ပြည်ထောင်စုအမွေ၊ သွေးချင်းတို့မြေ၊ ဧရာဝတီရေလို

Type

 

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါး

 

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)

ကျွန်တော်တို့   သွေးချင်းတို့မြေ   ပြည်ထောင်စုကြီး  လွတ်လပ်ရေးရခဲ့တာ ၇၅  နှစ်ရှိပြီ။ ဒီလိုလွတ်လပ် တဲ့ နိုင်ငံဖြစ်ဖို့  ဘိုးဘေးဘီဘင်တို့ဟာ ပင်လုံမြေမှာ စုစည်းနိုင်ခဲ့ကြပါတယ်။    ၂၀၂၃   ခုနှစ်   ဖေဖော်ဝါရီ ၁၂ ရက်ဟာ  (၇၆)  နှစ်မြောက်    ပြည်ထောင်စုနေ့ဖြစ်ရာ တိုင်းရင်းသားလူမျိုး ရှစ်မျိုး၊  မျိုးနွယ်စုပေါင်း ၁၃၀ ကျော်တို့ ပျော်ရွှင်ရတဲ့နေ့၊  အေးအတူပူအမျှ အတူတကွနေကြမယ်တို့၊     တိုင်းရင်းသားအပေါင်း သာယာဝပြောအောင်၊  ကျန်းမာအောင်  ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့ဆိုတဲ့  နေ့လို့ပြောရပါမယ်။

 

ကိုလိုနီနယ်ချဲ့တို့က     မည်သို့မည်ပုံ   သွေးထိုး လှုံ့ဆော် သပ်လျှိုသွေးခွဲသည်ဖြစ်စေ၊ နားမယောင် အမြင်မတိမ်းစောင်းဘဲ    ညီညွတ်စည်းလုံးခဲ့ကြလို့ သူ့ကျွန်ဘဝက    လွတ်မြောက်ခဲ့ကာ      ကိုယ့်ထီး ကိုယ့်နန်းကိုယ့်ကြငှန်းနဲ့       နေထိုင်နိုင်တဲ့ဘဝဟာ အလွန်မြင့်မားပါတယ်။          လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊           တောင်သူလယ်သမားနေ့၊ တပ်မတော်နေ့၊      အမျိုးသားအောင်ပွဲနေ့တို့ဆိုတာ မြန်မာနိုင်ငံတော်အရေးနဲ့   ပတ်သက်ရင်   အထွတ် အထိပ်နေ့မြတ်များပဲ ဖြစ်ပါတယ်။ 
သွေးချင်းတို့မြေ၊ ဧရာဝတီရေလို  
ဧရာဝတီဟာ    ဟိမန္တာတောင်တန်းကြီးကနေ စတင်ပြီး      မြန်မာနိုင်ငံမြောက်ဖျားမှ    ရခိုင်ရိုးမ တောင်တန်းနဲ့ ရှမ်းကုန်းပြင်မြင့်ကြားက နှစ်ပေါင်း သန်းချီပြီး မြန်မာပြည်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာ သို့ စီးဆင်းတာ  ယနေ့အထိဖြစ်ပါတယ်။  မြန်မာ တွေဟာ ကိုယ့်မြေပေါ်မှာ ကိုယ့်ဘုရင်၊   ကိုယ့်သခင် နဲ့နေလာခဲ့တဲ့  ပုဂံယဉ်ကျေးမှုဟာ နှစ်ပေါင်း ၃ဝဝ တိုင် အဓွန့်ရှည်ကြာထည်ဝါစွာ ကမ္ဘာ့အလယ်မှာ ရပ်တည်ခဲ့တယ်။ အေဒီ ၁၅၅ဝ ကျော်မှာ ဘုရင့်နောင် ဟာ  ကမ္ဘောဇသာဒီနန်းတော်ကြီး တည်ဆောက်ပြီး နန်းစံခဲ့တယ်။ အနီးအနားနိုင်ငံတွေနဲ့ အမြော်အမြင် ကြီးကြီးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက် ခဲ့တယ်။ 
၁၇၅၂   ခုနှစ်မှာ    အလောင်းမင်းတရားကြီးက ကုန်းဘောင်ခေတ်ကို      တည်ထောင်၊       စည်းလုံး ညီညွတ်မှုရှိအောင်၊     စပါးဆန်ရေ      ပေါများအောင် ဆောင်ရွက်ခဲ့တယ်။    ယဉ်ကျေးမှုအမွေအနှစ်တွေ ဟာလည်းအာရှရဲ့ ပုလဲရတနာလို တစ်မျိုး၊ ရွှေရောင် တဝင်းဝင်းနဲ့   ဘုရားစေတီတွေကိုပဲ   ကြည့်ကြည့်၊ မူးမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း၊ ဟူးကောင်းချိုင့်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်း၊  စစ်တောင်းမြစ်ဝှမ်းက လယ်ယာ မြေတွေမှာ သီးမှည့်နေတဲ့ စပါးနှံတွေပဲကြည့်ကြည့် ကမ္ဘာမှာ  ရွှေနိုင်ငံလိုတစ်မျိုး အမည်ရနေပါတယ်။ အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်နဲ့ ကိုယ့်မြေ၊ ကိုယ့်ရေနဲ့ ကိုယ့်နန်းတွင်းရေးတွေကို         ဖြေရှင်းထိန်းချုပ် ကာကွယ်လေ့ရှိရာ ရှေးက အုပ်ချုပ်မင်းလုပ်ခဲ့တဲ့သူနဲ့ နောက်လိုက်နောက်ပါ      မြန်မာတို့ဟာ    ကတ္တီပါ ဖိနပ်စီး၊     ရွှေထီးဆောင်း၊   အဋ္ဌာရသနည်းပညာနဲ့ နေခဲ့ပါတယ်။     
ဘီစီ   ၅၁၂    ခုနှစ်မှာ   တရုတ်က   သံကြွပ်ကို ထုတ်လုပ်သုံးနေပြီဖြစ်တယ်။    ဥရောပမှာ   ၁၈၁၂ ခုနှစ်က   သံနဲ့သတ္တုထုတ်လုပ်နိုင်ခဲ့တယ်။   ၁၈၂၄ ခုနှစ်အတွင်း ဥရောပမှာ  ရေနွေးငွေ့အင်ဂျင်စက် တွေကို   တည်ဆောက်ခဲ့ပြီး   လေနဲ့နေရောင်ခြည်၊ ယမ်းများအကြောင်း  ကောင်းကောင်းနားလည်နေပြီဖြစ်ပါတယ်။    သစ်တောသစ်ပင်တွေမှ    သစ်နဲ့ သင်္ဘောကြီးငယ်  တည်ဆောက်ပြီး ကိုလိုနီနယ်ချဲ့ တို့ဟာ    ပင်လယ်ခရီးနှင်ခဲ့ပါတယ်။      အိန္ဒိယနိုင်ငံ အတွင်းမှာ နှစ်ပေါင်း ၂၀၀ ကျော်ကပင်  ဝင်ရောက် နေခဲ့ပြီဖြစ်တယ်။
