ပြည်ထောင်စုနယ်မြေ နေပြည်တော် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   မေ   ၉


ပြည်ထောင်စုနယ်မြေ   နေပြည်တော်  “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု”    အခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်  မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်သည်။   
နိုင်ငံရေးနှင့်ပတ်သက်၍      သဘောထားကွဲလွဲမှု များကို    နိုင်ငံရေးယဉ်ကျေးမှုအနေဖြင့်သာ   ဖြေရှင်း ဆောင်ရွက်နိုင်ကြသော်လည်း   ပညာတတ် နည်းပါး သည့်နိုင်ငံများတွင်     ပဋိပက္ခများ    ဖြစ်ပေါ်နေမည်ပင် ဖြစ်ကြောင်း၊  ထို့ကြောင့်  ပညာတတ်များ ပေါကြွယ်ဝ စေရေးအတွက်    လူတိုင်း    စာတတ်မြောက်ရေးကို ဆောင်ရွက်ပြီး     ထိုမှတစ်ဆင့်  ပညာတတ်များ ပေါကြွယ်ဝရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကိုအားပေး
မိမိတို့နိုင်ငံအနေဖြင့်    ပညာရည်မြှင့်တင်ရေး လှုပ်ရှားမှုများကို    မဖြစ်မနေ   အားပေးမြှင့်တင်ရန် လိုအပ်သောကြောင့်       ပြည်ထောင်စုနယ်မြေ နေပြည်တော်မှအစပြု၍  တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်    “စာကြည့်တိုက်များ    ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကို ဆောင်ရွက် ရန်   ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပညာ ရေးအခြေအနေအနေဖြင့်   နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ပင်  တန်းစဉ်ကူးပြောင်းမှုများသည် နှစ်စဉ်လျော့နည်းခဲ့သည်ကို  အချက်အလက်များအရ သိရှိရပြီး     တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း တန်းစဉ်ကူးပြောင်းမှုများသည်  လျော့နည်းခဲ့သည်ကို တွေ့မြင်ရကြောင်း၊  ထိုသို့တန်းစဉ်ကူးပြောင်းမှုများ လျော့နည်းခြင်းသည်    နိုင်ငံအတွင်း        ပညာတတ် ပေါကြွယ်ဝခြင်းကို ထိခိုက်စေလျက်ရှိသဖြင့် တန်းစဉ် ကူးပြောင်းမှုမြင့်မားရေးကို      အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ တန်းစဉ်ကူးပြောင်းမှုတွင်  မပါဝင် ခဲ့သည့်    ကျောင်းသား၊     ကျောင်းသူများကိုလည်း အသိပညာ အတတ်ပညာများ  လေ့လာဖတ်ရှုနိုင်ရေး စာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေးကို   အားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
စာဖတ်ရှိန်မြှင့်တင်မှုနှင့်ပတ်သက်၍    အွန်လိုင်း မီဒီယာများ၌    စာပေဖတ်ရှုနိုင်သည်ဖြစ်သော်လည်း အဆိပ်အတောက်သတင်းအချက်အလက်များ လွှမ်းမိုး နေသည်ဖြစ်၍ မိမိဘဝကိုအကျိုးရှိစေမည့် စာပေများ ကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန်လိုကြောင်း၊ စာအုပ် စာပေဖတ်ရှုမှုသည်  မိမိဘဝကိုအကျိုးပြုနိုင်ကြောင်း၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေနိုင်သည့်  စာအုပ်စာပေများကို   ရွေးချယ်ဖတ်ရှု ရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊   စာသင်ကျောင်း များတွင် စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်း၊ အဆင့် မြှင့်တင်ပေးခြင်းများကိုလည်း     ဆောင်ရွက်ပေးရန် လိုကြောင်း၊ ကျေးလက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက်  အမှန်တကယ် အကျိုးဖြစ်စေ နိုင်သည့်  စာအုပ်စာပေများကို ထားရှိနိုင်ရေးအတွက် လည်း တာဝန်ရှိသူများမှ  ကြီးကြပ်ဆောင်ရွက်ပေး ရန်လိုကြောင်း။
အခွင့်အလမ်းများဖော်ဆောင်ပေးရမည်
