နေပြည်တော် ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေရာ အနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်၊ ချောင်းများတစ်လျှောက် ရေကြီးနစ်မြုပ်မှုများ လျော့နည်းသက်သာစေရေးနှင့် အချိန်တိုအတွင်း ရေထုတ်နုတ်စီးဆင်းနိုင်ရေးအတွက် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တင်းဝါးချောင်း၊ ဆင်သေ ချောင်းနှင့် ငလိုက်ချောင်းတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် ပင်လောင်းလမ်းကို ဖြတ်သန်းစီးဆင်းလျက်ရှိသည့် တင်းဝါးချောင်းတစ်လျှောက် ရေစီးဆင်းမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ပင်လောင်းလမ်းဘေးနှင့် နေရောင်ပြအင်းစိုက်ကွင်းများမှ အချိန်တိုအတွင်း ရေထုတ်နုတ်နိုင်ရေးအတွက် တင်းဝါးချောင်း တစ်လျှောက် ရေစီးဆင်းရာတွင် ချောင်းကျဉ်းသော နေရာများ၊ ချောင်းကြမ်းပြင်အတွင်း သဲနုန်းပို့ချမှု များရှိပါက အချိန်မီ ပြန်လည်တူးဖော်ဆောင်ရွက်ရန် နှင့် နတ်မြောင်းရေထိန်းတံခါး ယာယီရေကူထုတ် ရေလွှဲနိုင်ရေး ဆောင်ရွက်ရန်အတွက် အကောင် အထည်ဖော်နိုင်ရေး လေ့လာစီမံခဲ့သည်။
ယမန်နေ့ညနေပိုင်းတွင် ပင်လောင်းလမ်းဘေး နှင့် နေရောင်ပြအင်းစိုက်ကွင်းများမှ ရေလျော့ကျမှု အခြေအနေ၊ တင်းဝါးချောင်း ရေစီးရေလာ အခြေအနေ များနှင့် နတ်မြောင်းရေထိန်းတံခါး ယာယီရေကူထုတ် ရေလွှဲလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ဇေယျာသီရိမြို့နယ် ကျောက်ချက် ကျေးရွာအနီး ဆင်သေချောင်းရေစီးဆင်းမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ယခင်နေ့အောက် (၃ ဒသမ ၅) ပေခန့် လျော့ကျစီးဆင်းလျက်ရှိသည့် အတွက် ဆင်သေချောင်းအတွင်း တင်းဝါးချောင်းမှ ရေကောင်းမွန်စွာ ထုတ်နုတ်နိုင်မည်ဖြစ်သော်လည်း အချိန်တိုအတွင်း ရေထုတ်နုတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ငလိုက်ချောင်းတစ်လျှောက် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် ချောင်းကမ်းဘေးတစ်လျှောက်နေရာ များနှင့် ပျဉ်းမနားမြို့ (၉) လမ်းတံတား၊ (၆) လမ်း တံတား၊ (၄) လမ်းတံတားနှင့် အာဟာရသုခဈေးအနီးရှိ ပညာပန်းတိုင်တံတားများမှ ရေစီးထွက်မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ငလိုက်ချောင်း တစ်လျှောက် ရေစီးဆင်းမှုအခြေအနေများ တစ်နေရာ နှင့် တစ်နေရာ ကြိုတင်ခန့်မှန်းနိုင်ရန်နှင့် စောင့်ကြည့် လေ့လာသုံးသပ်နိုင်ရန်အတွက် ရေမှတ်တိုင်များထား ရှိရန်၊ ငလိုက်ချောင်းအတွင်း စီးဝင်သော တောင်ညို ချောင်းနှင့် တံခွန်တိုင်ချောင်း ရေစီးရေလာ အခြေ အနေများကို အချိန်နှင့်အမျှ စောင့်ကြည့်စစ်ဆေး နေ၍ လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပျဉ်းမနား မြို့နယ် ပေါင်းလောင်းရေလွှဲဆည်သို့ ရောက်ရှိရာ ရေလွှဲဆည်ကြံ့ခိုင်ရေးအတွက် ထိန်းသိမ်းဆောင်ရွက် ထားရှိမှု အခြေအနေ၊ သဲထုတ်ရေတံခါးများ ဖွင့်လှစ် ထားရှိမှုအခြေအနေ၊ အထက်ပေါင်းလောင်း ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေ၊ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံမှ စီးထွက်ရေ၊ အောက်ပေါင်းလောင်း ရေလှောင်တမံရေ ပိုလွှဲမှ ရေကျော်ကျမှုအခြေအနေ၊ အောက်ပေါင်း လောင်း ရေအားလျှပ်စစ်စက်ရုံမှ စီးထွက်ရေ၊ အောက် ပေါင်းလောင်းတမံနှင့် ပေါင်းလောင်းရေလွှဲဆည်ကြား စီးဝင်ရေနှင့် ပေါင်းလောင်း ရေလွှဲဆည်မှ ရေကျော်ကျ မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်