ဗြိတိသျှနယ်ချဲ့      
၁၈၂၄-၁၈၂၆ ခုနှစ်တွေမှာ မြန်မာနိုင်ငံအောက်ပိုင်း ကစပြီး        တစ်စတစ်စ      အင်္ဂလိပ်လက်အောက် ရောက်မယ်လို့ အဲဒီခေတ်မြန်မာလူထု    တစ်သန်း ထဲက     မည်သူတစ်ဦးတစ်ယောက်ဟာ     ကြိုတင် တွက်ဆပြီး    ပြင်ဆင်မှုတွေ   လုပ်ခဲ့ပါသလဲဆိုတဲ့ မေးခွန်း၊        မြော်မြင်တွေးကြည့်နိုင်တဲ့သူတွေ ရှိကောင်းရှိနိုင်ပါမယ်။   လွန်ခဲ့တဲ့နှစ် ၂၀၀ နီးပါးက အခြေအနေမှာ လွန်စွာမှ ရှားပါးလိမ့်မယ်။ ရှေးဘုရင် တို့နဲ့    လူထုဟာ    နည်းပရိယာယ်ဝေဝုစ်များလှတဲ့  ဗြိတိသျှနယ်ချဲ့တို့ကို နားလည်ဖို့  ခက်ခဲခဲ့ပါတယ်။ 
၁၈၂၂  ခုနှစ်မှာ ကင်းဝန်မင်းကြီးကို မွေးဖွားခဲ့ပါ တယ်။ ထိုခုနှစ်အတွင်းမှာ မြန်မာနိုင်ငံ  တနင်္သာရီနဲ့ ရခိုင်ဟာ     အင်္ဂလိပ်လက်အောက်ရောက်၊     ၁၈၅၂ ခုနှစ်မှာ မြန်မာနိုင်ငံအောက်ပိုင်း  အောင်လံ၊ သရက် အထိ အင်္ဂလိပ်လက်ထဲ   ပေးလိုက်ရပြီ။   မင်းတုန်း မင်းတရားကြီးနန်းတက်တဲ့      ၁၈၅၃    ခုနှစ်မှာပဲ ရေတပ်ဗိုလ်ချုပ် ကိုမိုဒိုမက်သရူးပယ်ရီ (Commodore Mathew Perry) ဟာ ဂျပန်ကျွန်းတွေဆီသို့ အနက် ရောင်   သင်္ဘောကြီးနဲ့  ရောက်ခဲ့တယ်။ မက်သရူး ပယ်ရီ ရောက်လာတော့  ဂျပန်တို့ရဲ့အတွေးအခေါ် ခံယူချက်တွေ ပြောင်း၊ နည်းပညာရမှ ဖြစ်တော့မယ် ဆိုတာ ဂျပန်တို့ ကောင်းစွာသိသွားကြပါတယ်။ 
ကုန်းဘောင်ခေတ်
မင်းတုန်းမင်းသားဟာ     အောက်မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ရောက်ရတာ    နောင်တော် ပုဂံမင်းကြောင့်လို့   အကြောင်းပြ၊     နောင်တော်ကို နန်းချ၊   နိုင်ငံတော်ရဲ့  အုပ်ချုပ်ရေး၊   စစ်မက်ရေးနဲ့ တရားရေးတို့အတွက်  လွှတ်ရုံးငါးရပ်ဖြင့်ဖွဲ့စည်းကာ သိက္ခာ၊ သမာဓိ၊  ပညာနဲ့ပြည့်စုံသူ   ဝန်ကြီးရှစ်ပါး၊ အသည်ဝန်အသီးသီးတို့ရဲ့     ဓမ္မဝတ်၊    ရာဇဝတ်၊ လောကဝတ် အကြောင်းသုံးပါးဆိုင်ရာ ကျွမ်းကျင် သိနားလည်မှုတို့ကိုရယူပြီး         နိုင်ငံတော်စည်ပင် သာယာဝပြောအောင်  ဦးဆောင်ခဲ့ပါတယ်။ 
ဘုရင့်အတိုင်ပင်ခံ   မှူးကြီးမတ်ရာတွေဖြစ်တဲ့    ဝန်ကြီး၊  ဝန်ထောက်၊  အတွင်းဝန်၊   မြင်းစုကြီးဝန်၊ အသည်ဝန်တို့ရဲ့   ပင်ကိုအရည်အသွေး   ထက်မြက် ထူးချွန်ခြင်း၊   တော်တည့်ဖြောင့်မတ်   အစွမ်းသတ္တိ ရှိခြင်းတို့ဟာ ဘုရင်မင်းမြတ်ရဲ့  ဘုန်းတန်ခိုး အရှိန် အဝါကို ပိုမိုကြီးထွားစေလျက်  တရားစောင့်သော မင်းကောင်းမင်းမြတ်ဆိုတဲ့          ဝိသေသကိုရရှိဖို့ အထောက်အကူပြုခဲ့ပါတယ်။ 
မင်းတုန်းမင်းဟာ  သာသနာအကျိုး သယ်ပိုးခဲ့ ပါတယ်။ နန်းစံသက်  ၂၆  နှစ်အတွင်းမှာ    သစ်တော သယံဇာတ၊  ရေကြောင်းသွားလာရေးကိစ္စ၊ အခြား နိုင်ငံနဲ့  ဆက်သွယ်ရေးကိစ္စအဝဝတို့မှာ အငြင်းပွားမှု တွေ ရှိခဲ့ပါတယ်။ ကိုယ့်နိုင်ငံကာကွယ်ဖို့ ဧရာဝတီ မြစ်ကြောတစ်လျှောက်   စစ်ရေးပြင်ဆင်မှု     ခံတပ် တွေ တည်ဆောက်ခဲ့တယ်။ စစ်ရေးထက် ငြိမ်းချမ်း စွာ ဆက်ဆံရေးကို ရှေးရှုခဲ့တယ်။ ဗြိတိသျှကိုလိုနီတို့ ထင်မြင်သလို သက်ဦးဆံပိုင် ဘုရင်တစ်ပါးကပဲ စီမံ အုပ်ချုပ်တာမဟုတ်ဘဲ အထက်မြန်မာနိုင်ငံ ရတနာပုံ  နေပြည်တော်ကို မင်းတုန်းမင်းတရားကြီးနဲ့ ဝန်ကြီး၊ မှူးကြီးမတ်ကြီးတို့ရဲ့     အမြော်အမြင်    ကြံစည် စိတ်ကူးမှုတွေကြောင့် နယ်ချဲ့ဟာ ရှေ့မတိုးသာဘဲ ဖြစ်ခဲ့ပါတယ်။ စစ်မက်ပြုဖို့ မလွယ်ဘဲ ဖြစ်ခဲ့ပါတယ်။ 
