ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၈၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော် မတ် ၂၅


(၇၈)နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ ( ၈၆ )နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်    ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး      ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက နေပြည်တော်  အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ ၌ ကျင်းပသည်။

 


ကြည့်ရှုအားပေး


သွေးလှူဒါန်းပွဲတွင်    ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်း ၂၉ ဦးက  သွေးလှူဒါန်းခဲ့ကြရာ ဒုတိယစာရင်းစစ်ချုပ်    ဒေါ်နိုင် သက်ဦးနှင့်  တာဝန်ရှိသူများက  သွေးလှူဒါန်းသည့် ဝန်ထမ်းများ ကို  ကြည့်ရှုအားပေးပြီး  ကြက်ဥ၊ နွားနို့၊ မုန့်နှင့် အချိုရည်စသည့် အားဖြည့်ဓာတ်စာများ  ပေးအပ် ကြသည်။

 


ထို့နောက် ရောဂါဗေဒဌာနမှ ပါမောက္ခ     ဒုတိယဗိုလ်မှူးကြီး ဉာဏ်လင်းက       သွေးလှူရှင် ဝန်ထမ်းများကို   မှတ်တမ်းတင် ဂုဏ်ပြုလွှာ   ပြန်လည်ပေးအပ် ပြီး       အားဖြည့်ဓာတ်စာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း   သိရ သည်။    

                     

သတင်းစဉ်