
နေပြည်တော် မေ ၂၈
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ပခန်းကျောင်းတိုက်သို့ လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီး ပဲခူး မြို့နယ်ရှိ ဝင်းနိမ္မိတာရုံစာသင် တိုက်သို့ လည်းကောင်း၊ မွန် ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ မဟာမေဃဝံ ကျောင်းတိုက်သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ မြို့မကျောင်း တိုက်သို့ လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်ရှိ နန်းတော်ဦးကျောင်း တိုက်သို့ လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မြို့လယ်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာ တော်များအတွက် ဆွမ်းဆန်တော် များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ကြကြောင်း သိရသည်။
သတင်းစဉ်