၁၈၅၃ ခုနှစ် မင်းတုန်းမင်းတရားကြီးလက်ထက် မှာ    မြန်မာနိုင်ငံအောက်ပိုင်းက   ကိုလိုနီနယ်ချဲ့ အောက်ရောက်တော့        အထက်မြန်မာနိုင်ငံရဲ့ လက်နက်အင်အားကို ခေတ်မီအောင်  တည်ထောင်ဖို့ ၁၈၇၁ ခုနှစ်မှာ ကနောင်မင်းသားကြီး  ဦးဆောင်ပြီး ခြေလှမ်းခဲ့ပါတယ်။  အဲဒီအချိန်အခါက ဂျပန်မှာတော့ မေဂျီ   (Meiji)  ခေတ်ပဲ။   အမြော်အမြင်ကြီးမားတဲ့ ကနောင်မင်းသားကြီးဟာ  ပြင်သစ်၊   အီတလီစတဲ့ နိုင်ငံခြားတိုင်းပြည်တွေကို ပညာသင်စေလွှတ်ပြီး နိုင်ငံတော်ကာကွယ်ရေးအတွက်  လက်နက်စက်ရုံ၊ ရေကြောင်းသွားလာရေး၊   သင်္ဘောတည်ဆောက်ရေး စက်ရုံ၊ လူသုံးကုန်ပစ္စည်းစက်ရုံတို့ကို တည်ထောင်ခဲ့ ပါတယ်။ 
သံချက်စက်ရုံ၊ ငွေဒင်္ဂါးထုတ်လုပ်တဲ့စက်ရုံတွေ၊ ရေမြှုပ်ဗုံးတွေတီထွင်ခဲ့ပါတယ်။      ဒီခြေလှမ်းကို အင်္ဂလိပ်နယ်ချဲ့  မသိစရာအကြောင်းမရှိ။ မင်းတုန်း မင်းတရားကြီး  လက်ထက်မှာ   ကိုယ့်အာဏာစက် သက်ရောက်နိုင်တဲ့         နယ်မြေမကျယ်ဝန်းတော့ သော်လည်း နယ်ချဲ့တို့ရဲ့ အတ္တနဲ့ ထိုးဖောက်လာတဲ့ ဥပဒေပိုင်းဆိုင်ရာ၊  ကုန်သွယ်မှုဆိုင်ရာ၊ နည်းပညာ ပိုင်း၊ လက်နက်အင်အား၊   ကာကွယ်ရေး   အင်အား ကိစ္စတွေကြောင့်    ကိုယ့်ထီးကိုယ့်နန်းဟာ      တစ်စ တစ်စ ယိမ်းယိုင်လာခဲ့ပါတယ်။ အထောက်အထား ကတော့    ကနောင်မင်းသားကြီး     လုပ်ကြံခံရတာ တိုင်းပြည်ရဲ့ အပြောင်းအလဲကြီးပဲဖြစ်ခဲ့ရပါတယ်။ မြန်မာတို့     အားထားရတဲ့   ကနောင်မင်းသားဟာ နန်းတွင်းရေးတွေကြောင့်          လမ်းခုလတ်မှာ     နည်းပညာအမြော်အမြင်နဲ့အတူ အသက်ပေးလိုက် ရတဲ့ သင်ခန်းစာကို မြန်မာတို့ယူရမှာ ဖြစ်ပါတယ်။ 
မြန်မာ့ခေါင်းဆောင် ဘုရင်မင်းမြတ်တို့ အားတွေကုန်
၁၈၂၄ ခုနှစ်ကစပြီး ၁၈၈၅ ခုနှစ်တိုင် မြန်မာနိုင်ငံ အောက်ပိုင်းမှာ   ဖြစ်ပေါ်ခဲ့တဲ့  ပဲခူး၊    ဟံသာဝတီ၊ ရန်ကုန်၊ ပုသိမ်၊ ဟိုင်းကြီးကျွန်း  အရေးကိစ္စတွေကို ဖြေရှင်းရတော့ ထိုစဉ်က မြန်မာ့ခေါင်းဆောင်တွေ၊  ဘုရင်မင်းမြတ်တို့ဟာ  အားတွေကုန်၊ လမ်းကြောင်း တွေ      တိမ်းစောင်းသွားပါတော့တယ်။    ရေမြေ တောတောင်၊     သယံဇာတ၊    သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှုကိုပင်    လက်ဆုပ်လက်ကိုင်     ထူးထူး ခြားခြား စွန့်စွန့်စားစားနဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို အကောင်အထည်ဖော်ဖို့ ဖင့်နွှဲခဲ့ရပါတယ်။ 
ယနေ့    ၂၁   ရာစု  လူကြီးလူငယ်တို့ဟာ သမိုင်း ကို အပြစ်မတင်လို။   သို့သော်    နယ်ချဲ့ကိုလိုနီဟာ မြန်မာနိုင်ငံ အောက်ပိုင်း၊ အလယ်ပိုင်း၊ အထက်ပိုင်း အထိ သိမ်းသွင်းဖို့  ကြံစည်မယ်၊ တဖြည်းဖြည်းနဲ့ နယ်ချဲ့လက်အောက်     ရောက်တော့မယ်ဆိုတာ မြော်မြင်သိခဲ့သူများမယ်မထင်။         အုပ်ချုပ်သူ ပဒေသရာဇ်နဲ့ မင်းမှုထမ်းတို့က   ဦးဆောင်ခဲ့ကြပါ တယ်။   ဒါဟာလည်း  သူ့ခေတ်သူ့အခါ၊   သူ့နည်း ဗျူဟာပဲဖြစ်ပါတယ်။ နယ်ချဲ့ဟာ ဧရာဝတီမြစ်ကြော အတိုင်း အထက်ကို   စုံဆန်ကာ  ဝဲယာနဲ့ တောင်ပေါ် အထိ တက်ရောက်ပါတယ်။  ၁၈၈၅  ခုနှစ်   နိုဝင်ဘာ ၂၉  ရက်မှာ     သီပေါဘုရင်ကို  နန်းချပြီး    ဧရာဝတီ မြစ်ကြောင်း သူရိယသင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်၊ မဒရပ်၊ ရတနာဂီရိကို ပို့လိုက်ပါတယ်။   အုပ်ချုပ်ရေး စနစ်အသစ်၊ ဥပဒေသစ်၊  အမိန့်အာဏာသစ်တွေနဲ့ သွေးချင်းတို့ရဲ့ မြေအထိ ကျူးကျော်ခဲ့ပါတယ်။ 
n    “ဘုန်းတော်အလွန်တရာ   ကြီးမြတ်တော်မူ လှသော  ဧကရီဘုရင်မ  မင်းမြတ်၏   အမိန့် အာဏာတော်အရ    ကြော်ငြာလိုက်သည်မှာ အထက်       သီပေါမင်းအုပ်စိုးတော်မူသော    မြန်မာနိုင်ငံတော်ကို     ၎င်းဘုရင်က    ထပ်မံ ဆက်လက်၍ စိုးစံအုပ်ချုပ်ရဦးမည်မဟုတ်။ ၎င်းနိုင်ငံနယ်မြေများသည် အသျှင်ဘုရင်မ  မင်းမြတ် ဘုရား၏  နိုင်ငံနယ်မြေဖြစ်လေပြီး အသျှင်ဘုရင်မမင်းမြတ်ဘုရား    အလိုတော် မြတ်ရှိစဉ်ကာလအတွင်း  ထိုနိုင်ငံကို   ဣန္ဒိယ ဘုရင်ခံ   မင်းမြတ်က    အခွင့်သင့်လျော်သည့် အခါ    မှူးမတ်အရာရှိခန့်ထား၍ ၎င်းမှူးမတ် အရာရှိတို့ကသာ  အုပ်ချုပ်စီရင်လိမ့်မည်”    
