ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲတော် နောက်ဆုံးရက် လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားများပြား

 

ရန်ကုန်   ဖေဖော်ဝါရီ   ၁၄
ရန်ကုန်တိုင်းဒေသကြီး    အစိုးရ အဖွဲ့၏   စီစဉ်မှုဖြင့်   ရန်ကုန်မြို့ ဒဂုံမြို့နယ်      ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက် အထိ ငါးရက်တိုင် ကျင်းပနေသည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပွဲတော် နောက်ဆုံး ရက်ဖြစ်သည့်   ယနေ့တွင်  နံနက် ပိုင်းမှ    စတင်ကာ    ညပိုင်းအထိ  လာရောက် လည်ပတ်ကြသူများ ဖြင့်        စည်ကားများပြားလျက် ရှိသည်။ 
ပြည်သူ့ရင်ပြင်     အတွင်း ဝန်ကြီးဌာန      ပြခန်းများနှင့် နေပြည်တော်ကောင်စီ၊     တိုင်း ဒေသကြီး နှင့် ပြည်နယ်ပြခန်းများ၊ တိုင်းရင်းသားများ၏    ဖျော်ဖြေ တင်ဆက်ကပြမှုများကို ကြည့်ရှု သူများ၊     ဒေသထုတ်ကုန်များ၊ အထည်အလိပ်များ၊ လက်မှုပစ္စည်း များအား  အမှတ်တရ ဝယ်ယူကြ သူများ၊    အမှတ်တရ    ဓာတ်ပုံ ရိုက်ကူးကြသူများ၊ တိုင်းရင်းသား ရိုးရာ   ဒေသထွက်    အစားအစာ ရောင်းချသည့်    ဆိုင်ခန်းများတွင် လည်ပတ်    စားသောက်ကြသူ များဖြင့်    ယခင်နေ့ကထက်    ပိုမို စည်ကားရှိသည်ကို         တွေ့ရ သည်။ (အောက်ပုံ)
နေပြည်တော်အတွင်းရှိ ဌာန ဆိုင်ရာများ၏    ဆောင်ရွက်ချက် များ၊   ရိုးရာအစားအစာများနှင့်  အသေးစား အလတ်စား  အငယ်စား ထုတ်ကုန်ပစ္စည်းများ  ပြသထား သည့်     နေပြည်တော်ကောင်စီ ကိုယ်စားပြုပြခန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမင်းထွန်း က ‘‘ပြခန်းမှာတော့ ကျွန်တော်တို့ဌာနဆိုင်ရာတွေရဲ့ပြခန်းတွေ ရှိပါ တယ်။ နေပြည်တော်မှာ ရေပေးဝေ ရေးလုပ်ငန်းတွေ၊     ဗီနိုင်းတွေ ပုံစံငယ်လေးတွေနဲ့   ပြထားပါ တယ်။  နေပြည်တော်မှာ စည်ပင် သာယာအနေနဲ့    ဆောင်ရွက်တဲ့ သန့်ရှင်းရေးလုပ်ငန်းတို့  Green City, Clean City, Smart City ဆောင်ရွက်တဲ့   ဆောင်ရွက်ချက်  လေးတွေကို     ပြထားပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေ   ပြသထား တာတွေရှိတယ်။ နေပြည်တော်မှာ ရှိတဲ့ ဘုရားစေတီတို့၊ ဟိုတယ်တို့ အပန်းဖြေ  ခရီးသွားနိုင်တဲ့နေရာ တွေ  ရှိပါတယ်။  ဆည်မြောင်းနဲ့ ပတ်သက်တာတွေ၊ ရေအသုံးချမှုနဲ့  ပတ်သက်တာတွေ၊ ရေတိုင်းတာတဲ့  စက်ကိရိယာတွေ၊ လေတိုင်းတာ တဲ့ စက်ကိရိယာတွေ ရှိပါတယ်။