စာပေဖတ်ရှုခြင်းတွင် အပျော်ဖတ်စာပေမှ စတင် ၍  ဗဟုသုတရရှိသည့် စာပေအထိဖတ်ရှုရန်လိုကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတို့မှ သုတ၊ ရသ    စာအုပ်စာစောင်များကို   အပတ်စဉ်၊  လစဉ်၊ နှစ်စဉ်ပုံနှိပ်ထုတ်ဝေလျက်ရှိသကဲ့သို့  သတင်းစာများ တွင်လည်း  ထည့်သွင်းဖော်ပြပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်များ        ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများနှင့် စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြ သည့်    အလှူရှင်များအားလုံး၏    လှူဒါန်းမှုသည် စဉ်ဆက်မပြတ်သည့်၊  မွန်မြတ်သည့် အသိပညာဒါန အလှူဖြစ်သည့်အတွက် ဘဝတစ်သက်တာ အထောက် အကူပြုသော    လှူဒါန်းခြင်းဖြစ်သဖြင့်    အထူးပင် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မှန်ကန် ကောင်းမွန်သည့် အသိပညာများ စုဆောင်းရရှိထား ခြင်းသည် ဘဝတစ်လျှောက်လုံး  ဖြတ်သန်းမှုအတွက် အကျိုးရှိစေမည်ဖြစ်သဖြင့်  လူတိုင်းစာဖတ်နိုင်ရေး အတွက်     အခွင့်အလမ်းများ    ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း။ 
အလေးထားဆောင်ရွက်
မိမိတို့      စတင်တာဝန်ယူဆောင်ရွက်ချိန်တွင် နေပြည်တော်ကို  Green City ၊ Clean City ၊ Smart City    ဖြစ်စေရန်နှင့်   Smokeless Industry    များ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအထဲတွင် ပညာရေးမြို့တော်အဖြစ်  တည်ဆောက် နိုင်ရေးအတွက်လည်း      အားပေးဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များကိုလည်း   တိုးချဲ့တည်ဆောက်ဖွင့်လှစ် ပေးခဲ့ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေသည် ပညာရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီး၌  အခြား တိုင်းဒေသကြီးနှင့်  ပြည်နယ်များမှ စံပြုထိုက်သည့် မြို့တော်တစ်ခုဖြစ်ရန်လိုကြောင်း၊  ထို့ကြောင့် ယနေ့ ပြုလုပ်သည့် “စာကြည့်တိုက်များ   ဖွံ့ဖြိုးတိုးတက်ရေး နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” များကို ရည်ရွယ် ချက်ရှိစွာဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်နေ ခြင်းဖြစ်သဖြင့် တာဝန်ရှိသူများအားလုံးက အလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ နေပြည်တော်ကို ဗဟိုပြု ၍  တိုင်းဒေသကြီးနှင့်   ပြည်နယ်များအလိုက်လည်း “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု”  များကို အားပေးဆောင်ရွက် ကြစေလိုကြောင်း၊  ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးကို      ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလှုပ်ရှားမှုတွင် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လာနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက်  စာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက် ရေးအတွက် စာကြည့်တိုက်အဆောက်အဦများ တိုးချဲ့ ဆောက်လုပ်နိုင်ရေး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုမှ     အလှူငွေများကို     ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။
အလှူငွေများကို အသီးသီးပေးအပ်လှူဒါန်း
ဆက်လက်၍  မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေး      ပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့်  အလှူရှင်များက စာကြည့်တိုက် အဆောက်အဦများ တိုးချဲ့ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေများကို     အသီးသီးပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော် ဝန်ကြီးချုပ်က  လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။ 