ဆိုပြီး  အိန္ဒိယဘုရင်ခံ   ဒတ်ဖရင်က လက်မှတ်ရေးထိုး  ထုတ်ပြန်လိုက်တဲ့    ကြေညာစာကို    ၁၈၈၆   ခုနှစ် ဇန်နဝါရီ  ၁   ရက်မှာ   ရန်ကုန်မြို့မှာ  လည်းကောင်း၊ ဇန်နဝါရီ  ၄ ရက်မှာ    မန္တလေးမြို့မှာလည်းကောင်း    နှစ်နေရာထုတ်ပြန်လိုက်ပြီးနောက်     မြန်မာနိုင်ငံ သွေးချင်းတို့  မြေပါမကျန် နယ်ချဲ့အင်ပါယာအတွင်း ကျရောက်၊  မြန်မာ့မြေပုံပျောက်၊  ကျွန်သပေါက် ဘဝသို့ ရောက်ခဲ့ရပါတယ်။   ဒါဟာသမိုင်းတစ်ကွေ့ ဖြစ်သွားပါတော့တယ်။ 
ဒီနေရာမှာ    မြန်မာတိုင်းရင်းသားတွေအနေနဲ့ စောဒကတက်နိုင်လောက်တဲ့  ကိစ္စရှိပါတယ်။ အဲဒါ ဘာလဲဆိုရင်     မြန်မာဘုရင်     သီပေါမင်းနန်းချခံရပြီး “အထက် သီပေါမင်းအုပ်စိုးတော်မူသော မြန်မာနိုင်ငံ တော်ကို    ၎င်းဘုရင်က   ထပ်မံဆက်လက်၍    စိုးစံ အုပ်ချုပ်ရဦးမည်မဟုတ်။ ၎င်းနိုင်ငံနယ်မြေများသည် အသျှင်ဘုရင်မမင်းမြတ်ဘုရား၏    နိုင်ငံနယ်မြေ ဖြစ်လေပြီး အသျှင်ဘုရင်မ မင်းမြတ်ဘုရား  အလို တော်မြတ် ရှိစဉ်ကာလအတွင်းထိုနိုင်ငံကို     ဣန္ဒိယဘုရင်ခံမင်းမြတ်က   အခွင့် သင့်လျော်သည့်အခါ  မှူးမတ်အရာရှိ  ခန့်ထား၍  ၎င်းမှူးမတ်အရာရှိတို့ ကသာ   အုပ်ချုပ်စီရင်လိမ့်မည်”    ဟူ၍   ဖြစ်ရာ  အောင်ဆန်း-အက်တလီစာချုပ်ပါ အပိုဒ်တစ်ခုကဲ့သို့ စောဒကတက်စရာ ကောင်းတာ က- “မြန်မာပြည်မကြီးကတော့   ဗြိတိသျှကိုလိုနီ အောက်ရောက် သွားချေပြီ။  ကချင်၊ ချင်း၊ ရှမ်း စတဲ့  တောင်တန်းဒေသ တိုင်းရင်းသားများ အထူးညီလာခံ ကျင်းပပြီး  သူ့ကျွန်ဘဝရောက်နေတဲ့   ပြည်မနှင့်     ပေါင်းလို မပေါင်းလိုသည်ကို  ဆန္ဒယူဖို့လိုပါလိမ့်မယ် ဆိုပြီး    ဗြိတိသျှက    ဆန္ဒမယူခဲ့။  ဘယ်လိုအထူး ညီလာခံမှမလုပ်ဘဲ  မြေပြန့်တောင်ပေါ်  အားလုံး သိမ်းလိုက် တာဖြစ်ပါတယ်။   ဒါဟာ  နယ်ချဲ့စရိုက်   လက္ခဏာ၊ ကိုလိုနီရဲ့ စရိုက်လက္ခဏာပဲ ဖြစ်ပါတယ်။ 
n     “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ  ဒို့ပြည် ဒို့မြေ
    များလူခပ်သိမ်းငြိမ်းချမ်းစေဖို့    ခွင့်တူညီမျှ   ဝါဒဖြူစင်တဲ့ပြည် ဒို့ပြည်ဒို့မြေ၊ ပြည်ထောင်စု အမွေ       အမြဲတည်တံ့စေ     အဓိဋ္ဌာန်ပြုပေ ထိန်းသိမ်းစို့လေ”
၂၀ ရာစု  မြန်မာတို့ဟာ နိုင်ငံရေး၊   စီးပွားရေး၊ လူမှုရေး၊ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရ၊ နယ်ချဲ့ တို့ရဲ့ ဖိနှိပ်အုပ်ချုပ်မှုဒဏ်ကိုခံရ၊   အရင်းရှင်တို့ရဲ့ စီးပွားရေးလုပ်ငန်းသစ်တွေနဲ့  ကြုံတွေ့ခဲ့ရပါတယ်။ နယ်ချဲ့လက်အောက်ကနေ        လွတ်မြောက်ဖို့ စွန့်လွှတ်စွန့်စားခဲ့ကြသူ ကချင်ပြည်နယ်မှ ဖုန်ကန် ဒူးဝါးနဲ့  ဗိုလ်စော၊   ချင်းပြည်နယ်မှ   ကြွမ်ဘိခ်နဲ့ ရွှေဂျိုးဖြူမင်းသား၊ ရှမ်းပြည်နယ်မှ ဝန်းသိုစော်ဘွား ဦးအောင်မြတ်နဲ့ ဗိုလ်မင်းရောင်တို့ဟာ မော်ကွန်းဝင် များဖြစ်ခဲ့ပါတယ်။  သွေးချင်းတို့မြေဟာ   ဧရာဝတီ ရေလို မအေးမြ၊ မကြည်မလင်ဖြစ်ခဲ့ပါတော့တယ်။ တိုင်းရင်းသားလူထုဟာ ရိုးရာလယ်လုပ် ဓားမခုတ် စိုက်ပျိုးရေးအလုပ်နဲ့ ဘဝကို ရုန်းခဲ့ကြတာချည်းပဲ ဖြစ်ခဲ့ပါတယ်။ 
၁၉၃၈      ခုနှစ်က    အာရှမှာ     လူတစ်ဦးချင်း အချမ်းသာဆုံးနိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ မလေးရှားနဲ့ စင်ကာပူတို့ဟာ လွတ်လပ်ရေးမရသေး တဲ့ နိုင်ငံငယ်လေးတွေပဲ။  လွတ်လပ်ရေးရဖို့ မြန်မာ က ကြိုးပမ်းဆဲကာလ၊   (၉၁)  ဌာနအုပ်ချုပ်ရေးရလို့ အိန္ဒိယကခွဲထွက်ခွင့်ရကာ          အင်္ဂလိပ်အစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်ခံ     ဖြစ်ခဲ့ပါတယ်။    အထွေထွေ နောက်မကျရေး   လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ဖို့    လမ်းစမရခဲ့တဲ့ကာလဟာ   အင်္ဂလိပ် လက်အောက်ကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်  ဇန်နဝါရီ ၄ ရက်အထိလို့ ပြောရပါလိမ့်မယ်။ 
