
နေပြည်တော် ဇူလိုင် ၁
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ပညာရည်မြင့်မားရေး၊ လူ့စွမ်းအား ဖွံ့ဖြိုးရေးနှင့် အသိပညာဖြန့်ဝေ ရေး (Knowledge Sharing Program – KSP) အစီအစဉ်အရ “ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နှင့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများ အဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် အပတ်စဉ်ဆွေးနွေးပွဲ အမှတ်စဉ် (၈)ကို ယနေ့မွန်းလွဲ ပိုင်းတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး (နေပြည်တော်) စုပေါင်း ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော် က အာဆီယံ အဖွဲ့ကြီးကို နိုင်ငံ များအကြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ် ကြောင်း၊ အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ် ရုံးများအဖွဲ့- ASEANSAI ကိုလည်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစ၍ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် အဖွဲ့ဝင် ဖြစ်ကြောင်း၊ အပတ်စဉ်ဆွေးနွေးပွဲ များ ပြုလုပ်ခြင်းဖြင့် ပြဿနာများ ဖြေရှင်းခြင်း၊ အကောင်းဆုံး နည်းလမ်းရရှိခြင်း၊ ဆုံးဖြတ် ချက်ချရန် မှန်ကန်မြန်ဆန် စေခြင်း၊ တီထွင်မှုနှင့်တိုးတက်မှုကို အထောက်အကူပြုခြင်း၊ ဆောင် ရွက်မှု တိုးတက်လျင်မြန်ခြင်း၊ ထိတွေ့ဆက်ဆံမှု ကောင်းစေခြင်း၊ ထိန်းညှိ တည့်မတ်စေခြင်း၊ တွေးခေါ်ဆုံးဖြတ်မှု မြန်ဆန် စေခြင်းစသည့် အကျိုးကျေးဇူး များ ရရှိနိုင်သဖြင့် စနစ်တကျ ကြိုးစား ဆောင်ရွက်သွားစေလို ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်တွင်း ပြည်ပဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့ ထွန်းက “ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးနှင့် အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ် ရုံးအကြား ပူးပေါင်းဆောင်ရွက်မှု” နှင့်စပ်လျဉ်း၍ အရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံး အကြောင်း၊ အဖွဲ့ဝင်အဖြစ် ပါဝင် ဆောင်ရွက်ခဲ့ခြင်းနှင့် ရရှိခဲ့သော အကျိုးကျေးဇူးများနှင့် ၂၀၂၁-၂၀၂၂ အတွက် ကြိုတင်ပြင်ဆင်မှု ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးရာ ဆွေးနွေးမှုများအပေါ် ဆွေးနွေးပွဲ တက်ရောက်သူများ က မေးမြန်းဆွေးနွေးကြသည်။
ယနေ့ဆွေးနွေးပွဲသည် အဋ္ဌမ အကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ဝန်ထမ်းများ ပညာရည် မြင့်မား ရေးနှင့် လူ့စွမ်းအားမြှင့်တင်ရေးတို့အတွက် အပတ်စဉ် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်