ထို့နောက်    ဧပြီ ၁၀ ရက်တွင်    ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ  စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အလှူငွေနှင့်စာအုပ်စာစောင် များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင်  လက်ခံရရှိခဲ့ သည့်    အလှူငွေကျပ်     ၁၀၂၇၆၂၄၃၈၀ ၊      စာအုပ် စာစောင်ပေါင်း  ၈၅၅၄၀  ကို   ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးသို့ ပြန်လည်ခွဲဝေပေးအပ်မည့်   အစီအစဉ်ကို  ဆက်လက် ပြုလုပ်ရာ ဦးစွာ တိုင်းဒေသကြီး၊  ပြည်နယ် ၁၄ ခုရှိ စာကြည့်တိုက် ၄၆ တိုက်  ပြန်လည်ပြင်ဆင်ဖွင့်လှစ် နိုင်ရန်အတွက် ငွေကျပ်သိန်း ၂၃၀၀ နှင့် စာကြည့်တိုက်    ၂၇     တိုက်      အသစ်တည်ဆောက်ဖွင့်လှစ်နိုင်ရန် အတွက်    ငွေကျပ်သိန်းပေါင်း  ၄၀၅၀၊   စုစုပေါင်း ငွေကျပ်သိန်းပေါင်း ၆၃၅၀ နှင့် ပြည်သူများ  စာပေ ဖတ်ရှုလေ့လာနိုင်ရန်အတွက်     စာအုပ်စာစောင် ၆၇၇၈၀    ကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ  မြန်မာနိုင်ငံစာကြည့်တိုက်များ  ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ   ပြန်ကြားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက   လက်ခံရယူ သည်။       
ယင်းနောက် ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်းရှိ စာကြည့်တိုက်လေးတိုက်  ပြန်လည်ပြင်ဆင် ဖွင့်လှစ်နိုင်ရန်အတွက်    ငွေကျပ်သိန်း   ၂၀၀    နှင့် စာကြည့်တိုက် သုံးတိုက် အသစ်တည်ဆောက်ဖွင့်လှစ် နိုင်ရန်အတွက်    ငွေကျပ်သိန်း   ၄၅၀ ၊     စုစုပေါင်း ငွေကျပ်သိန်း ၆၅၀ နှင့်    ပြည်သူများ   စာပေဖတ်ရှု လေ့လာနိုင်ရန်အတွက်  စာအုပ်စာစောင် ၃၀၀၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က  ထောက်ပံ့ပေးအပ်ရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက လက်ခံရယူသည်။
ဆက်လက်၍ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက် ရေးနှင့်     စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု”   အဖြစ် ၁၉၇၄ ခုနှစ်၊  တက္ကသိုလ်ပထမနှစ်  လူရည်ချွန်ဟောင်း တစ်ဦးဖြစ်သည့်   မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အငြိမ်းစား၊ အမျိုးသားစာပေဆု၊ ဆရာဝန် တင်ရွှေဆု၊ စာပေဗိမာန်စာမူဆုရှင်    စာရေးဆရာ    ဆရာကြီး ဒေါက်တာ မောင်သင်းက “စာပေတန်ဆောင် လူသား အလင်းရောင်” ခေါင်းစဉ်ဖြင့်  စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်     အခမ်းအနား တက်ရောက်လာကြသူများသည်     ပြည်ထောင်စု နယ်မြေ     နေပြည်တော်အတွင်းရှိ    ကျောင်းသား၊ ကျောင်းသူများ၏   “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသီချင်းဖြင့်   ဖျော်ဖြေတင်ဆက်မှုများကို   ကြည့်ရှု အားပေးကြသည်။
ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    အခမ်းအနား တက်ရောက်လာကြသူများသည် ခင်းကျင်းပြသထား သည့် စာအုပ်စာစောင်များနှင့်  ဓာတ်ပုံမှတ်တမ်းများ အား စိတ်ပါဝင်စားစွာဖြင့်   လှည့်လည်ကြည့်ရှုကြသည်။
ယနေ့တွင်  ကျင်းပပြုလုပ်သည့် “စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု”    အခမ်းအနားတွင်   စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက် အဦများ လှူဒါန်းမှုစုစုပေါင်းအနေဖြင့် စာကြည့်တိုက် ၁၄၇ တိုက်အတွက် ငွေကျပ်သိန်းပေါင်း ၂၂၀၅၀ နှင့် စာအုပ်စာစောင်  စုစုပေါင်း  ၇၀၇၈၀  ဖြစ်ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်