက်မှုစီးပွားထူးချွန်)

 

နေရောင်ခြည်အားစွမ်းအင်


ပြန်လည်ပြည့်ဖြိုးစွမ်းအင်   (Renewable Energy)   များအနက် နေရောင်ခြည်အားစွမ်းအင်  (Solar Energy)သည်  လျော့နည်း ပျောက်ကွယ်မှုမရှိဘဲ ကမ္ဘာသူ ကမ္ဘာသားများအတွက် ထာဝရခိုင်မြဲ စွာ  တည်ရှိနေမည်ဖြစ်ပါသည်။
မိမိတို့လူသားများအတွက် စဉ်ဆက်ပံ့ပိုးပေးနေမည့် နေရောင်ခြည် စွမ်းအင်ကို  မြော်မြင်စဉ်းစားတွေးခေါ်ပြီး  နည်းမျိုးစုံဖြင့်ဖော်ဆောင် အသုံးပြုအကျိုးထူးရရှိစေအောင် သုတေသနပညာရှင်များက သုတေ သနပြု ဖော်ဆောင်ပေးနေကြသည်ကို မိမိတို့က လိုအပ်သည့်နေရာ များတွင် ထိရောက်စွာ  အသုံးချလာနိုင်ကြပါလျှင်  တိုင်းရင်းသား ပြည်သူများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိ‌ရောက်စွာ အကျိုးဖြစ်ထွန်းစေပါမည်။

 


လူသားများအားလုံးက မူလအစကနဦးတွင် တီထွင်အောင်မြင် ခဲ့သော လောင်စာဆီသုံး (Internal Combustion Engine - ICE) စွမ်းအင်ကိုအသုံးပြုကြကာ   မိမိတို့  စွမ်းအားလိုအပ်သည့်နေရာ များတွင် အသုံးပြု၍လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ဖော်ဆောင် လာနိုင်ခဲ့ကြသည်။   တိုးချဲ့သုံးစွဲလာမှု    များပြားလာကြပြီး   ကာလ ကြာမြင့်စွာ  သုံးစွဲလာခြင်းတို့ကြောင့် အမြောက်အမြား ထွက်ပေါ်လာ သော  ညစ်ညမ်းလောင်ကျွမ်းဓာတ်ငွေ့များ၏  ဆိုးရွားမှုများသည် သတ္တဝါများနှင့် လူသားတို့၏ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်စေပါသည်။ ၎င်းကို ကျော်လွှားနိုင်စေရန် လောင်စာဆီသုံး (ICE) အင်ဂျင်သုံးသည့် ခေတ်ကို အစားထိုးဖြည့်ဆည်းပေးနိုင်မည့် လျှပ်စစ်စွမ်းအင်သုံး Electric Vehicle (EV) ယာဉ်များကို သုတေ သနပြု အောင်မြင်စွာတီထွင် အသုံးပြုလာနိုင်ကြပြီဖြစ်ပါသည်။ 

 


စွမ်းအင်ရရှိနိုင်သည့် နည်းလမ်းများ


လူဦးရေတိုးတက်လာခြင်းကြောင့်    လူသားများ  သွားလာ နေထိုင်ရေး စားသောက်ရေးတို့အတွက် စွမ်းအင်လိုအပ်ချက်များမှာ လည်း   အံ့မခန်းဖြစ်လာသဖြင့်  စွမ်းအင်ထုတ်လုပ်ပေးနိုင်သော ရေအားစွမ်းအင် (Hydro Power) ၊ လေအားစွမ်းအင် (Wind Power)၊ သံလိုက်အားစွမ်းအင် (Magnetic Power)၊  နေရောင်ခြည်အား စွမ်းအင် (Solar Power) စသည့် စွမ်းအင်ရရှိနိုင်သည့် နည်းလမ်း များကို ဖော်ဆောင်ကာ အသုံးချနိုင်ရန် ကြိုးပမ်းလာခဲ့ကြပါသည်။    

 


