ပြည်ထောင်စု၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခန္တီးမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဇွန်   ၃၀


နယ်စပ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် စစ်ကိုင်း တိုင်းဒေသကြီး  လူမှုရေးဝန်ကြီး   ဦးအေးလှိုင်နှင့် အတူ ဇွန် ၂၇ ရက် ညနေပိုင်းတွင်  နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့သို့ ရောက်ရှိသည်။

 


လိုအပ်သည်များ မှာကြား


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၈ ရက် နံနက်ပိုင်းတွင်     အိန္ဒိယနိုင်ငံ၏      အကူအညီနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် လဟယ်မြို့နယ်  လဟယ် - လောင်ကျန်းနောက် ကုန်းမြေလမ်း ၁၀ မိုင် ပြုပြင်ထိန်းသိမ်းခြင်း၊ Box Culvert ၁၀ စင်း၊ အဆိုပါလမ်းပေါ်ရှိ ပေ ၄၀ ဘေလီ တံတား တစ်စင်းနှင့်ပေ ၂၀ ဘေလီတံတား တစ်စင်း ဆောင်ရွက်ပြီးစီးခဲ့သည့်   လုပ်ငန်းခွင်သို့ရောက်ရှိ ခဲ့ရာ ရှင်းလင်းဆောင်၌ တာဝန်ခံ အင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား သည်။ 

 


အကောင်အထည်ဖော်ဆောင်ရွက်


ထို့နောက်  လဟယ် - နန်းယွန်းလမ်းပိုင်းနှင့် ဆက်စပ်၍ လမ်း/တံတား လုပ်ငန်းဆောင်ရွက်ပြီးစီး မှုကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ အား ဒေသခံပြည်သူများ ရာသီမရွေး သွားလာနိုင်ရန်၊ လိုအပ်သည့်နေရာများတွင်   တံတားများ၊   Box Culvert များ ထည့်သွင်းတည်ဆောက်ရန်၊ အတက်/ အဆင်း  မတ်စောက်သည့်  လမ်းပိုင်းနေရာများကို ပြေပြစ်မှုရှိစေရန် လမ်းအူကြောင်း ရှာဖွေ၍ အမြန် ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် မှာကြားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လဟယ်မြို့နယ် အမျိုးသမီးအိမ်တွင်း မှု     သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး မှ   ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊   နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ     ဖွံ့ဖြိုးရေးသင်တန်း ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းတို့၏ ကျောင်းအုပ်များက ရှင်းလင်းတင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ၍ အမှာစကားပြောကြားသည်။

 

ထို့နောက် သင်တန်း သူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အိပ်ဆောင်၊ စားရိပ်သာ၊    တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 


ဖြည့်ဆည်းဆောင်ရွက်


ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ  ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ ကျောင်းဝတ်စုံနှင့်   ဗလာစာအုပ်များ    ထောက်ပံ့ ပေးအပ်ကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင် စု   ခွင့်ပြုရန်ပုံငွေဖြင့်   ဆောင်ရွက်မည့်    သုံးထပ် ကျောင်းသား      အိပ်ဆောင်တည်ဆောက်မည့် မြေနေရာနှင့် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။

 


ကြည့်ရှုလေ့လာ 


ဆက်လက်၍  အစိုးရနည်းပညာ   အထက်တန်း ကျောင်း(လဟယ်)   ဆောက်လုပ်နေမှုကို    ကြည့်ရှု လေ့လာခဲ့ပြီး ညနေပိုင်းတွင် လဟယ်မြို့ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်း­­များသို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော်အား ဖူးမြော်ကာ ဆန်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခဲ့သည်။

 


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၉ ရက် နံနက်ပိုင်းတွင် နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုခန်းမ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊   ဒေသခံ    တိုင်းရင်းသားပြည်သူများ၊ ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ ၍   နာဂဒေသတည်ငြိမ်အေးချမ်းရေးနှင့်    ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ   ကိစ္စရပ်များကို   ရှင်းလင်း ဆွေးနွေးမှာကြားခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့လှူဒါန်းသည့် ဆန်အိတ် ၁၀၀၊ ဆိုလာ အစုံ ၁၀၀၊ ကျောင်းဝတ်စုံ ဖြူ/စိမ်း အစုံ ၃၀၀ ၊ ဗလာစာအုပ် ဒါဇင်   ၃၀၀  တို့ကို   တာဝန်ရှိသူ  အသီးသီးတို့ထံ ပေးအပ်ခဲ့ရာ (ဝဲပုံ)   ဒေသခံတစ်ဦးက   ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

 


ချီးမြှင့်ငွေများ ပေးအပ်


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လဟယ်မြို့နယ်  ပြည်သူ့ဆေးရုံသို့  သွားရောက် ကြည့်ရှုခဲ့ပြီး   လိုအပ်သည်များ   တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးကာ တာဝန်ထမ်းဆောင် နေသည့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ 

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လဟယ် မြို့နယ်၊ လေရှီးမြို့နယ်နှင့် ခန္တီးမြို့နယ်ကိုအချိန်တိုအတွင်း   ဆက်သွယ်သွားလာနိုင်စေရန် အတွက် မြို့နယ်ချင်းဆက်လမ်းများ လာမည့်ဘဏ္ဍာ နှစ်များအတွင်း      လျာထားဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇွန် ၃၀ ရက် နံနက်ပိုင်းတွင်   ခန္တီးမြို့   အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း     ပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ခန္တီး မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း   အမှာစကားပြောကြား၍   ကျောင်းသုံးဗလာ စာအုပ်များနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ် ကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

 


ယင်းနောက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ  ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့်  ခန္တီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝင်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။                    

သတင်းစဉ်