စီးပွားရေးဇုန်   ပုံစံငယ်လေး တွေလည်း     ပြသထားပါတယ်။  သစ်တောက စိမ်းလန်းစိုပြည်ရေး  အတွက် ဆောင်ရွက်တဲ့ဗီနိုင်းတွေ၊  သူတို့ရဲ့     အပန်းဖြေစခန်းတွေ၊ ငလိုက်ဆည်စခန်း   စတာတွေကို ပုံစံငယ်လေးတွေနဲ့      ပြထားပါ တယ်။ နောက်ဒေသကထွက်ကုန် တွေဖြစ်တဲ့ ဝါးလက်မှုပစ္စည်းတွေ ကို လာရောက်ပြသပြီး  ပြည်သူ တွေကို  ရောင်းချပေးနေတာရှိပါ တယ်။  နောက် MSME လုပ်ငန်း တွေ ပြထားပါတယ်။ ကျွန်တော်တို့       နေပြည်တော် ကိုယ်စားပြုအနေနဲ့    ရန်ကုန်မှာ လာရောက်ပြသခြင်း ကြောင့်  နေပြည်တော်က  ဌာန ဆိုင်ရာရဲ့  ဆောင်ရွက်ချက်တွေ၊ နောက်ပြီးတော့ နေပြည်တော်မှာ ထွက်ရှိတဲ့ ထုတ်ကုန်လေးတွေကို  ရန်ကုန်မှာရှိတဲ့    ပြည်သူလူထု အားလုံးကို လာပြီးတော့မိတ်ဆက် ချပြ  ဆောင်ရွက်နိုင်တဲ့အတွက် ကြောင့်         အင်မတန်မှလည်း အကျိုးရှိပါတယ်၊        ဂုဏ်လည်း ဂုဏ်ယူပါတယ်’’ ဟုပြောသည်။
ထို့ပြင် လူဝင်မှုကြီးကြပ်ရေး နှင့်       ပြည်သူ့အင်အားဝန်ကြီး ဌာနကိုယ်စားပြု     ပြခန်းတွင် လည်း          အီလက်ထရောနစ်  မှတ်ပုံတင်ဦးစီးဌာနမှ e- ID စနစ်   အကောင်အထည်ဖော်ရန်အတွက်   Biometric ကောက်ယူသည့်နေရာ တွင် ပွဲတော်စတင်သည့် ဖေဖော် ဝါရီ   ၁၀  ရက်မှ    ယနေ့အထိ     မျက်စိသူငယ်အိမ်နှင့်   လက်ဗွေ  စကင်ဖတ်သူ၊ မျက်နှာပြင် ဓာတ်ပုံ ရိုက်သူ၊  စိတ်ဝင်တစားလာရောက် လေ့လာကြသူတို့ဖြင့်        နေ့စဉ်  စည်ကားလျက်ရှိသည်။
အီလက်ထရောနစ် မှတ်ပုံတင် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးကျော်စိုးနိုင်က “ကျွန်တော် တို့ဌာနက   မှတ်ပုံတင်ကို   စမတ် ကတ်အဆင့်အထိ   ရည်ရွယ်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် အခု  ဘိုင်အိုမက်ထရစ် ကောက် နေတာပါ။     ဝန်ကြီးဌာနတွေမှာ ကျွန်တော်တို့ ဘိုင်အိုမက်ထရစ်လိုက်ကောက်နေပါပြီ။     ဘိုင်အို မက်ထရစ်ပြီးပြီဆိုတာနဲ့ ဝန်ကြီး ဌာနတွေပြီးတာနဲ့ ပြည်သူလူထုကို  ဆက်ပြီးတော့လာမှာပါ၊    ပြခန်း  ပထမနေ့ကတော့  ပြည်သူတွေက မသိသေးတော့    လာတာနည်းပါ တယ်။ လူဦးရေ ၁၂၀ လောက်ပဲ လာတယ်။ ဒါပေမယ့် နောက်ရက် တဖြည်းဖြည်းနဲ့ တိုးလာတာက ၁၈၀   နဲ့  ၂၀၀   ထိအောင်ပေါ့။ နောက်  ၂၀၀  ကျော်တဲ့ ရက်တွေ ရှိပါတယ်။  ပြောပြချင်တာကတော့ ကျွန်တော်တို့ရဲ့ အီလက်ထရော နစ် မှတ်ပုံတင်ဦးစီးဌာနအနေနဲ့  တတ်နိုင်သမျှ       ပြည်သူလူထု အတွက်      ရည်ရွယ်ပြီးတော့ ကောင်းမွန်တဲ့စေတနာနဲ့ ဆောင် ရွက်နေပါတယ်’’ ဟု ပြောသည်။ 
ပြည်သူ့ရင်ပြင်သို့ လာရောက်  လည်ပတ်သူများထဲတွင် လူငယ်၊ လူရွယ်များ စုစည်းဖွဲ့ထားသည့် ကျောင်းသားအဖွဲ့တစ်ခုက ပြပွဲ နှင့်    စက်မှုဇုန်ထုတ်ကုန်    ဈေး ပွဲတော်သို့ လာရောက်ကြသူများ နှင့် ဆိုင်ခန်းများတွင် ဈေးရောင်း ချနေသူများအား      အားကစား ဆိုင်ရာ  မေးခွန်းများကို  အပျော် သဘော လိုက်လံမေးမြန်းနေသည့် မြင်ကွင်းကလည်း ထူးခြားချက် တစ်ခု ဟု ဆိုနိုင်သည်။  
