ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထာဝရငြိမ်းချမ်းရေးစေတီတော်အတွက် အလှူတော်ငွေပေးအပ်

 

 

 

မန္တလေး ဩဂုတ် ၁၅

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံတည်ဆောက်အချောသပ်မွမ်းမံခြင်းလုပ်ငန်းများအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၂ လမ်းရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး ဦးစိုင်း ပန်းဆိုင်၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ဇနီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ညွှန်ကြား ရေးမှူး ဦးအောင်သိန်းဦး၊ တာဝန်ရှိ သူများနှင့် အလှူရှင်များ တက်ရောက် ကြသည်။ ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် အလှူငွေများပေးအပ် လှူဒါန်းကြရာ ဦးမောင်ကို ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေဥ(ထာဝရ ကုမ္ပဏီများအုပ်စု ၊ ရွှေဥဩရွှေဆိုင်) မိသားစုက အလှူငွေကျပ်သိန်းနှစ်ရာ၊ ဦးမြင့်နိုင် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ရွှေ (အာရှနိုင် အင်တာပရိုက်စ် လီမိတက်)မိသားစုက အလှူငွေ ကျပ်သိန်း တစ်ရာ့ငါးဆယ်၊ သီရိ သုဓမ္မသိင်္ဂီ ဒေါ်ဌေးဌေးသိန်း (မြသစ္စာ သစ်သီးပွဲရုံလုပ်ငန်း) မိသားစု၊ သီရိ သုဓမ္မသိင်္ဂီ ဒေါ်ခင်အုန်းမြင့် (သမာဓိ အာမခံရွှေဆိုင်၊ အောင်စိုးမိုး လျှပ်စစ် ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးနှင့် အောင်စိုးမိုး အထည်ဆိုင်) မိသားစု၊ ဒေါက်တာဝင်းလှိုင် ဇနီး သုဓမ္မသိင်္ဂီ ဒေါ်မြစန္ဒာဝင်း (တော်ဝင်စိန်တိုက်) မိသားစု၊ ဦးဝင်းဖေမြင့် (မြတံခွန်နှင့် အောင်သန်းဆု ပင်ရင်းထီရောင်းဝယ် ရေး ) မိသားစု၊ သုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်သက်နိုင် (အောင်သိဒ္ဓိ နို့ဆီနှင့် ရွှေမြန်မာထောပတ်လုပ်ငန်း) မိသားစု၊ ဦးတင်ကိုကို + ဒေါ်အေး သီတာ ( Shining Star Gem & Jewellery) မိသားစု၊ ဦးဘရန်မိုင် (သျှမ်းလက်ရာ စားသောက်ဆိုင်) မိသားစု၊ ဒေါ်ခင်နှင်းဦး(ခ) မစုရင် (မြန်မာနန်းထိပ် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး) မိသားစု၊ သုဓမ္မသိင်္ဂီ ဒေါ်အေးအေးမြင့် မိသားစု၊ သုဓမ္မ မဏိဇောတဓရ ဦးမောင်စိုး (စိန်စွန် ညို-အဆင့်မြင့် သံရည်ကျိုသံနန်းဆွဲ လုပ်ငန်း) မိသားစု၊ ဦးညီမော်ကွန်း ဇနီး ဒေါ်ရူပါအေးသန်းဝင်း (သစ္စာ ကျောက်မျက်ရတနာ ရောင်းဝယ် ရေးနှင့် ခေတ်ရာဇာကျောက်မျက် ကုမ္ပဏီ)မိသားစု၊ ဒေါ်ဝင်းဝင်းခိုင်(ခ)ဒေါ်အလင်း (Champion Bakery မုန့်မျိုးစုံဖြန့်ချိရေး) မိသားစုနှင့် သုဓမ္မသိင်္ဂီ ဒေါ်ခင်မိုးမိုးဝင်း (Immortal Moe Co; Ltd ဆိုင်ကယ် လက်လီလက်ကား ဖြန့်ချိရေး လုပ်ငန်း)မိသားစုတို့က အလှူငွေ ကျပ် သိန်းတစ်ရာစီ၊ ဦးအောင်ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးမော်စီ (အောင်သမာဓိ စိန်ရွှေရတနာဆိုင် နှင့် ရွှေသန့်စင်လုပ်ငန်း) မိသားစု၊ သုဓမ္မသိင်္ဂီဒေါ်သန်းသန်း(မြန်မာသူရ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်း) မိသားစု၊ သုဓမ္မသိင်္ဂီ ဒေါ်မြမြသန်း (ကုန်သည်) မိသားစု၊ ဦးသန်းဌေး အောင် (ဦးဘရင်သံဆိုင်) မိသားစု၊ ဦးမျိုးချစ် (အောင်သန်းဝေ စက်မှု လက်မှု၊ လျှပ်စစ်ပစ္စည်း ရောင်းဝယ် ရေး၊ ရွှေဝါဝင်းမင်္ဂလာခန်းမနှင့် ကိတ်မျိုးစုံလုပ်ငန်း)မိသားစု၊ ဒေါ်ဥမ္မာ စောဝင်း(မြန်မာ့အလှ ပိုးထည်၊ ချည်ထည်တိုက်၊ Hello စက်သုံးဆီ ရောင်းဝယ်ရေး) မိသားစု၊ ဦးကျော် သန်းဇော်မိသားစု၊ ဒေါ်ညွန့်ညွန့် အောင်(မြဂုဏ်ရောင်ရွှေခေတ်စတိုး)မိသားစု၊ ဦးအောင်အောင်ဇနီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်လှလှဝေ၊ ဦးမြင့်အောင် ဇနီး သီရိသုဓမ္မသိင်္ဂီ ဒေါ်မြင့်မြင့်ရီ (အောင်မြင့်မိုရ်ဟိုတယ် နှင့် သာစည်ရောင်းဝယ်ရေးလုပ်ငန်း)၊ ဒေါက်တာလှကြွယ်+ သီရိသုဓမ္မသိင်္ဂီ ဒေါ်အေးအေးအောင် (အောင်ဝင့်ထည် စီးပွားရေးလုပ်ငန်းစု ကုမ္ပဏီလီမိ တက်) မိသားစုတို့က အလှူငွေကျပ် သိန်း ၅၀ စီ၊ ဒေါ်ထွေးထွေး(ခ) ဒေါ်လှထွေး(ဆန်းဝင်းမြင့်စက်မှု) မိသားစုက အလှူငွေကျပ်သိန်း ၃၀ နှင့် ဒေါ်ညွန့်ယဉ်ဝင်း (Rich Life Co,Ltd) မိသားစုက အလှူငွေကျပ် သိန်း ၂၀ တို့ကို အသီးသီးပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်း သားလူမျိုးရေးရာ ဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လက်ခံ ရယူ၍ အလှူရှင်တို့အား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

အဆိုပါ ထာဝရငြိမ်းချမ်းရေး စေတီတော်အတွက် အနယ်နယ် အရပ်ရပ်မှ အလှူရှင် ၂၈ ဦးတို့က စုစုပေါင်း လှူဒါန်းငွေကျပ် - ၂၂၅,၀၀၀,၀၀ဝိ/- (သိန်း နှစ်ထောင့် နှစ်ရာ ငါးဆယ်တိတိ)ကို လှူဒါန်းခဲ့ ကြောင်း သိရသည်။ သတင်းစဉ်