ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ်

 

နေပြည်တော်   ဇွန်   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည်   ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ခွန်ထွန်းတင် ဦးဆောင် သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား   ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ   ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌   တွေ့ဆုံ၍  ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသည်။

 


အဆိုပါ      ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး  ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယ ဥက္ကဋ္ဌ(၁) နှင့်အတူ      တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်းနှင့်     ဗဟိုကော်မတီဝင်  ခွန်ဇွဲထိုရ်တို့ တက်ရောက်ကြသည်။

 


ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင်  ပြည်ထောင်စု နိုင်ငံတော်အတွင်း၌     လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး    ငြိမ်းချမ်းမှုရှိစေရေးအတွက်   ခေတ် အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်   အခြေ အနေ၊   ပါတီစုံဒီမိုကရေစီစနစ်ကို   လျှောက်လှမ်းရာ တွင် နိုင်ငံရေးအရ  သဘောထားကွဲလွဲမှုများရှိမည်ဖြစ်သော်လည်း  ငြိမ်းချမ်းသည့်     နည်းလမ်းဖြင့် သာ   ဖြေရှင်းဆောင်ရွက်ရန်လိုသည့်    အခြေအနေ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏  တောင်းဆိုချက်များ၊ ဒေသနှင့် တိုင်းပြည်အတွက်  အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို      ပွင့်လင်းစွာဖြင့် အကျေအလည် ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု အကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်သွားကြရန်လိုသည့်        အခြေအနေ၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီ စနစ်  ကျင့်သုံးဆောင်ရွက်ရေးဆိုင်ရာ  ကိစ္စရပ်များ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  ရှင်းလင်းဆွေးနွေးပြော ကြားသည်။ 

 


ထို့နောက်  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ  ဒုတိယဥက္ကဋ္ဌ (၁)နှင့် အဖွဲ့ဝင် များက ယခုကဲ့သို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ သို့ ပါဝင်ဆွေးနွေးခွင့်ရသည့်အတွက်   အထူးကျေးဇူး တင်ရှိသည့်   အခြေအနေ၊     ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်   (PNLO)   အနေဖြင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့်   ဖြေရှင်းဆောင်ရွက် ခြင်းကို အစဉ်လက်ခံထားသည့်     အခြေအနေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊  ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေးနှင့်ပတ်သက်၍  သဘောထားတူညီချက်အမြင် များကို ပြန်လည်ဆွေးနွေးပြီး  ဒေသဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများကို    တင်ပြသည်။     ယင်းနောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊   ဒေသဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များနှင့်  ပတ်သက်၍  နှစ်ဖက်အမြင် များကို   ရင်းနှီးပွင့်လင်းစွာ   အပြန်အလှန်  ဆွေးနွေး ခဲ့ကြသည်။ 

 


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှဒုတိယ ဥက္ကဋ္ဌ(၁)နှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ရာ   ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ  ဒုတိယဥက္ကဋ္ဌ(၁)က ဒေသထွက် လက်ဆောင်ပစ္စည်းများကို ပြန်လည် ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 


အဆိုပါ    ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သည့် အဖွဲ့သည်    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖွဲ့စည်းပေးထားသည့်  ကောင်စီဝင်များပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီတို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း   သတင်း ရရှိသည်။                                        

သတင်းစဉ်