နှလုံးရည်အားဖြင့်     ဆရာကြီး သခင်ကိုယ်တော် မှိုင်း၊     အချုပ်တန်းဆရာဖေ    အစရှိတဲ့      မျိုးချစ် စာဆိုတော်ကြီးများကလည်း  မိမိပညာမနေသာဖြင့် တိုက်ပွဲဝင်ခဲ့ကြရင်း    ဝိုင်အမ်ဘီအေ၊     ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊           ဗမာ့ထွက်ရပ်ဂိုဏ်း၊ စစ်လက်နက်ကိုင်စွဲပြီး ကျူးကျော်လာတဲ့ နယ်ချဲ့ကို ဓားရေးလှံရေးနဲ့ ကြာရှည်ကာကွယ်နိုင်ဖို့ လွယ်ကူ လှတာမဟုတ်ရာ၊ ရဲဘော်သုံးကျိပ်တို့ဟာ ခရီးကြမ်း ကို    လျှောက်ခဲ့ကြရတယ်။  ထိုခေတ်   ထိုအချိန်က နိုင်ငံရေးလှုပ်ရှားမှုတွေဟာ တစ်နိုင်ငံလုံး တိုင်းရင်း သားအပေါင်း လွတ်လပ်ရေးအတွက် ကျောပိုးအိတ်ကို လွယ်၊    နိုင်ငံနဲ့လူမျိုး    လွတ်လပ်ဖို့    ကိုယ့်နိုင်ငံကို ကိုယ်တိုင်ကာကွယ်ဖို့   အသက်သွေးချွေးနဲ့   အချိန် တွေ ပေးခဲ့ကြရတယ်။ တစ်မျိုးသားလုံး ကောင်းစား ရေး ရှေးရှုခဲ့တာကို  ၂၁ ရာစု လူငယ်တွေဟာ နမူနာ ယူကြရလိမ့်မယ်။
အောင်ဆန်း-အက်တလီစာချုပ်
ဖတပလ   (ဖက်ဆစ်တိုက်ဖျက်ရေး၊     ပြည်သူ့ လွတ်လပ်ရေး)  ဖဆပလ    (ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး) စတဲ့ အဖွဲ့အစည်းများရဲ့ နိုင်ငံ ရေး၊ စစ်ရေးလှုပ်ရှားမှုကြီးတွေကြောင့် ဗြိတိသျှဟာ လွတ်လပ်ရေးပေးရမယ့် အခြေအနေ ရောက်လာရပါ တော့တယ်။ နိုင်ငံရေး၊ စစ်ရေးအသင့်ရှိနေတာကို မြင်တဲ့ ဗြိတိသျှဟာ လွတ်လပ်ရေးပေးရန်သာ   ရှိပါ တော့တယ်။ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆို ဖို့ဖြစ်ခဲ့ပါတော့တယ်။        ထိုစဉ်က        ယူကေနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟာ   အက်တလီ။   ဒါ့ကြောင့်    မြန်မာ ကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ဟာ ယူကေဝန်ကြီးချုပ် အက်တလီနဲ့ စာချုပ်  ချုပ်ရ ခြင်းဖြစ်ပါတယ်။
 Aung San-Atlee Agreement (27 January 1947)
His   Majesty’s  Government   and    the Delegation  of   the   Burma Executive Council having discussed   all  the   matters  affecting the  future   relations   between  Great  Britain and Burma which were raised by the Delegation have  reached the following agreed conclusions  as to the methods by which the people of  Burma may achieve their indepen-dence, either within or without the Common-wealth, as soon as possible: --
…….
10. Other Matters
A   number  of   other  questions will arise for    settlement   between   His     Majesty’s Government and the Government of Burma connected with the change in the status of Burma. These will be taken up as they arise and will deal with   in   the same friendly and cooperative spirit that has marked the present discussions.
Both  His  Majesty’s Government and the Delegates  of   the   Burma   Executive    Council are convinced that by  a  continuation of the present   method  towards   their   common objective of a free and independent Burma, whether   within  or    without   the      British Commonwealth of Nations,   and  they   have, therefore, agreed to cooperate in the settle-ment of all future matters  which shall arise between them through the transitional period until Burma’s new Constitution comes into operation.
R. ATLEE (Sd.) AUNG SAN
10. Downing Street, S.W. 1,
27th January 1947.
Note: The Hon. Thakin Ba Sein and the Hon.  U Saw are unable to associate  them-selves with these conclusions.
