ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊  နှစ်သစ်ကူးအကြိုစုပေါင်းသွေးလှူဒါန်း

 

 

နေပြည်တော်   ဒီဇင်ဘာ  ၆
ပြည်ထဲရေးဝန်ကြီးဌာန၏  ၂၀၂၂  ခုနှစ်၊  နှစ်သစ်ကူး အကြို    စုပေါင်းသွေးလှူဒါန်းပွဲကို   ယနေ့မွန်းလွဲ  ၂   နာရီတွင် နေပြည်တော်ရှိ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင်- ၁၀၀၀) ၌ ကျင်းပသည်။
အားပေးစကားများ ပြောကြား
စုပေါင်းသွေးလှူဒါန်းပွဲသို့   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ          အဖွဲ့ဝင်  ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး   စိုးထွဋ်၊  ဒုတိယဝန်ကြီးများ၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြ ပြီး  သွေးလှူဒါန်း ခဲ့ကြသောဝန်ထမ်းများနှင့်     မိသားစုဝင်များအား          အားပေးစကားများ ပြောကြားကြသည်။
စုပေါင်းသွေးလှူဒါန်း
အဆိုပါ သွေးလှူဒါန်းပွဲတွင်  ပြည်ထဲရေး ဝန်ကြီးဌာနရှိ         တပ်ဖွဲ့/ဦးစီးဌာနများမှ သွေးလှူရှင်  ၇၇  ဦး စုပေါင်းသွေးလှူဒါန်းခဲ့ ကြကြောင်း သိရသည်။            သတင်းစဉ်