
နေပြည်တော် မတ် ၂၈
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ (၈၆) နှစ်မြောက် ရုံးနှစ်ပတ်လည် နေ့ အထိမ်းအမှတ် အကြိုစာတမ်း ဖတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦးက ယနေ့ ကျင်းပသည့် စာတမ်းဖတ်ပွဲသည် ရုံးနှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် ကျင်းပသည့် အကြိုစာတမ်း ဖတ်ပွဲဖြစ်ပါကြောင်း၊ စာတမ်း ဖတ်ပွဲ၏အနှစ်သာရသည် အသိ ပညာ မျှဝေမှုပင်ဖြစ်ပါကြောင်း၊ အသိဉာဏ်ပညာ ပြည့်ဝမှုသည် မိမိ၏ လုပ်ဆောင်နိုင်စွမ်းအားကို မြှင့်တင်ပေးနိုင်သဖြင့် ရာထူး အဆင့်လိုက် လုပ်ငန်းခွင် စွမ်းဆောင်ရည် တိုးတက်မြင့်မား စေရန်ရည်ရွယ်၍ ယခု စာတမ်း ဖတ်ပွဲကို ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ စာတမ်းဖတ်ပွဲတွင် စာရင်းစံများ အသုံးပြုစစ်ဆေး ခြင်း၊ ပုဂ္ဂလိကကဏ္ဍ စာရင်း စစ်ဆေးခြင်း၊ ဘဏ္ဍာရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ဌာနတွင်းကြီးကြပ် ကွပ်ကဲမှုစစ်ဆေးခြင်း၊ လှည့်ပတ် ရန်ပုံငွေစစ်ဆေးခြင်း၊ နည်းပညာ ဆိုင်ရာနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုများစသည့် ကဏ္ဍ ပေါင်းစုံမှ စာတမ်းများကို ဖတ်ကြား သွားမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ဖတ်ကြားမည့်စာတမ်းများမှ ရရှိ မည့် အတွေ့အကြုံ၊ ဗဟုသုတ များကို လက်တွေ့လုပ်ငန်းခွင်တွင် စွမ်းရည်ပြည့် ပြန်လည်အသုံးပြု နိုင်ရန်၊ စာတမ်းဖတ်ပွဲ၏ ရည်ရွယ် ချက်များ ပြည့်ဝစေရန်အတွက် စိတ်ပါဝင်စားစွာဖြင့် တန်ဖိုးထား လေ့လာမှတ်သားကြပြီး ဌာနမှ အားကိုးအားထား ပြုနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း ပြော ကြားသည်။
ထို့နောက် ရုံးချုပ်မှ စာတမ်း သုံးစောင်၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများမှ စာတမ်း ခြောက်စောင်နှင့် နေပြည်တော် စာရင်းစစ်ရုံးမှ စာတမ်းတစ်စောင်၊ စုစုပေါင်း စာတမ်း ၁၀ စောင် ကို စာတမ်းရှင်များက အသီးသီး ဖတ်ကြားဆွေးနွေးကြပြီး တက် ရောက်လာသူများက သိလိုသည် များ မေးမြန်းဆွေးနွေး၍ ပထမ နေ့ စာတမ်းဖတ်ပွဲကို ရုပ်သိမ်းခဲ့ သည်။
အကြိုစာတမ်းဖတ်ပွဲ ဒုတိယ နေ့ကို မတ် ၂၉ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ရာ ရုံးချုပ်မှ စာတမ်းရှင် နှစ်ဦး၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ စာတမ်းရှင် ရှစ်ဦး စုစုပေါင်း စာတမ်းရှင် ၁၀ ဦးတို့က သက်ဆိုင် ရာ ခေါင်းစဉ်အလိုက် ဖတ်ကြား သွားမည်ဖြစ်ပြီး အကောင်းဆုံး စာတမ်းရှင် သုံးဦးကို ရွေးချယ်၍ နှစ်ပတ်လည်နေ့ အခမ်းအနား တွင် ဆုချီးမြှင့်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်းအနေဖြင့် လည်း အထူးစာတမ်း တစ်စောင် ဖတ်ကြား တင်သွင်းသွားမည်ဖြစ် ကြောင်း သိရသည်။
စာတမ်းဖတ်ပွဲသို့ ဒုတိယ စာရင်းစစ်ချုပ်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် တာဝန်ရှိသူများက နဝရတ်ခန်းမမှ လည်းကောင်း၊ ဦးစီးအရာရှိများနှင့် ဝန်ထမ်းများ က အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ချယ်ရီ ခန်းမ၊ ခတ္တာခန်းမနှင့် ခွာညိုခန်းမ တို့မှ လည်းကောင်း၊ တိုင်းဒေသ ကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံး၊ ဒေသစာရင်းစစ်ရုံး ၂၀၈ ရုံး၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့ မှ ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်း များနှင့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းဝင် များက အွန်လိုင်းမှလည်းကောင်း တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်