အဆိုပါအဖွဲ့မှ မောင်အဂ္ဂမာန်  က ‘‘ကျွန်တော်တို့က ဘောလုံးတို့၊ ဘက်စကက်ဘောတို့နဲ့ ပတ်သက် တဲ့ မေးခွန်းလေးတွေ မေးတာပါ။   မှန်သွားရင် ဆုကြေးငွေလေးတွေ ပေးပါတယ်။  အပျော်သဘောလိုက် မေးတာပါ၊  ကျွန်တော်တို့ သူငယ် ချင်း   လေးယောက်စုဖွဲ့ပြီးတော့ လုပ်တာပါ၊ ပြည်သူကို ဗဟုသုတ  ပေးတဲ့ အနေနဲ့ပေါ့။ မေးခွန်းလေး တွေ ဖြေတာမှန်တော့ သူတို့လည်း ဆုကြေးငွေလေးတွေ     ရသွားလို့ ပျော်သွားရင်     ကျွန်တော်တို့ လည်း   ပီတိဖြစ်တာပေါ့ဗျာ’’  ဟု ပြောသည်။ 
ထို့ပြင်    စက်မှုဇုန်ထုတ်ကုန် ပစ္စည်းများ၊ အသေးစား၊ အလတ် စား၊  အငယ်စားထုတ်ကုန်ပစ္စည်း များ   ရောင်းချသည့်    ဆိုင်ခန်း များမှလည်း   နောက်ဆုံးနေ့ဖြစ် သည့်အတွက် ပိုမိုသက်သာသော  နှုန်းထားများဖြင့်    ရောင်းချပေး ခဲ့ရာ  လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်းများ၊ ဆေးဝါးရောင်းချ သည့် ဆိုင်များတွင် ဝယ်ယူသူများ အထူးများပြားလှသည်။
ပွဲတော်သို့     လာရောက်သူ ကျောင်းသားတစ်ဦးက     ‘‘ဒီမှာ အလုပ်သမား     အလုပ်အကိုင် ကိစ္စတွေလည်း      ကြည့်ဖြစ်ခဲ့ပါ တယ်။       ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့      ဝတ်စုံလေးတွေ၊ စစ်ပစ္စည်းနဲ့ ပတ်သက်တဲ့ ဝတ်စုံ တွေကိုလည်း     လေ့လာခွင့်ရခဲ့ပါ တယ်။      တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့      ယဉ်ကျေးမှုတွေ လည်း  သိခွင့်ရပါတယ်။  အခြား သော  ဗဟုသုတတွေလည်း  ရပါ တယ်၊ ဆေးပန်းချီနဲ့ ပတ်သက်တာ တွေပါ    သိခွင့်ရခဲ့တဲ့    အတွက်  ဒီပွဲတော်ကို လာရတာ  ဗဟုသုတ တွေ  အများကြီး  ရပါတယ်’’  ဟု ပြောသည်။ 
ပွဲတော်ကျင်းပသည့် နောက် ဆုံးနေ့ဖြစ်သည့်       ယနေ့တွင်  ပြည်သူ့ရင်ပြင်      ရေပန်းအနီးရှိ တေးဂီတဖျော်ဖြေပွဲ        မဏ္ဍပ်၌  စတီရီယိုတေးသံရှင်များ၊        DJ ဖျော်ဖြေမှုများ၊ ကရင်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားတို့၏ အက အလှများ၊    လှည်းကူးပညာရေး ကောလိပ်မှ       ထာဝရမြန်မာ တိုင်းရင်းသားများအဖွဲ့၊ တိုင်းရင်း သားကျေးရွာမှ    တိုင်းရင်းသား အကအလှများ၊ နိုင်ငံကျော်သရုပ် ဆောင်များ၊ တေးသံရှင်အဆိုတော် များက ဖျော်ဖြေကြရာ   ဖျော်ဖြေပွဲ သို့ လာရောက်သည့် ပရိသတ်များ ဖြင့်  ကြိတ်ကြိတ်တိုး စည်ကား ခဲ့သည်။ 
နဒီမင်း၊  တင်စိုး(မြန်မာ့အလင်း)