(Major parts of the Agreement are described here by the Author)
ဗြိတိသျှ        ပါလီမန်မှာအတိုက်အခံပါတီ ခေါင်းဆောင်      ဝင်စတန်ချာချီက      ဝန်ကြီးချုပ် အက်တလီကို    မြန်မာနိုင်ငံအား    အဆောတလျင် လွတ်လပ်ရေးပေးရကောင်းလားဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့တယ်လို့   ဖတ်ရှုရပါတယ်။  နိုင်ငံရေးအယူအဆ၊ အတွေးအခေါ်တွေ     အဖွဲ့အစည်းလူထုအတွင်းမှာ စိမ့်ဝင်ခဲ့ကာ      သွေးခွဲသပ်လျှိုမှုတွေကို       နိုင်ငံ ခေါင်းဆောင်တွေ ကြုံခဲ့ရတယ်။ လွတ်လပ်ရေးရဖို့ ကိစ္စမှာပင်       ဦးစောနဲ့    သခင်ဗစိန်တို့နှစ်ဦးဟာ သဘောကွဲခဲ့ကာ          လက်မှတ်မထိုးကြောင်း    အောင်ဆန်း - အက်တလီစာချုပ်မှာ တွေ့ရပါတယ်။    ပြည်တွင်းနိုင်ငံရေး  အင်အားစုတွေဟာ   အာဃာတ တွေ၊ မကျေမနပ်မှုတွေ ရှိခဲ့ပေလိမ့်မယ်။
အဲဒီစာချုပ်မှာ    တိုင်းရင်းသားတွေရဲ့  အထူး ညီလာခံကျင်းပပြီး     မြန်မာပြည်မနဲ့    ပူးပေါင်းလို တယ်၊ မပူးပေါင်းလိုဘူးကို ဆန္ဒရယူဖို့ဆိုတဲ့   အချက် ကို     စစ်စစ်ပေါက်ပေါက်သုံးသပ်ရရင်    အင်္ဂလိပ် နယ်ချဲ့တို့ဟာ   လွတ်လပ်ရေးပေးရတော့မယ့်ဆဲဆဲ တောင်တန်းဒေသတွေကို           ချန်လှပ်ထားပြီး     တို့ဆက်လက်အုပ်ချုပ်ဦးမယ်ဆိုတဲ့ သဘောဆောင် ပါတယ်။ 
အားလုံး သိပြီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ   ကချင်၊  ချင်း၊    ရှမ်းစတဲ့      တိုင်းရင်းသား ခေါင်းဆောင်   ၂၃   ဦးဟာ    တစည်းတလုံးတည်း နေထိုင်ကြတော့မယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ၁၉၄၇  ခုနှစ် ဖေဖော်ဝါရီ    ၁၂  ရက်မှာ   လက်မှတ်ရေးထိုးခဲ့ရာ ပင်လုံညီလာခံဟာ မြေပြန့်သားတွေနဲ့ တောင်တန်း သားတွေရဲ့         အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့တဲ့ ထင်ရှားတဲ့ မှတ်တိုင်ကြီး တစ်ခု ဖြစ်ပါတယ်။  
ရေဟာ ဓာတ်သဘောအရ   အလွန်တည်မြဲပြီး ကြည်လင်နေတယ်။  သတ္တလောက၊   ရုက္ခလောက ရှင်သန်ကြီးထွားရေးအတွက်    မရှိမဖြစ်။   ဓာတ် သဘောအရ      အပူကို    စုပ်ယူအားကောင်းတယ်။ အေးတဲ့အခါ   အစိုင်အခဲအဖြစ် အတည်တကျ သူ့ နေရာနဲ့ သူရှိနေတဲ့ သဘောရှိတယ်။ အပူလွန်ကဲရင် အငွေ့ပျံရုံသာဖြစ်ပြီး  တစ်သက်လုံး ကွဲကွာသွားတာ မဟုတ်၊ ပြန်လည်စုစည်းကာ ရေအဖြစ်   ပြန်လည် ရောက်တာချည်းဖြစ်လို့ စုစည်းလာတယ်၊  စည်းလုံး လာတဲ့ သဘောရှိတယ်။ 
၁၉၄၇   ခုနှစ်  ဇူလိုင်   ၁၉  ရက်မှာ   ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ  ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရတဲ့အတွက်  ဝမ်းနည်းပက်လက်ဖြစ်ရတဲ့ မြန်မာ တို့ဟာ သခင်မဲ့၊   အရှင်သခင်မဲ့ဘဝနဲ့ ဘုံရန်သူကို ရှာမတွေ့ဘဲဖြစ်ရပါတယ်။   ၁၉၄၈  ခုနှစ် ဇန်နဝါရီ ၄   ရက်မှာ    မြန်မာနိုင်ငံဟာ  လုံးဝလွတ်လပ်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။    နိုင်ငံရေးဝါဒစွဲ၊    ဂိုဏ်းဂဏစွဲ၊ လူမျိုးရေးစွဲ၊    ဘာသာရေးစွဲတွေလို့    ဆိုရမလိုပါပဲ၊ လွတ်လပ်ရေးရပြီး နှစ်လသုံးလအတွင်းမှာ ပြည်တွင်း စစ်မီးတောက်ခဲ့ပါတယ်။ 
၂၀    ရာစု   မြန်မာနိုင်ငံသမိုင်းကို    ကြည့်ရင် ရံဖန်ရံခါဆိုသလို   ပြည်ထောင်စုကြီး     ပြိုကွဲရေး ဆီကို တွန်းပို့တဲ့ ခြိမ်းခြောက်မှုတွေကြုံခဲ့ပါတယ်။ ၂၀   ရာစုနှောင်းပိုင်း    အထိပါပဲ။    ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းကြောင်းပေါ်ကို မရောက်၊ ပညာရေး၊ ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊  စီးပွားရေး  ထင်သလောက်  ခရီး မပေါက်၊       တိုင်းပြည်ဟာ       အထနှေးခဲ့ပါတယ်။ လွတ်လပ်ရေးအတွက်   အတူတကွ   လက်တွဲခဲ့ကြ တဲ့ခေါင်းဆောင်တွေရဲ့       ဝါဒရေးရာ၊    လူမျိုးရေး၊ ဘာသာရေး အယူအဆအမျိုးမျိုးကြောင့် ပြည်သူ ဟာ မြေဇာပင်လို   ဖြစ်ခဲ့ရပါတယ်။   ဘေးပယောဂ တွေရှိခဲ့တာက တစ်မှောင့်၊ အမျိုးသားရေး ဝိသေသ လက္ခဏာတွေကို သတိလက်လွတ်တဲ့ သဘောဆောင် ခဲ့ပါလိမ့်မယ်။     အားကောင်းမောင်းသန်တွေဟာ အဟောသိကံဖြစ်ခဲ့ရပါတယ်။ နိုင်ငံရဲ့ကာကွယ်ရေး တပ်မတော်ဟာ   သွေးချင်းညီအစ်ကို   အချင်းချင်း စစ်ခင်းကြရပြန်တယ်။ 
