ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

 

နေပြည်တော်   ဇူလိုင်    ၂


မိုးရာသီပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန  ၂၀၂၂ ခုနှစ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲတွင်  နေပြည်တော်ရှိ   အခွန်အယူခံခုံအဖွဲ့ရုံး၌ ကျင်းပသည်။

 


သစ်ပင်စိုက်ပျိုးပွဲသို့  ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန (၁)  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊   ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန(၂)    ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊   ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ် ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အခွန်အယူခံခုံအဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

 


အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးများ၊ တက်ရောက် လာကြသည့်    ဧည့်သည်တော်များနှင့်  ဝန်ထမ်းများက နှစ်ရှည်ပင်၊ အရိပ်ရပင်၊ အလှပန်းပင်နှင့် ပျိုးပင် စုစုပေါင်း ၂၄၀ တို့ကို  စိုက်ပျိုးပေးကြပြီး  ပြည်ထောင်စုဝန်ကြီးနှင့်  ဧည့်သည်တော်များက ဝန်ထမ်းများ  သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

 


ထို့နောက်    တက်ရောက်လာကြသည့်    ဧည့်သည်တော်များကို အမှတ်တရလက်ဆောင်အဖြစ် Indoor Plant များကို ပေးအပ်ခဲ့ကြောင်း သိရသည်။                                                                

သတင်းစဉ်