ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (Stay at Home ) သတ်မှတ်ထားသော မြို့နယ်များ၌ ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးကြပ်မတ်လျက်ရှိ

 

ဇမ္ဗူသီရိ   ဇူလိုင်   ၈


ပြည်ထောင်စုနယ်မြေ      နေပြည် တော်တွင်  ကိုဗစ်-၁၉  ကူးစက် မှုနှုန်း   များပြားလာသည့်အတွက် ဇမ္ဗူသီရိမြို့နယ်         အတွင်းရှိ ပျဉ်းမနား-တောင်ညိုလမ်း(ဇမ္ဗူသီရိမြို့နယ်နှင့်  ပျဉ်းမနားမြို့နယ် နယ်စပ်)၊  နေပြည်တော်ကောင်စီလမ်း(ဇမ္ဗူသီရိမြို့နယ်နှင့်  ပုဗ္ဗသီရိ မြို့နယ်နယ်စပ်)၊ တော်ဝင်ရတနာလမ်း(ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိ မြို့နယ်နယ်စပ်)၊ ရာဇသင်္ဂဟလမ်း (ရေပန်းဥယျာဉ်      ပေါက်ရှေ့)၊ နန်းချွန်လမ်းဆုံ၊  ဇမ္ဗူသီရိဆေးရုံလမ်း(ချိုင်းရွာလမ်းဆုံ)၊ တော်ဝင် ရတနာလမ်း   (ရွှေကြာပင်မီးပွိုင့်)၊ ရာဇသင်္ဂဟလမ်း      (ဂေါက်ကွင်း ထိပ်)၊    ဉာဏအောင်မြေလမ်း (MICC-2)ရှေ့နှင့်   နေပြည်တော် မြို့ပတ်လမ်း  (V-4 လမ်းဆုံ)တို့ တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊    မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး      အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ    ပါဝင်သော     ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက      အဖွဲ့ ၁၀ ဖွဲ့ခွဲကာ   Stay at Home နှင့် စပ်လျဉ်းသည့်     အမိန့်ကြေညာချက်ပါ     စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ      လိုက်နာ ဆောင်ရွက်ရေး ယနေ့နံနက်ပိုင်းမှ စတင်ကာ     ကြပ်မတ်စစ်ဆေးလျက်ရှိသည်။


အလားတူ  ပျဉ်းမနားမြို့နယ် အတွင်းရှိ    နေရာကိုးနေရာတွင် လည်း   ပူးပေါင်းစစ်ဆေးရေးအဖွဲ့ များဖြင့်   ကြပ်မတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။


မြို့နယ် 
(ပြန်/ဆက်)