ခေတ်သစ်၊         ခေတ်ဟောင်း   ကိုလိုနီနယ်ချဲ့ရဲ့ စရိုက်လက္ခဏာဟာ       ပြောင်းလဲကျင့်သုံးစရာ အကြောင်းမရှိလှ၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် သေရ တဲ့ (One Stone Two Birds)  မဟာစီမံကိန်းပဲလို့ ပြောရမလိုဖြစ်နေပြီ။ “ကြက်လည်းမော ယာလည်း ညက်ရင်” ပြီးတာပါပဲဆိုတဲ့   အဓိပ္ပာယ်ဆောင်ပါ တယ်။ 
အိုမြန်မာတို့ . . . ကောင်းမွေပေးနိုင်အောင် လုပ်ကြ
ရှေးယခင်က သမိုင်းရဲ့ ဆိုးမွေတွေကို ပြန်လည် ပြီးသွားဖို့မဟုတ်။     ကိုယ့်သမိုင်းကိုကြည့်၊   အစစ အရာရာဖြစ်ပေါ်ပြောင်းလဲမှုကိုကြည့်၊ သင်ခန်းစာ ယူပြီး ကောင်းမွေပေးနိုင်အောင်  လုပ်ကြရပေလိမ့် မယ်။ ရွှေဥမင်ဆရာတော်ဘုရားကြီးက “မှားတာကို မကြောက်၊   မှားမှန်းမသိတာကို  ကြောက်၏”  လို့ မြွက်ကြားပါတယ်။ အလွန်လိုက်နာ မှတ်သားစရာ ကောင်းလှပါတယ်။ “သမိုင်းကို သတိမရကြလျှင်၊ ဒုတိယ တစ်ကျော့ပြန်တတ်၏။  မှားတတ်၏။ သမိုင်း ဆိုသည်မှာ သတိရနေမှဖြစ်မယ်၊ သိနေမှဖြစ်မယ်။” 
လောကဇာတ်ခုံကား အစမှအဆုံး သာယာနေ မှာ မဟုတ်၊ ငိုပွဲရွှင်ပွဲရှိစမြဲ။   ဘဝနဲ့   မကင်းကွာသူ ဟူသရွေ့ ငိုပွဲတစ်ခန်း၊ ရွှင်ပွဲတစ်ခန်း   တွေ့ရမှာသာ ဖြစ်တယ်။  ဘယ်လိုပွဲနဲ့  တွေ့ရတာဖြစ်စေ အားရှိရှိ နဲ့    တွေ့ကြခြင်းသာလျှင်  စိတ်ဓာတ်ရဲ့   သန့်စင် တည်ကြည်ခိုင်မြဲရေးကို           တောင့်တင်းလျက် ဒီမိုကရေစီနဲ့     ဖက်ဒရယ်စနစ်ကို      အခြေခံတဲ့   ပြည်ထောင်စုကြီး  တည်ဆောက်ရေးမှာ   ခြေလှမ်း မှန်မှန်နဲ့  ချီတက်နိုင်ကြပါစေ။ လောကီလောကုတ္တရာ နှစ်ဖြာနဲ့ ကျော်လွှားခြင်းဖြင့် အေးချမ်းသာယာတဲ့ ဘဝကို   မျက်မှောက်ပြုနိုင်ကြပါစေလို့ ဆုတောင်း ရပါလိမ့်မယ်။       
ကိုယ့်တိုင်းဒေသကြီး၊ ကိုယ့်ပြည်နယ်တစ်ခွင်မှာ ဘဝသစ်ဖန်တီးနိုင်မယ့် အမြော်အမြင် ကြီးမားတဲ့၊ ကြံရည်ဖန်ရည်ရှိတဲ့      လူ့စွမ်းအားအရင်းအမြစ် လိုအပ်တယ်ဆိုတာ ယနေ့အချိန်အခါမှာ  ပိုပြီးမြင် တွေ့နေရပါပြီ။   ရွေးချယ်စရာ   လမ်းနှစ်သွယ်ရှိပါ တယ်။ တစ်ခုက   “ပိုနေမြဲ    ကျားနေမြဲ”   ဆိုသလို လက်ရှိဘဝအခြေအနေကို   ပျော်သလိုနေကြဖို့ပဲ။ သမားရိုးကျ နည်းနဲ့ဆိုရင် ဘယ်ကိစ္စမှ မည်မည်ရရ ဖြစ်ထွန်းနိုင်မှာမဟုတ်။  ဘာကြောင့်ပါလဲ၊   လုပ်ရိုး လုပ်စဉ်၊ မိရိုးဖလာအတိုင်း လုပ်လို့မရတဲ့ခေတ်ထဲမှာ ရောက်နေလို့ပါပဲ။ 
နောက်လမ်းသွယ်တစ်ခုက   ၂၀၃၀  ပြည့်နှစ်မှာ နိုင်ငံ့အင်အား တောင့်တင်းဖို့ လူသားအရင်းအမြစ် မှန်သမျှကို အဖိုးတန်သထက်  တန်အောင်   ပြည်သူ တွေ တစ်သက်တာလုံး သင်ယူနေကြရဦးမယ်။ ပညာ လွှမ်းမိုးတဲ့    လူ့အဖွဲ့အစည်းဖြစ်ဖို့    တစ်သက်တာ သင်ယူနေတဲ့   လူ့အဖွဲ့အစည်းဖြစ်ဖို့   မျှော်မှန်းပြီး အားထုတ်နေကြရမှာ ဖြစ်ပါတယ်။ အရှေ့၊ အနောက် ကို    မမျှော်လေနဲ့။ တိုင်းရင်းသားအပေါင်းက တညီ တညွတ် ကိုယ်ထူကိုယ်ထပြုကြ၊ ရေရှည်အကျိုးကို မျှော်ကိုးပြီး ပြည်ထောင်စုရဲ့ အနာဂတ်ခရီးကို ကိုယ့် အား ကိုယ်ကိုးလျှောက်ကြရပါမယ်။ ၂၁ ရာစု ပညာ ခေတ်မှာ    ပညာတတ်၊   အရည်အချင်းပြည့်ဝသူ၊ ဗလငါးတန်ပြည့်ဝသူတို့ကသာ         တိုင်းပြည်ရဲ့ အပြောင်းအလဲကို ပြုလုပ်နိုင်ပါလိမ့်မယ်။           