မကြာတော့မည့်ခေတ် ၂၀၂၂-၂၀၂၅ ခုနှစ် ကာလခန့်အတွင်း ကမ္ဘာ့နိုင်ငံတိုင်း၌  လတ်တလော  သုံးစွဲနေကြသည့်  ICE အင်ဂျင် စွမ်းအင်အစား EV စွမ်းအင်သုံး ယာဉ်များကိုသာ သုံးစွဲလာကြတော့မည် ဖြစ်ပါသည်။

 


ပမာဏများသော ထိုလျှပ်စစ်စွမ်းအင်သုံး EV ယာဉ်များ ပြည့်ဝစွာ လျှပ်စစ်စွမ်းအင်ရယူအသုံးပြုနိုင်ရေးနှင့်   လျှပ်စစ်စွမ်းအား တိုးချဲ့ ဖြည့်ဆည်း ထုတ်လုပ်ကြရာတွင်  ကူညီပံ့ပိုးမှုရအောင် နောက်တစ်ဆင့် တက်ကာ EV စွမ်းအင်သုံးယာဉ်များကို EV - Solar Hybrid ယာဉ်များ၊ Fully Solar ယာဉ်များအနေဖြင့် အောင်မြင်စွာ တီထွင်သုတေသန ပြု ဖော်ဆောင်ပေးလာနိုင်ကြပြီ ဖြစ်ပါသည်။ 

 


စုပေါင်းစွမ်းအားဖြင့်


ပမာဏများပြားလာမည့်   EV   ယာဉ်များနှင့်   ဦးရေများစွာ  အစဉ်အဆက်တိုးလာနေမည့်  လူသားများ၏   စားဝတ်နေ‌ရေး၊ စိုက်ပျိုးမွေးမြူရေး၊ စက်မှုလုပ်ငန်းများ အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက် ပေးနိုင်‌ရေးနှင့်  အထွေထွေလိုအပ်သမျှအားလုံးကို ဖြည့်ဆည်းပေးနိုင်‌ ရေးတို့အတွက် လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို စွမ်းဆောင်ဖော် ဆောင်ပေးနိုင်ပြီး   လျော့နည်းပျောက်ကွယ်မှုမရှိစေဘဲ  ကမ္ဘာသူ ကမ္ဘာသားများအတွက် ထာဝရခိုင်မြဲစွာတည်ရှိနေမည့် နေရောင် ခြည်အား စွမ်းအင်ကို  စုပေါင်းစွမ်းအားဖြင့်   မြန်မာပြည်တစ်လွှား တိုင်းနှင့်ပြည်နယ်အသီးသီး၏  နေရာအနှံ့အပြားတွင်  တစ်ဦးချင်း  တစ်ဖွဲ့ချင်း၊ အဖွဲ့အစည်းအသီးသီး၊   ဝန်ကြီးဌာနအသီးသီးတို့က စုပေါင်းဖန်တီးကာ  အချိန်တိုကာလအတွင်းထိရောက်စွာ  ဖော်ဆောင် ရမည် ဖြစ်ပါသည်။

 


