ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၈၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

နေပြည်တော်   ဧပြီ   ၁


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး  (၈၆)  နှစ်မြောက် နှစ်ပတ်လည်နေ့   အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်    ၈     နာရီခွဲတွင်      နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး     နဝရတ်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊    ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊  ဒုတိယ  စာရင်းစစ်ချုပ်၊   ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး များ၊ ခရိုင်၊ မြို့နယ်ဒေသစာရင်းစစ်ရုံးများ တာဝန် ရှိသူများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး ဝန်ထမ်း များက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

 


စာရင်းစစ်ဝန်ထမ်းကောင်းများဖြစ်အောင်ကြိုးစား


အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် က ခေတ်စနစ်နှင့်ကိုက်ညီသော စစ်ဆေးရေးပညာရပ် များအသုံးပြု၍         စစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊   တိုးချဲ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍    အချိန်နှင့်  တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit) ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်စစ်ဆေးလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ လမှစ၍ ၂၀၂၁-၂၀၂၃  ခုနှစ်အတွက်  ASEANSAI အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ASEANSAI စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဆောင်ရွက်လျက်ရှိ ကြောင်း၊   ပြည်သူ့အကျိုးသယ်ပိုးဆောင်ရွက်နိုင် သည့် နိုင်ငံ့ဝန်ထမ်း စာရင်းစစ်ဝန်ထမ်းကောင်းများ ဖြစ်အောင်   ကြိုးစားကြစေလိုကြောင်း  ပြောကြား သည်။

 


ထို့နောက်          ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှစ်ပတ်လည်နေ့    အထိမ်းအမှတ်   မှတ်တမ်းလွှာ Video Clip ကို ပြသသည်။
ယင်းနောက်   ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  ဒုတိယစာရင်း စစ်ချုပ်နှင့်   အမြဲတမ်းအတွင်းဝန်တို့က   ရုံးချုပ်၊ တိုင်းဒေသကြီးနှင့်   ပြည်နယ်တို့မှ   စီမံခန့်ခွဲမှုစွမ်း ဆောင်ရည်အကောင်းဆုံးဆု၊  ရုံး မဂ္ဂဇင်းစာမူရှင်ဆု၊ ဆန်းသစ်တီထွင်ဆု၊   ရုံးမဂ္ဂဇင်းစာမူရှင်ဆု၊   စီမံနှင့် စစ်ဆေးရေးစွမ်းဆောင်ရည်   အကောင်းဆုံးဆုနှင့် သင်ကြားမှုထူးချွန်ဆု ရရှိသူများကို ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ကြသည်။ 
ထို့နောက် ရုံးသီချင်း၊ အဆင့်မြင့်ကျောင်းသီချင်း တို့ဖြင့်   တစ်နှစ်တာကာလ  လှုပ်ရှားဆောင်ရွက်မှု  Video Clip ကို  ပြသသည်။

 


ပိုစတာပြပွဲပြိုင်ပွဲကြည့်ရှု


ယင်းနောက်   ဖိတ်ကြားထားသည့်  ဧည့်သည် တော်များနှင့် တာဝန်ရှိသူများသည်   နှစ်ပတ်လည် နေ့အထိမ်းအမှတ်ခင်းကျင်းပြသထားသည့် ဓာတ်ပုံ ပြပွဲနှင့် ပိုစတာပြပွဲပြိုင်ပွဲကို လှည့်လည်ကြည့်ရှုကြ သည်။

 


ထို့နောက်    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌတို့က ဆုအမျိုးအစား အလိုက်ဆုရရှိသူနှင့်   အကြိမ်ရေ   အများဆုံးသွေး လှူရှင်များကို    ဆုနှင့်    မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပေးအပ်ကြသည်။

 


ယင်းနောက်   ပြည်ထောင်စုစာရင်းစစ်ချုပ်က  နိဂုံးချုပ်အမှာစကားပြောကြားပြီး  ကံစမ်းမဲဖောက် ပေးခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များ ကျင်းပခဲ့ကြောင်း သိရသည်။  

သတင်းစဉ်