စီးပွားရေးမျက်စိနဲ့ကြည့်ရင်   ကမ္ဘာ့ဈေးကွက် ကြီးရယ်လို့ ခေါ်နိုင်တဲ့ အဝန်းအဝိုင်းထဲမှာ မြန်မာ နိုင်ငံရှိနေပါတယ်။ မြန်မာ့သယံဇာတကတော့ တစ်ပုံ တစ်ခေါင်းကြီးလို့ ပြောရလောက်အောင် မြန်မာနိုင်ငံ အလယ်အူကြောင်းက ဧရာဝတီမြစ်    ရေကြောကြီးပဲ။   ဧရာဝတီဟာ နှစ်ပေါင်းသန်းချီပြီး     မြန်မာနိုင်ငံ    မြောက်ဖျား၊ ရခိုင်ရိုးမတောင်တန်းနဲ့ ရှမ်းကုန်းပြင်မြင့်ကြားက မြန်မာပြည်တောင်ပိုင်း အိန္ဒိယသမုဒ္ဒရာသို့   စီးဆင်းတာ ယနေ့ထိဖြစ်တယ်။    အမြဲစွတ်စိုလျက်ရှိတာက စစ်တောင်းမြစ်နဲ့ အရှေ့ဘက်ခြမ်းက သံလွင်မြစ်ကြီး တို့ပဲ။ ဒီမြစ်ကြီးသုံးသွယ်ဟာ   မြန်မာတို့အတွက်  ချမ်းသာဖို့ပဲ။    စိုက်ပျိုးရေနဲ့   သောက်သုံးရေအထိ သုံးနိုင်တာမို့ စံချိန်ရေ  အရင်းအမြစ်ပါ။ သုံးတတ်ရင် အဖိုးအနဂ္ဃတန်ပါတယ်။   နည်းပညာနည်းရင်၊ ပညာနည်းရင်တော့  ပင်လယ်ထဲစီးဆင်း သွားတာပဲ အဖတ်တင်ပါမယ်။  ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့   ပညာ လိုအပ်တယ်ဆိုတာ     ပြောဖွယ်ရာမလိုတော့ပြီ။ ဒီလိုခေတ်အခြေအနေမှာ    သိပ္ပံပညာနည်းပညာ၊ စိုက်ပျိုးရေး၊   စီးပွားရေးဘွဲ့ရတွေဟာ      ကိုယ်ပိုင် စီးပွားရေးကုမ္ပဏီကြီးတွေ    တည်ထောင်၊     ဘဏ် လုပ်ငန်းကြီးတွေ   တည်ထောင်၊   ရေနံကုမ္ပဏီကြီး တွေတည်ထောင်ဖို့      တာစူရမယ်။    အလုပ်လုပ်ဖို့ ပညာသင်ရမယ်။ ဒီလိုဆိုရင် မြန်မာ့အနာဂတ်ဟာ သေချာရေရာပါမယ်။ 
အနှစ်ချုပ်ကို       တင်ပြရရင်    အမျိုးသားရေး ဝိသေသများဖြစ်တဲ့- နှစ်ပေါင်းထောင်သောင်းမက အေးအတူ ၊ ပူအမျှ အတူတကွ နေထိုင်လာခဲ့ကြတဲ့ တိုင်းရင်းသားညီအစ်ကိုတစ်တွေ အတူလက်တွဲကာ ရှေ့ခရီးကို ပျော်ပျော်ပါးပါးနဲ့  လျှောက်လမ်းကြရ လိမ့်မယ်။  ဘဝသစ်မှာ ကိုယ်စိတ်နှစ်ဖြာအေးချမ်းဖို့ပဲ၊ ခေါင်းပုံမဖြတ်၊  အကြမ်းမဖက်တဲ့ လူ့အသိုင်းအဝိုင်း တည်ထောင်နိုင်ဖို့ပဲ  ဖြစ်ပါတယ်။ မေတ္တာနဲ့ ဉာဏ် အမြော်အမြင်ဟာ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီး ဖော်ဆောင်ပါလိမ့်မယ်။  ဒါကြောင့်   တိုင်းရင်းသား အပေါင်းဟာ  ဘယ်သူဘယ်ဝါဖြစ်ဖြစ်  လူ့ဘဝရလာ သခိုက်မှာ    လောကီလောကုတ္တရာ    နှစ်ဖြာသော အကျိုးအတွက်    အေးအတူ၊   ပူအမျှနေထိုင်ကြပြီး အတ္တနဲ့ပရ   မျှမျှတတနဲ့ တိုင်းပြည်ရဲ့တာဝန်နဲ့ မိမိ ခန္ဓာဝန်ကိုလည်း ထမ်းဆောင်ကြရပေလိမ့်မယ်။
စစ်မှန်     စည်းကမ်းပြည့်ဝတဲ့     ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့           ပြည်ထောင်စု တည်ဆောက်ရေးလမ်းကြောင်းဟာ          မြန်မာ တိုင်းရင်းသားလူမျိုး ရှစ်မျိုး၊ မျိုးနွယ်စုပေါင်း ၁၃၅ မျိုးကျော်အတွက်    တောင်ပေါ်မြေပြန့်    မကွဲမပြား မခြားနားဘဲ    ငြိမ်းချမ်းသာယာစေမယ်၊    စည်ပင် ဝပြောမယ်၊ ဖွံ့ဖြိုးတိုးတက်စေမယ်။ သူသူကိုယ်ကိုယ် အတိတ်သမိုင်းကြောင်းက   အမှားတွေကို   သင်ပုန်း ချေနိုင်လိမ့်မယ်။    တည်ငြိမ်ခံ့ညား     မြင့်မား‌တဲ့   တောင်တန်းကြီးတွေနဲ့ ဒီတောင်တန်းများကြားက တသွင်သွင်စီးဆင်းနေတဲ့    ဧရာဝတီ၊     သံလွင်၊ စစ်တောင်းမြစ်တို့ကို အကြောင်းပြုပြီး တိုင်းရင်းသား အပေါင်းဟာ         စုပေါင်းနေထိုင်ခဲ့ကြပြီဖြစ်လို့ ကြည်လင်အေးမြတဲ့   ဧရာဝတီရေကို    သောက်ပြီး အနာဂတ်သမိုင်းသစ်ကို       ရေးကြပါစို့လားလို့ ရေးသားတင်ပြအပ်ပါတယ်။      

ကျမ်းကိုး -     
r    ၂၀ ရာစု မြန်မာနိုင်ငံ၊ အမျိုးသား လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဇန်နဝါရီလ ၂၀၀၂ ခုနှစ် 
r     Myanmar: Facts and Figures; Published by Ministry of Information, Myanmar, March, 2000
r    ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြားရေး ဝန်ကြီးဌာန
r    မကြန်-သမိုင်းရှာပုံတော်ခရီးနှင့်   အခြားစာတမ်းများ၊   မြရတနာစာပေ၊  စာစဉ်  (၁) ၂၀၀၂ ခုနှစ် 
r     Asia Pacific:  Its Role in the new World Order, (Myanmar Burma) by MS Dobbs – Higginson, New Light of Myanmar, 1998