နေရောင်ခြည်အားစွမ်းအင်  ( Solar Power) ကို  အစားထိုး သုံးစွဲနိုင်ကြရေး  ဆောင်ရွက်လာနေကြသည်နှင့်အမျှ  လယ်ယာ စိုက်ပျိုးရေး(ရေသွင်း-ထွန်ယက်-ရိတ်သိမ်း-အခြောက်ခံ)၊ မွေးမြူရေး (အစာ-အကောင်ဖောက်-ကြီးထွားစေရန်)၊   အိမ်တွင်းမှုလုပ်ငန်း၊ စုပေါင်းအိမ်တွင်းမှုလုပ်ငန်း (ရက်ကန်း၊  ချုပ်စက် ဖြင့် အဝတ်ချည်ထည်ထုတ်လုပ်)၊   အသေးစား/အလတ်စား/အကြီး စားစက်မှုလုပ်ငန်းများ  တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့်  တိုးတက်များပြား လာသော     အိမ်ထောင်စုအသစ်များအတွက်  မီးလင်းရေး/အိမ်တွင်း လျှပ်စစ်စွမ်းအားသုံးပစ္စည်းများဖြစ်သော  ရေခဲသေတ္တာ၊    ချက်ပြုတ် မီးဖို၊ လေအေးပေးစက်၊  ပန်ကာစသည်တို့   သုံးစွဲနိုင်ကြရေးအတွက်  များပြားစွာလိုအပ်လာမည့် စွမ်းအင်စွမ်းအားကို   နေရောင်ခြည်အား စွမ်းအင်ဖြင့် ဖြည့်ဆည်းပေးနိုင်ရန် သုတေသနပညာရှင်များက တီထွင် ဖန်တီးပေးထားသည့်     အခွင့်အလမ်းကောင်းများကို    လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်အောင်   ထိရောက်စွာ   ဝိုင်း၀န်း ကြိုးပမ်းအားထုတ်ကြရပါမည်။

 


အောင်မြင်မှုရလဒ်ဖြစ်လာမည်


တိုင်းပြည်အတွက်လိုအပ်သော လျှပ်စစ်စွမ်းအား ပြည့်ပြည့်ဝဝ အစဉ်ရရှိနိုင်ရေးအတွက် နေရာတိုင်းတွင် နေရောင်ခြည်အားစွမ်းအင် ဖြင့်  အစားထိုးမှုအောင်မြင်စွာ  လုပ်ဆောင်လာနိုင်ကြမည်ကို ဝမ်းသာ အားရစွာဖြင့် ကြိုဆိုကာ  မြန်မာပြည်နေရာအနှံ့အပြားတွင်  စုပေါင်း အင်အားဖြင့် နေရောင်ခြည်အားစွမ်းအင်  (Solar Power) ကို ဝါယမ စိုက်ထုတ်အသုံးပြုနိုင်အောင်    အကောင်အထည်ဖော်ပေးနိုင်ပါက  ထိရောက်သော ကြိုးပမ်းမှု၏ အောင်မြင်မှုရလဒ်ဖြစ်လာမည် ဖြစ်သဖြင့် တစ်ဦးချင်းတစ်အိမ်ချင်းကအစပြုကာ  တိုင်းရင်းသားပြည်သူများအားလုံးနှင့်   ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကျရာအခန်းမှ အားထည့်စွမ်းဆောင်ပေးကြပါရန် တိုက်တွန်း အပ်ပါသည်။

 


တစ်ယောက်အားတစ်ဖွဲ့အားနဲ့ မရနိုင်သည်ကို ပြည်ထောင်စုဖွား  တိုင်းရင်းသားများအားလုံးက  စုပေါင်းအားဖြင့်   ကျရာနေရာမှ ဝါယမ စိုက်ထုတ်  ဖော်ဆောင်နိုင်ကြခြင်းဖြင့်    အချိန်တိုအတွင်း   လူတိုင်း  အိမ်တိုင်း၊  အဖွဲ့အစည်းတိုင်း၊ လုပ်ငန်းတိုင်းအတွက် မကြောင့်မကြ      မတောင့်မတဖြစ်စေ‌မည့်      နေရောင်ခြည်အား စွမ်းအင်စနစ်များသုံးစွဲခြင်းကို  အကောင်အထည်ဖော်နိုင်ကြခြင်းဖြင့်     ပြည်ထောင်စု ဖွားတိုင်းရင်းသားများအားလုံးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး    ဖွံ့ဖြိုးတိုးတက်ရေးအတွက် နေရောင်ခြည်အား  စွမ်းအင်  (Solar Power)ကို အလေးထားဖော်ဆောင်ကြပါစို့ဟု ဟစ်ကြွေးရင်း “စိန်ရတု ပြည်ထောင်စုနေ့”ကို ဂုဏ်ပြုလိုက်ရပါသည်။    ။