ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

နေပြည်တော်   ဒီဇင်ဘာ ၁၉


စိုက်ပျိုးရေး၊       မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး  ဒေါက်တာအောင်ကြီး သည်  ဒီဇင်ဘာ ၁၈  ရက်  နံနက် ပိုင်းတွင်  ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ   နေပြည်တော်  တပ်ကုန်းမြို့နယ်  မယ်ဇလီကျင်း ကျေးရွာအနီးတွင်  တည်ဆောက် ထားသည့်   ဆင်သေရေလှောင် တမံနှင့်  ဒဟတ်ကုန်းကျေးရွာရှိ ရေလွှဲဆည်တို့၏          ဆည်ရေ သိုလှောင်ထားရှိမှု၊  တမံကြံ့ခိုင်မှု၊ စိုက်ပျိုးရေ ပေးဝေနေမှုနှင့် မြို့ပြ သုံး ရေပေးဝေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို     ဆွေးနွေးမှာကြား   သည်။


အကျိုးပြုလျက်ရှိ


အဆိုပါ  ဆင်သေရေလှောင်တမံ သည် ယခုနှစ် မိုးစပါးဧက ၁၀၀၀၀ ကျော်၊ နွေစပါးဧက ၇၀၀၀ ကျော် နှင့် ဒေသ၏သောက်သုံးရေ  ဖူလုံ ရေးကို အကျိုးပြုလျက်ရှိသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၆၈) စက်မှုလယ်ယာစခန်း သို့ရောက်ရှိပြီး တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီး က    စက်မှုလယ်ယာစနစ်သို့ လက်တွေ့         ကူးပြောင်းနိုင်ရေး၊ တောင်သူများကိုယ်တိုင် လယ်ယာ သုံး  စက်ကိရိယာများ  ကျွမ်းကျင် စွာ    အသုံးပြုနိုင်ရေး   ကြိုးပမ်း ဆောင်ရွက်ရန်  လိုအပ်ချက်များ ကို  တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။ 


အလားတူ  ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာန၊  ယာသီးနှံ သုတေသနဌာနခွဲ၊  ပဲမျိုးစုံသီးနှံ သုတေသနဌာနစုသို့ ရောက်ရှိပြီး ပဲတီစိမ်းသီးနှံ သုတေသနလုပ်ငန်း များ          ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကမ္ဘာ့ဟင်းသီးဟင်းရွက် သုတေသနဌာနနှင့်          ပူးပေါင်း ဆောင်ရွက်နေမှု လုပ်ငန်းများကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသသီးနှံများ  သုတေ သနဌာနနှင့်   ပဲစင်းငုံမျိုးကွဲများ ပူးပေါင်း ဆောင်ရွက်နေမှု အခြေ အနေနှင့် ပဲပုပ်သီးနှံ သုတေသန လုပ်ငန်းများအတွက်  ထိုင်းနိုင်ငံ အထောက်အပံ့ (TICA) စီမံကိန်း အကူအညီဖြင့်   ပဲပုပ်မျိုးများ သုတေသန ဆောင်ရွက်နေမှုများ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေး ပြီး    လိုအပ်သော  သုတေသန လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်  ကိစ္စရပ်များကို  တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး နှင့်  အဖွဲ့သည်      အမှတ် (၂) ပျဉ်းမနား    သကြားစက်ရုံနှင့် အမှတ် (၃)  သကြားစက်ရုံများသို့ သွားရောက်ကြပြီး  သကြားစက်ရုံ များ၏ စက်ကြံ့ခိုင်ရေးဆောင်ရွက် ထားရှိမှု၊ ကြံရာသီ ကြံကြိတ်ဝါး နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ကြံဝယ်ယူရေး   လျာထားချက် ပြည့်မီရေး  ဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးသည်။


ဆွေးနွေးမေးမြန်းခဲ့


ညနေပိုင်းတွင် ပျဉ်းမနားမြို့နယ် သနပ္ပင်ဆိပ်ကျေးရွာရှိ  စိုက်ပျိုး စီးပွားအသိပညာပေး စင်တာတွင် ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံ၍ ဒေသ ၏ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှု အခြေအနေများကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြောင်း  သိရ သည်။

          
           သတင်းစဉ်